အများဆုံး လူသေဆုံးမှု ၂-ရက်ဆက်တိုက်ကြုံတွေ့ရပြီးနောက် လက်ရှိ Lockdown ပြဋ္ဌာန်းမှု ကို အပြင်းထန်ဆုံးအဆင့်ထိ တင်းကြပ်ရန် ဘင်္ဂလားဒေ့ရှ်ပြင်ဆင်။ ယာယီအလုပ်လက်မဲ့တို့ကို ငွေကြေးနှင့် စားနပ်ရိက္ခာကူညီရေး ရှိတ်ဟာစီနာ ညွှန်ကြား။ အင်ဒိုနီးရှား၌လည်း အလားတူတင်းကြပ်မည်


ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ၂၄-နာရီအတွင်း အများဆုံးလူသေဆုံးမှုအား ၂-ရက် ဆက်တိုက် ကြုံတွေ့နေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် COVID-19 ကူးစက်ကပ်ရောဂါအခြေအနေကို ထိန်းချုပ်ရေးအတွက် လက်ရှိ Lockdown ပြဋ္ဌာန်းမှုအပေါ် ကြာသပတေးနေ့မှစတင်၍ အပြင်းထန်ဆုံးအဆင့်ထိ ပိုမိုတင်းကြပ်ရန် ပြင်ဆင်လျှက်ရှိသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

…   
အစိုးရ၏ လော့ဒေါင်းတားမြစ်ချက်များအား စနစ်တကျလိုက်နာကြစေရန်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်များ(BGB) တို့နှင့် အတူ ဘင်္ဂလားဒေ့ရှ် တပ်မတော်ကို ချထား၍ ကြပ်မတ်ရန်၊ တင်းကြပ်သော တားဆီးပိတ်ဆို့မှုကာလအတွင်း သယ်ယူပို့ဆောင်ရေးအလုပ်သမားများ၊ ရေပြင်ပေါ်၌ ဝမ်းစာရှာဖွေသူများ အပါအဝင် ယာယီအလုပ်လက်မဲ့ဖြစ်ရသူတို့အတွက် ငွေကြေးနှင့် စားနပ်ရိက္ခာကူညီရန်၊ 

လူအများအပြားတို့မှာ လက်ရှိ Lockdown ပြဋ္ဌာန်းခြင်း မတိုင်မီကပင် ၎င်းတို့ နေထိုင်ရာမှ ထွက်ခွာသွားနှင့်ကြပြီးဖြစ်၍ ထိုဒေသနေထိုင်သူ မဟုတ်၊ မည်သည့် သက်သေခံအထောက်အထားစာရွက်စာတန်းမျှ မရှိသူဖြစ်စေ လူတိုင်းကို အကူအညီပေးရေးအတွက် စာရင်းပြုစုထားရန် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ညွှန်ကြားချက်အား တနင်္လာနေ့ အစိုးရအဖွဲ့အစည်းအဝေးက အတည်ပြုကြောင်း သိရှိရသည်။

…  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးစက်ကပ်ရောဂါ ကျရောက်သည့် ၁၅-လအတွင်း ကူညီပေးခဲ့သူ သန်း ၇၀ ရှိပြီး၊ ယခုတစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရေးဝန်ထမ်း ၇၀၀,၀၀၀ ကျော်ကိုလည်း စာရင်းထည့်သွင်း၍ ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ လူတစ်ဦးလျှင် အမေရိကန် ၆-ဒေါ်လာခန့်စီနှင့် ၁၈ ဒေါ်လာခန့် တန်ဖိုးရှိသော ရိက္ခာအကူအညီများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရိက္ခာတိုင်းတွင် သရက်သီး ၁၀ ကီလိုဂရမ်စီ ထည့်သွင်းပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း၊ ခရိုင်-မြို့ရွာစု- မြို့နယ်-ယူနီယံ-ရပ်ကွက်အဆင့်အထိ အလုပ်လက်မဲ့များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နယ်စပ်ဒေသများလည်း ပါဝင်ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ကယ်ဆယ် ရေးဝန်ကြီးဌာနက ရှင်းပြသည်။

…    
သို့သော် မြေပြင် လက်တွေ့ အခြေအနေများအရ လာမည့် ဗုဒ္ဓဟူးနေ့တိုင်အောင်း လော့ဒေါင်း ချမှတ်ခြင်းကို ပိုမိုတင်းကြပ်ရန် မဖြစ်နိုင်သေးပဲ ဇူလိုင်လ ၁-ရက်နေ့ရောက်မှသာ ပြဋ္ဌာန်းရန်ရှိသည်။ ၇-ရက်ကြာ လက်ရှိ ချမှတ်ထားခြင်းကိုလည်း စောင့်ကြည့်လျှက်ရှိပြီး လိုအပ်လျှင် ရက်တိုးမြှင့်မည် ဆို၏။

…   
အလားတူပင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လျှက်ရှိသော အင်ဒိုနီးရှားနိုင်ငံ၌ တင်းကြပ်ပြင်းထန်သော Lockdown တားဆီးပိတ်ဆို့မှုများကို လာာမည့် ဇွန် ၃၀-ရက်နေ့မှ စတင်ကာ ပြဋ္ဌာန်းမည်ဖြစ်ကြောင်း Straits Times က ယနေ့ ရေးသားသည်။

…   
ရက်သတ္တ ၂-ပတ်ကြာမြင့်မည့် အဆိုပါ တင်းကြပ်မှုတွင် အထူးသဖြင့် ဂျာဗားပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှန်းလုံး၌ သက်ရောက်စေမည်ဖြစ်ပြီး ကုမ္ပဏီနှင့် ရုံးများတွင် ဝန်ထမ်းဦးရေ၏ ၂၅ % ကိုသာ အလုပ်ဆင်းစေရန်၊ စားသောက်ဆိုင်များ၌ စားပွဲထိုင် စားသောက်ခြင်းကို ပုံမှန်ပမာဏ၏ ၂၅% သာ လက်ခံဖွင့်လှစ်ရန်တို့ ပါဝင်ကြောင်း သတင်း၌ ဖော်ပြသည်။

#တင်းကြပ်ပြင်းထန်_Lockdown #ကိုရိုနာဗိုင်းရပ်စ်_ဘင်္ဂလားဒေ့ရှ်_အင်ဒိုနီးရှား

(((Dhaka Tribune., June 28, 2021,” Bangladesh prepares to enter hardest lockdown yet.”By: Ali Asif Shawon ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/2021/06/28/bangladesh-prepares-to-enter-hardest-lockdown-yet
https://www.straitstimes.com/asia/se-asia/indonesia-to-impose-hard-covid-19-lockdown-from-june-30 

Leave a Reply

Your email address will not be published.