အမျိုးသားလုံခြုံရေးကို ထိပါးသော သတင်းအချက်အလက်များကို ဖျက်ချပေးရန် ငြင်းဆန်လျှင် Facebook ဝန်ထမ်းများကို ဖမ်းဆီးမည်ဟု အိန္ဒိယခြိမ်းခြောက်။ပြည်တွင်းလူမှုကွန်ယက်ဝန်ထမ်းများ၏ အမည်နှင့်တကွ သတိပေး၊ ဆန္ဒပြလယ်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့များ အကြမ်းဖက် အဓိကရုန်းဖြစ်


အမေရိကန်လူမှုကွန်ယက်မီဒီယာ ပလက်ဖောင်းများအနေဖြင့် အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိပါးရာရောက်သော သတင်းအချက်အလက်များကို ဖျက်ချပေးရန် တောင်းဆိုချက်ကို ဆန့်ကျင်လျှင် ထောင်ဒဏ်ချ မှတ်ခံရနိုင်သည် အိန္ဒိယအာဏာပိုင်များက ခြိမ်းခြောက်လိုက်သည်။ ပြည်တွင်းအခြေစိုက်မှု ကွန်ယက်ကုမ္ပဏီဝန်ထမ်းများ၏ အမည်ကို ဖော်ပြ၍ ဆက်လက်ငြင်းဆန်နေလျှင် ဖမ်းဆီးခြင်းခံရနိုင်ကြောင်း သတိပေးစာကို Facebook, WhatsApp and Twitter တို့က အသီးသီး လက်ခံရရှိကြသည်ဟု Wall Street Journal (6 Mar,2021) က ဖော်ပြသည်။..    
အငြင်းပွားဖွယ် လယ်ယာမြေဥပဒေကြမ်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမြို့တော်တွင် ဆန္ဒပြလျှက်ရှိသော လယ်သမားထောင်ပေါင်းများစွာတို့၏ ပြင်းထန်စွာကန့်ကွက်ပွဲမှာ လုံခြုံရေးတပ်ဖွ့ဲဝင်များနှင့် အကြမ်းဖက်အဓိကရုန်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ထိုစဉ်အတွင်း သတင်းဖော်ပြမှုများဖယ်ရှားပေးရန် လူမှုကွန်ယက်ပလက်ဖောင်းတို့ နှင့် ကြာမြင့်စွာအခြေအတင်ဖြစ်လျှက်ရှိသော အိန္ဒိယအစိုးရ၏ ဖိအားပေးမှုမှာ ဖမ်းဆီးရန်ခြိမ်း ခြောက်သည်အထိ ပြင်းထန်လာခဲ့သည် ဆို၏။..  
ဖေဖော်ဝါရီလ စောစောပိုင်းတွင် Twitter သည် ၎င်း၏ပလက်ဖောင်းအသုံးပြူသူ အိန္ဒိယအကောင့်ရာပေါင်းများစွာတို့ကို တစ်သီတစ်တန်းကြီး ပိတ်ပစ်ခဲ့သည်။ ယင်းတို့တွင် လွှတ်တော်အမတ်များ၊ သတင်းမီဒီယာများ၊ ဂျာနယ်လစ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများပါဝင်သည်။ ၁၂-နာရီအကြာတွင် အဆိုပါ ပိတ်ပင်ချက်ကို တိတ်တဆိတ် ဖယ်ရှားခဲ့သည်။ AFP သတင်းထောက် ဘူဘန်ဘက်ဂါက အိန္ဒိယအစိုးရ၏ သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားရာတွင် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီး၏ ညွှန်ကြားချက်အရ Twitter က ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လယ်သမားကန့်ကွက်ဆန္ဒပြပွဲများကို အသည်းအသန်ဖြစ်လာစေရန် အခြေအမြစ် မရှိ သတင်းအမှားများဖြင့် မီးလောင်ရာ လေပင့်နေသည့် အကောင့်ရာပေါင်းစွာကို ပိတ်ပစ်ရန် ဝန်ကြီးက အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။..   
