အမျိုးသားရေးဝါဒကို ချေမှုန်းရန် ဂျော့ဆိုရော့စ်က ဒေါ်လာ ၁ ဘီလျံသုံးစွဲမည်။ကမ္ဘ္ဘာ့ရာသီဥတုပြောင်းလဲမှု့ တားဆီးရေး၊ ဒေါ်နယ်ထရမ့်၊ ရှီကျင့်ဖျင်နှင့် မိုဒီကဲ့သို့ အာဏာရှင်များအား တိုက်ခိုက်ရန်မှာ သူ့ဘဝအတွက် အရေးအကြီးဆုံးဟု ဆိုရော့စ်ဆို

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းမှ ကာကွယ်ရန် နိုင်ငံတကာတက္ကသိုလ်အဆင့် ကွန်ယက်များထူထောင်မည်ဖြစ်ကြောင်း၊ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကဲ့သို့ အာဏာရှင်များလက်တွင်းမှ ဒီမိုကရေစီအား ကယ်ဆယ်ရမည်ဖြစ်ကြောင်း ဘီလျံနာသူဌေးကြီး ဂျော့ဆိုရော့စ်က ၎င်း၏ အစီအစဉ်သစ်ကို ဖွင့်ဟပြောဆိုသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

ဇန်နဝါရီ ၂၃-နေ့ ဆွစ်ဇာလန်နိုင်ငံ ဒေးဗို့စ်မြို့တွင် ကျင်းပလျှက်ရှိသော World Economic Forum ကမ္ဘ္ဘာ့စီးပွားရေးဖိုရမ်၌ ဘီလျံနာသူဋ္ဌေးကြီး ပရဟိတအလှူရှင် ဂျော့ဆိုရော့စ်က ယခုကဲ့သို့ပြောကြားလိုက်သည်ဆို၏။ ဗဟိုဥရောပတက္ကသိုလ် CEU မှတဆင့် ပွင့်လင်းလူ့အဖွဲ့အစည်းတက္ကသိုလ်ကွန်ယက်များအား ချိတ်ဆက်လည်ပတ်စေရန် အသက် ၈၉-နှစ်အရွယ် လစ်ဘရယ်ဝါဒီသူဋ္ဌေးကြီးက အမေရိကန်ဒေါ်လာ ၁ ဘီလျံကုန်ကျခံမည်ဖြစ်ကြောင်း သိရှိရသည်။

ဆိုရော့စ်၏ သူ့ဘဝအတွက် အရေးအကြီးဆုံးဟု ဆိုရမည် အစီအစဉ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကဲ့သို့ အာဏာရှင်များသဖွယ်ပြုကျင့်မှု့များကို တိုက်ခိုက်သွားရန်မည်ဟု အမည်တပ်လျှက် ဖော်ပြသည်။ ပွင့်လင်းလူ့အဖွဲ့အစည်းတွင် စံတင်လောက်သည့် ဥရောပသမဂ္ဂသည် ( ဥရောပမှ ဗြိတိန်နှုတ်ထွက်ရေး ) Brexit လိုလားသော ဗြိတိန်အစိုးရကို ထောက်ခံမဲပေးခြင်းဖြင့် ကျဆုံးလျှက်ရှိကြောင်း နိုင်ငံတကာထိပ်သီးများရှေ့မှောက် သူဋ္ဌေးကြီးက ဝေဖန်လိုက်သည်။

ဘီလျံနာ သူဌေးကြီးသည် အမေရိကန်၊ ဥရောပနှင့် ကမ္ဘ္ဘ္ဘာအရပ်ရပ်၌ ကျယ်ပြန့်လာနေသော အမျိုးသားရေးဝါဒကို တိုက်ခိုက်ရန် ပွင့်ပွင့်လင်းလင်း စိန်ခေါ်လျှက်ရှိကြောင်း ဇန်-၂၄၊ ၂၀၂၀ Russia Today တွင် ဆောင်းပါး ရှင် Graham Dockery က ဝေဖန်ရေးသားထားကြောင်း တွေ့ရှိရသည်။

(( မျက်မှောက်ခေတ် အမေရိကန်၊ ဗြိတိန်၊ ဥရောပနှင့် ကမ္ဘာအရပ်ရပ်တွင် လစ်ဘရယ်ဝါဒမှာ တစစကျဆုံးလျှက်ရှိပြီး၊ အမျိုးသားရေးဝါဒမှာ ခေါင်းထောင်လျှက်ရှိသည်။ လွန်ခဲ့သည့် ရာစုနှစ်များကတည်းက ပင်လယ်ရပ်ခြားနိုင်ငံများတွင် လူကိုလူချင်း ကိုလိုနီပြုခဲ့သည့် ဥရောပအင်အားကြီးနိုင်ငံများ၏ ကိုလိုနီအားပြု လူမျိုးရေး အခြေခံ အမျိုးသားရေးဝါဒမှာ ကမ္ဘာစစ်ကြီးအား ၂-ကြိမ်တိုင်တိုင် မီးလောင်တိုက်သွင်းခဲ့သည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် ဥရောပနိုင်ငံများတွင် အမျိုးသားရေးဝါဒီများမှာ လူကြိုက်မများခဲ့ချေ။

