အမျိုးသားသူရဲကောင်း ကာဆင်စူလမန်နီ လုပ်ကြံခံရခြင်းအတွက် အမေရိကန်ကို အီရန် လက်စားချေပြီ၊ အီရတ်အခြေစိုက် အမေရိကန်စစ်စခန်းကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်

အီရတ်နိုင်ငံတွင် တပ်စွဲထားသော အေယန်အယ်လ်အဆဒ် အမေရိကန်လေတပ်စခန်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်ခံရကြောင်း ဓါတ်ပုံနှင့် ဗွီဒီယိုများ လူမှု့ကွန်ယက်တွင် ပျံနှံ့လျှက်ရှိသည်ဟု Russia Today က ယနေ့ဖော်ပြသည်။ရဲရင့် ပြောင်မြောက်သော စစ်သည်တော် ကာဆင်စူလမန်နီအတွက် အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းအား တိုက်ချင်းပစ်ဒုံးကျည် ၁၀-စင်းအသုံးပြု၍ အီရန်အစ္စလာမ်တော်လှန်ရေးအစောင့်တပ်မတော် အာကာသလေကြောင်းယူနစ်က လက်စားချေတိုက်ခိုက်ကြောင်း၊ အီရတ်မှ အမေရိကန်နှင့် နိုင်ငံခြားတပ်များ ထွက်ခွာသွားပေးရန် တောင်းဆိုကြောင်း အီရန်နိုင်ငံက ကြေညာသည်ဟု နိုင်ငံတကာမီဒီယာများက အရေးကြီး ကြားဖြတ်သတင်းအဖြစ် ဖော်ပြသည်။အီရတ်တွင် တပ်စွဲထားသော စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်မှ ပစ်လွှတ်သည့် ဒုံးကျည် ၁၂-စင်းခန့် ထိမှန်ခဲ့ကြောင်း၊ လိုအပ်သလို တုန့်ပြန်မည်ဖြစ်ကြောင်း အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က ယခု သတင်းထုတ်ပြန်လျှက်ရှိသည်။အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarinehttps://www.rt.com/news/477676-iraq-us-base-attack-videos/https://www.rt.com/news/477680-iran-more-retaliation-strikes/

0

Leave a Reply

Your email address will not be published.