Twitter က ၎င်း၏ တားဆီးချက်ကို တစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်သည့်အတွက် ဝန်ကြီးက ချက်ချင်းတုန့်ပြန်သည်။ အိန္ဒိယအစိုးရ၏ မေတ္တာရပ်ခံချက်ကို ငြင်းပယ်၍ ဆက်လက်ဖော်ပြနေခဲ့လျှင် #တည်ဆဲပြစ်မှု ဆိုင်ရာဥပဒေအရ အရေးယူမည်ဟု ဝန်ကြီးက ခြိမ်းခြောက်ခဲ့ကြောင်း ဘူဘန်ဘက်ဂါက ဖော်ပြသည်။..    
အချက်အလက်များပေးရန် တောင်းခံခြင်း၊ ဖယ်ရှားရန် တောင်းဆိုခြင်းများအတွက် Facebook အနေဖြင့် သက်ဆိုင်ရာတရားဥပဒေ၊ Facebook ၏ ဝန်ဆောင်မှု သတ်မှတ်ချက်များနှင့် ညီညွတ်လျှင် လက်ခံမည်ဖြစ်ကြောင်း ပြောဆိုသည်။Facebook ၏ လက်အောက်ခံဖြစ်သော WhatsApp ကမူ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှသာ ညွှန်ကြားချက်များကို လိုက်နာကြောင်း သိရှိရသည်။ Twitters ကလည်း အင်တာနက်ဆိုင်ရာ ပွင့်လင်းသော အခြေခံစည်းမျဉ်းများကို ဆက်လက် ထောက်ခံအားပေးမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုသည်။..   
နည်းပညာစီးပွားရေးလုပ်ငန်းကြီးတို့အနေဖြင့် အိန္ဒိယနိုင်ငံ၏ ကြီးမားသောဈေးကွက်သို့ ဝင်ရောက်ရန် ကြိုးစားလျှက်ရှိစဉ် နာရင်ဒြာမိုဒီအစိုးရက လူမှုကွန်ယက်မီဒီယာများအား ချုပ်ကိုင်ရန် ဥပဒေသစ်များ ပြဋ္ဌာန်းလျှက်ရှိသည်။ လူမှုကွန်ယက်မီဒီယာတို့အနေဖြင့်လည်း အိန္ဒိယအခြေစိုက် ကိုယ်စားလှယ်များအား ခန့်ထားရမည်ဖြစ်ရာ ဥပဒေစိုးမိုးရေးဋ္ဌာနများ၊ အစိုးရအေဂျင်စီများနှင့် ညှိနှိုင်းရန် လိုအပ်သည်။ အိန္ဒိယအစိုးရ၏ ကန့်သတ်ချက်များ တွင် အမျိုးသားလုံခြုံရေးနှင့် အများပြည်သူဆိုင်ရာစည်းမျဉ်းများကို ပျက်ပြားစေသည်ဟု နိုင်ငံတော်က ယုံကြည် ရသော အကြောင်းအရာများ၌ စွက်ဖက် ဖျက်သိမ်းနိုင်သည်။..   
ဥပဒေမှာ ယခင် Twitter က ကျင့်သုံးခဲ့သော စံနှုန်း ၂-မျိုး အယူအဆမျိုးကို ဖျက်သိမ်း၍ နည်းပညာကုမ္ပဏီ တို့အနေဖြင့် တာဝန်ယူ-တာဝန်ခံမှု ပိုမိုလာစေရန်ဖြစ်ကြောင်း #အိန္ဒိယအီလက်ထရောနစ်နှင့်_သတင်းအချက်အလက်နည်းပညာဝန်ကြီး ရာဗီရှန်ကာ ပရာဆပ်က ရှင်းပြသည်။..  
