အများကြောက်လန့် ကိုယ်ကျိုးနည်းစေမည့် ဗလုံးဗထွေးများ

တရုတ်နိုင်ငံ၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် 2019-nCoV မှာ ကူးစက်ပြန့်နှံ့လျှက်ရှိရာ ( ဇန်နဝါရီ – ၃၁၊ ၂၀၂၀။ အရှေ့ပိုင်း စံတော်ချိန် ညနေ ၅-နာရီ အထိ ) သေဆုံးသူ ၂၅၉-ဦး၊ ရောဂါကူးစက်ခံရ အတည်ပြုနိုင်သူ ၁၁,၉၄၃-ဦး ဖြစ်လာသည်ဟု South China Morning Post က ယနေ့ဖော်ပြသည်။

ကူးစက်ပြန့်ပွားနှုန်းနှင့် လူသေဆုံးနှုန်း နေ့စဉ်ဆက်လက်မြင့်တက်နေဆဲဖြစ်ရာ ယမန်နေ့ သတင်းထုတ်ပြန်သည့် အရေအတွက်ထက် သေဆုံး ၄၆-ဦး၊ ရောဂါကူးစက်ခံရသူ ၁၃,၄၇- ဦး ထပ်မံတိုးမြင့်လာခြင်းဖြစ်သည်။ အခြားနိုင်ငံပေါင်း အနည်းဆုံး ၂၂-နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ၁၅၉-ဦးရှိသော်လည်း အဖိတ်အစင် မရှိကြောင်း တွေ့ရှိရသည်။

နိုဗဲလ်အမည်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် 2019-nCoV ကူးစက်ခံရပြီး ရောဂါပျောက်ကင်းသူပေါင်း ၄၇-ဦးရှိသည်။ ယမန်နေ့ တရုတ်တစ်နိုင်ငံတည်း၌ သံသယရှိသူပေါင်း ၃၂,၃၄၀-ဦး တို့ကို စောင့်ကြည့်လေ့လာလျှက်ရှိသည် ဆို၏။

ဤတွင် Quarantined , Isolated စသည့် ဝေါဟာရများမှာ ဗလုံးဗထွေးဖြစ်လျှက်ရှိပြီး အများကြောက်လန့်စေလိမ့်မည်ဟု ကျွန်တော်ထင်မှတ်မိပါသည်။ ထိုဝေါဟာရ ၂-ခုမှာ လုံး၀ အဓိပ္ပါယ်ခြားနားပါသည်။

( ၁ ) အထက်တွင် ဖော်ပြထားသည့် ၁၁,၉၄၃-ဦးဆိုသည်မှာ Confirmed, Isolated Cases ရောဂါကူးစက်ခံရကြောင်း အတည်ပြုနိုင်သဖြင့် သီးခြားခွဲထုတ် ဆေးဝါးကုသပေးနေရသူများဖြစ်ပါသည်။ လူနာဟု ဆိုနိုင်သည်။

( ၂ ) ၃၂,၃၄၀-ဦး ဆိုသည်မှာ 2019-nCoV ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု Suspected , Quarantined Cases သံသယရှိသဖြင့် အခြားသူများအား မကူးစက်စေရန် သီးခြားခွဲထုတ်လျှက် “ ရောဂါခြေချုပ်” ချထားသူများဖြစ်ပါသည်။ ထိုသူများသည် ဝူဟန်ဗိုင်းရပ်စ်ဖြစ်ချင်လည်း ဖြစ်နိုင်၍ အခြားဆင်တူရိုးမှား သာမန်နေထိုင်မကောင်းသူများလည်း ဖြစ်နိုင်ပါသည်။ ကျန်းမာရေး ဥပဒေတစ်ရပ်ရပ်အရ တားဆီးထားရသူဖြစ်သည်။

လူနာ( ၁ ) သည် ၎င်းအတွက် သတ်မှတ်ပေးထားသည့်နေရာမှ #ထွက်ပြေး/ပျောက်ဆုံးလျှင် #အကာအကွယ် ဝတ်စုံဝတ်ဆင်ထားသည့်တာဝန်ရှိသူတို့က #အရေးပေါ်ဆေးဝါးများနှင့် လိုက်ရှာကြပါမည်။

လူနာ( ၂ ) ထွက်ပြေး/ပျောက်ဆုံးလျှင်မူကား #အကာအကွယ် ဝတ်စုံဝတ်ဆင်ထားသည့်တာဝန်ရှိသူတို့ က #အရေးပေါ်ဆေးဝါးများသာမက #သေနတ်နှင့်လက်ထိပ်ကိုင်ကာ လိုက်ရှာကြပါမည်။ လူနာနှင့်တူသော ဥပဒေချိုးဖောက်သူဖြစ်နေပါသည်။

ထိုမျှအထိ အဓိပ္ပါယ်လေးနက်ပါသည်။ ထို့ကြောင့် ဘာသာရပ်အသီးသီး၌ ကျွမ်းကျင်သူ ပညာရှင်ကြီးများက Quarantine ကို “ #ရောဂါခြေချုပ် “ ဟု ဘာသာပြန်လျှက် စုဝေးအတည်ပြုခဲ့ခြင်းဖြစ်ပုံရပါသည်။ Quarantine သည် သာမန်နေထိုင်မကောင်းသူများလည်းဖြစ်နိုင်၊ ယခု အများကြောက်ရွံ့လျှက်ရှိသည့် ဗိုင်းရပ်စ်ကူးစက်နေသူလည်းဖြစ်နိုင်ယုံမက ထိုထက် ပိုဆိုးသော ရောဂါသည်လည်းဖြစ်နိုင်ပါသည်။ လိုအပ်သလို ဆေးဝါးကုသ ပေးနေမည်ဖြစ်သော်လည်း #ကျန်းမာရေးကြောင့် #သီးခြားခွဲထားသည့် လူနာ မဟုတ်ပါ။

still under observation for infection #ဘာကူးစက်ရောဂါမှန်းမသေချာသေး #မပြတ်စောင့်ကြည့်ရန် #ခြေချုပ်ချထားခြင်းနှင့်တူပါသည်။

အလားတူပင် ကိုယ်ကျိုးနည်းစေမည့် ဗလုံးဗထွေးဝေါဟာရမှာ Genocide ဖြစ်ပါသည်။

ဂျီနိုဆိုက်တွင် သတ်သည်ဟု တထစ်ချမဆိုပါ။ “ လူမျိုးသုဉ်းစေရန်ပြုခြင်း “ ဖြစ်သည်။ ထို့ကြောင့် “ Genocide ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်ခြင်း “ ဟု တစ်တစ်ခွခွကြီး ပြောနေကြလျှင် “ ဟ .. ငါတို့က သေအောင် သတ်ထာမှ မဟုတ်ထာကြီး “ ဟု ကိုယ်ကျိုးနည်းဖွယ်ရှိလေသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.scmp.com/news/china/article/3048518/coronavirus-case-load-and-death-toll-china-rise-epicentre-hubei-province

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR2FX5sB38ROjfJWbJ2Ym9tb9c67Bm4eGFEV1uZB-HmD4KPlV2zBwEKthHg#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.