) “ အမေရိကန်မှလွဲ၍ မည်သူမဆို “ ဥပဒေသကြီးကို အိမ်ဖြူတော်နှင့် ပင်တာဂွန်တို့ပြသ။ အာဖဂန်စစ်ရာဇဝတ်မှု့တရားခံ ၂-ဦးကို ဒေါ်နယ်ထရမ့် လွတ်ငြိမ်းချမ်းသာခွင့်ပေး။ အမေရိကန်က ခြိမ်းခြောက်သဖြင့် ICJ ဝါရင့်တရားသူကြီး ရာထူးမှ နှုတ်ထွက်ခဲ့

အာဖဂန်နစ္စတန်တွင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် တရားစွဲဆိုခြင်းခံရသော အမေရိကန်တပ်ဖွဲ့ဝင် ၂ -ဦး ကို သမ္မတဒေါ်နယ်ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြင့် ပင်တာဂွန်၏ ကိုယ်တိုင် စစ်ဖက်တရားစီရင်ရေးသည် ကမ္ဘာ့အမြင့်ဆုံးဖြစ်သော နိုင်ငံတကာရာဇဝတ်တရားရုံး ICC ပင်လျှင် လက်လျှော့ရမည့် အခြေဆိုက်လျှက်ရှိကြောင်း Russia Today က နိုဝင်ဘာ – ၁၆ ရက်နေ့၌ ရေးသားသည်။

အာဖဂန်တွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုအတွက် ပြစ်ဒါဏ်ကျခံနေရသော အမေရိကန်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရုံးတင်တရားစွဲခြင်းခံနေရသော အခြားတပ်ဖွဲ့ဝင်တစ်ဦးတို့ကို အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုဝင်ဘာ ၁၄-ရက်နေ့ သမ္မတ၏အမိန့်ပြန်တမ်း၌ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးပေးခဲ့သည်ဆို၏။

တစ်ပြိုင်နက်တည်းမှာ ယခုနှစ်စောစောပိုင်း စစ်ရာဇဝတ်မှု့ဖြင့် ရာထူးချထားခြင်းခံရသော အမေရိကန် နေဗီဆီးလ်တပ်ဖွဲ့ဝင်တစ်ဦးကို ၎င်း၏ မူလရာထူးအတိုင်း ပြန်လည်ခန့်အပ်ကြောင်း အမိန့်၌ပါ ပူးတွဲရေးထိုးပေးခဲ့ကြောင်း သိရှိရသည်။

အာဖဂန်တွင် အမေရိကန်စစ်သားများ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု့စွပ်စွဲချက်များကို ကြားနာမည့် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ကုလသမဂ္ဂနိုင်ငံတကာတရားခုံရုံး ICJ တရားသူကြီးတစ်ဦးမှာ အမေရိကန်၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်ရပြီးနောက် ရာထူးမှ နှုတ်ထွက်သွားခဲ့ကြောင်း South China Morning Post ၏ သတင်းတစ်ပုဒ် ( ဇန်နဝါရီ ၂၉၊ ၂၀၁၉ ) တွင် တွေ့ရှိရသည်။

ဂျာမနီနိုင်ငံမှ တရားသူကြီး ခရစ်စ်တော့ဖာလူဂဲ Christoph Flugge သည် တူရကီနှင့် အမေရိကန်အစိုးရ၏ နိုင်ငံရေးဝန်ရောက်စွက်ဖက်မှုများအား ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နှုတ်ထွက်သွားခြင်းဖြစ်သည်။

အသက် ၇၂-နှစ်အရွယ် တရားသူကြီး ဖာလူဂဲ ( ဂျာမနီ ) သည် ၂၀၀၈-ခုနှစ် နိုင်ငံတကာတရားခုံရုံး ICC ၏ ယခင်ယူဂိုဆလားဗီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (International Criminal Tribunal for the Former Yugoslavia (ICTY) ဖွဲ့စည်းစဉ်ကတည်းက အမြဲတန်း တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့် အကြီးတန်း တရားရေး ဥပဒေပညာရှင်ဖြစ်သည်။

အာဖဂန်တွင် အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်တို့က စစ်ရာဇဝတ်များကျူးလွန်သည်ဟု စွပ်စွဲချက်အပေါ် စုံစမ်း စစ်ဆေးမည့် အစီအစဉ်အား အိမ်ဖြူတော်က ဟန့်တားနှောက်ယှက်လျှက်ရှိသည်ဟု ဖာလူဂဲက ပြောဆိုသည်။

ထို့ပြင် ကုလသမဂ္ဂတရားခုံရုံး ယန္တယား၌ တာဝန်ထမ်းဆောင်နေသော တူရကီ တရားသူကြီးအား အာဒိုဂန်အစိုးရက အခွင့်အာဏာသုံးကာ ရာထူးမှ ရပ်ဆိုင်းစေခြင်း၊ ထို့နောက် အစ္စတန်ဘူ၏ မအောင်မြင်သော အာဏာသိမ်းမှု့ တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံ နေသော ဖာသူလာဂူလမ်နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းစသည်တိုဖြင့် ၎င်း၏ ဖြောင့်မှန်စွာတရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်သည်ကို ရှုတ်ချကန့်ကွက်သည့် အနေဖြင့် ရာထူးမှ နှုတ်ထွက်ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြသည်။

((( Russia Today., 16 Nov, 2019, “Make Americans exceptional again? Trump trumps Pentagon, pardons 2 Army officers charged with war crimes.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/usa/473591-trump-pardons-officers-war-crimes/

https://www.scmp.com/news/world/europe/article/2184039/icc-judge-quits-christoph-flugge-cites-shocking-political

#အမရေိကနျအာဖဂနျစဈရာဇဝတျမှု #စဈရာဇဝတျတရားခံအိမျဖွူတောျလှတျငွိမျး #ICC #ICJတရားသူကွီး

0

Leave a Reply

Your email address will not be published.