((မြန်မာအပါအဝင် နိုင်ငံတကာတွင် ဖြစ်စဉ်တစ်ရပ်နှင့်ပတ်သက်၍ အစီရင်ခံစာအား ဖတ်ရှု့ကာ အမှန်သိရှိသူမှာ လူ ၁-သောင်းလျှက် ၁-ယောက်မျှသာ ရှိနိုင်သည်။ ကျန်အများစုမှာ မီဒီယာတို့၌ ဖော်ပြချက်အတိုင်းသာလျှင် သိရှိကြသည်။ ထို့ကြောင့် မီဒီယာ၏ ဘက်မလိုက်၊ သတင်းမှန်လမ်းကြောင်းပေးခြင်းမှာ အရေးပါသည်။..  
ဒီမိုကရေစီအရေး၊ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်တို့သည် ပြောသလောက် မဟုတ်ကြောင်း ဝီကီလိခ်သတင်းပေါက်ကြားမှုများက သက်သေပြနေသည်။ အဆိုပါကိစ္စတွင် ဗြိတိန်နှင့် ဥရောပနိုင်ငံများ အမြင်ချင်းမတူ။ ဥရောပ၌ပင် ပြင်သစ်နှင့် အခြားနိုင်ငံများ မတူကြောင်း ရှာလီဟက်ဗ်ဒိုးဂျာနယ် ပြန်လည်ထုတ်ဝေခွင့်ရရှိခြင်း၊ နောက်ဆက်တွဲ ပြင်သစ်သမ္မတ၏ သုံးသပ်ချက်အပေါ် ဥရောပခေါင်းဆောင်တို့၏ ထင်မြင်ချက်များက ဖော်ပြနေသည်။..  
တရုတ်နှင့် အိန္ဒိယနိုင်ငံရေးသမားတို့သည် နှုတ်သီးကောင်း လျှာပါး၊ ကြက်ခေါင်းဆိတ် မခံသူများဖြစ်သည်။ ဒီမိုကရေစီအရေး၊ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ပတ်သက်၍ သူတို့အား ဝေဖန်လာခဲ့လျှင် အထက်ပါအချက်အလက်များကို ထောက်ပြကာ ယဉ်ကျေးစွာ တုန့်ပြန်ချေပသည်။..  
လွန်ခဲ့သည့်နှစ် သမ္မတဒေါ်နယ်ထရမ့် ရောက်ရှိလာစဉ် နိုင်ငံသားဥပဒေနောက်ဆက်တွဲနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံတစ်ဝှန်း ကန့်ကွက်ဆန္ဒပြရာမှ လူသေဆုံးသည်အထိ အကြမ်းဖက်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ဒီမိုကရေစီ မီးရှူးတန်ဆောင်နိုင်ငံကြီး၏ သမ္မတကြီးသည် ၎င်းကိစ္စနှင့်ပတ်သက်၍ အိန္ဒိယအား ဝေဖန်ခြင်း မရှိပဲ ကျောသပ် ရင်သပ်လုပ်ကာ လက်နက်ရောင်းသွားသည်။..   
ယခုလည်း မကြာမီ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ရက်ပေါင်း ၁၀၀ ကျော် လယ်သမားများ ကန့်ကွက်ဆန္ဒပြရာမှ အဓိကရုန်းများဖြစ်ပွားလျှက်ရှိသော အိန္ဒိယသို့ လာဦးမည်ဟု ဆိုနေသည်။
..
စောင့်ကြည့် ကြပါစို့။       ။ သတင်းဘာသာပြန်သူ ))
………
(( Wall Street., 6 Mar, 2021, “India thre1atens to jail Facebook, WhatsApp & Twitter staff over refusal to wipe data that ‘undermines national security’ – reports.”ကို #HtayOung, #OungMarine ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
https://www.rt.com/news/517379-india-social-media-jail/
https://www.rt.com/news/515658-india-activist-arrested-toolkit-thunberg/
https://globalnews.ca/news/7599526/india-farmer-protests-republic-day/
https://www.rt.com/news/516570-india-new-rules-social-media-companies/
https://www.rt.com/news/514634-greta-thunberg-india-police-investigation/

0

Leave a Reply

Your email address will not be published.