သို့သော် ၂၀၁၅-ခုနှစ် ဥရောပသို့ အရှေ့အလယ်ပိုင်း စစ်ဘေးဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူများ သန်းချီဝင်ရောက်လာသောအခါ အမျိုးသားရေးဝါဒီများမှာ ဥရောပမဲဆန္ဒရှင်များ၏ မျက်စိကျ ခံချင်စရာဖြစ်လာရသည်။

အာဏာရှင်စံနစ်၊ အာဏာရှင်ဆိုသည်တို့မှာ လူ့အဖွဲ့အစည်းတို့၏ အခြေခံလွတ်လပ်ခွင့်များအတွက် မကောင်းပါ။ သို့သော် အချို့သော နိုင်ငံငယ်များတွင် အမျိုးသားရေးနှင့် နိုင်ငံအုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့မှာ ချိတ်ဆက်လျှက်ရှိနေတတ်သည်။ အာဏာရှင် မကောင်းခြင်းမှန်သော်လည်း လစ်ဗျား၊ အီရတ်၊ ဆီးရီးယားကဲ့သို့ လက်နက်ကိုင် ဖယ်ရှားမိသည့်အခါ နိုင်ငံပြိုကွဲသွားပြီး ကြောက်မက်ဖွယ် ပြည်တွင်းစစ်မီး တောက်လောင်ခြင်း၊ အာဏာရှင်ထက်ပိုဆိုးသော ဘာသာရေးအစွန်းရောက် အကြမ်းဖက်များ ထွန်းပေါ်လာသည်ကို တွေ့ရသည်။

ထို့ပြင် အမျိုးသားရေးဆိုရာ၌လည်း ကျွန်တော်လက်လှမ်းမီသလောက်ပင် သံတူကြောင်းကွဲ ၇-ခုခန့်ရှိနေသည်။ ဥရောပ၏ “ကိုလိုနီအားပြု လူမျိုးရေး အခြေခံ အမျိုးသားရေးဝါဒ” နှင့် အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်ကဲ့သို့ “ ကိုလိုနီ ကျွန်ပြခြင်းမှ လွတ်မြောက်ရေး အမျိုးသားရေးဝါဒ” မှာ ဘယ်လိုမှ မတူနိုင်ချေ။

ထို့ကြောင့် “ အာဏာရှင်အလိုကျ စစ်မီးမွှေး အမျိုးသားရေး “ ဟု ဝါးလုံချေးသုတ်ရမ်းခြင်းသည် ဥရောပလစ်ဘရယ်များ လေသံအတိုင်း ပုံတူကူးခြင်းသာဖြစ်သည်။ ကိုယ့်နိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး သခင်အောင်ဆန်းကိုမှ အားမနာ ဟောင်ဖွာဟောင်ဖွာ လုပ်သူတို့က “ နိုင်ငံရေးလေ့လာကျွမ်းကျင်သူများ “ အဖြစ် စင်ပေါ်တက် နေရာယူနေခြင်းမှာ အော့နှလုံးနာစရာကောင်းလှသည်။

ယခုတဖန်အမျိုးသားရေးဝါဒကိုချေမှုန်းရန် ဂျော့ဆိုရော့စ်က အမေရိကန်ဒေါ်လာ ၁-ဘီလျှံကြီးများတောင် အလှူကြီးပေးမည်ဆိုသောအခါ …… ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 25 Jan, 2020. “ George Soros’ $1 billion pledge to fight ‘nationalism’ proves he will continue his political battles from beyond the grave.By: Graham Dockery ” နှင့် 24 Jan, 2020, “ Soros pumps $1bn into ‘global education network’ to fight ‘climate change & dictators’ like Trump, Xi & Modi” တို့ကို #HtayOung #OungMarine ဆီလျော်အောင် ကောက်နှုတ်ကိုးကားသည်။ )))

#အမျိုးသားရေးဝါဒကိုချေမှုန်းရန်ဂျော့ဆိုရော့စ်က၁-ဘီလျံသုံးစွဲ #ဂျော့ဆိုရော့စ်ပွင့်လင်းလူ့အဖွဲ့အစည်း

https://www.rt.com/news/479034-george-soros-education-dictators/

https://www.rt.com/op-ed/479139-george-soros-university-legacy/

0

Leave a Reply

Your email address will not be published.