အမှန်ကို လက်မခံချင်သည့် ဝဋ်နာ ကံနာ။ ဗီဇပြောင်း မျိုးကွဲလျှက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်မှာ ဓါတ်ခွဲခန်းတွင် ဖန်တီးထားကြောင်း ယနေ့အထိ မည်သည့်အထောက်အထားမျှ မရှိပါ။ အမေရိကန်သမ္မတ အထိ ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ အမှားများစွာ ပြောဆိုခဲ့


ယနေ့ တက္ကဆီ စီးသွားရင်း မိမိက ကားဆရာကြီးအား ..
“ .. ဗျို့ .. ဆရာကြီး၊ နှာခေါင်းစည်း ဝတ်ထားဗျ၊ အိန္ဒိယမှာ ကိုဗစ်ဖြစ်နေတာ တစ်ရက်တည်း လူ ၃-သိန်းခွဲကျော် ကူးပြီး သေတဲ့သူ ၃-ထောင်ကျော် နေတယ် .. “
“ .. အလကားပါဗျာ .. ဆန္ဒပြမဲ့သူတွေ အပြင်မထွက်ရဲအောင် စစ်ကောင်စီက သတင်းအတု ဖြန့်နေတာပါ ..“

ကံကြီးပေလို့သာပေါ့ .. လွန်ခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌ လူအများအပြားတို့ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ WHO နှင့် အမေရိကန် CDC တို့၏ သတိပေးပုံ အဆင့်ဆင့် နှင့် SARS-CoV-2 ခေါ် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကြောင့် Covid-19 ကူးစက်ကပ်ရောဂါကျရောက်ပြီဖြစ်ကြောင်း ကြေညာပုံ ..
မနေ့တစ်နေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာတို့၏ ရေးသားချက်များကို လက်လှမ်းမီသမျှ ကျွန်တော် ဘာသာပြန် တင်ပြနေပါတယ် .. ဟုများ ပြောမိလျှင် ခေါင်း ရိုက်ခွဲသွားလောက်ပါသည်။

တစ်ဆက်တည်း ပြောလိုသည်မှာ

လက်ရှိ ကူးစက်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်အသစ်မှာ လူက ဖန်တီးထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန် တက္ကသိုလ်မှဖြစ်သည်ဟု ဂျပန်လူမျိုး ဆေးပညာ နိုဘယ်ဆုရှင် #ဒေါက်တာ_တာဆူကူ_ဟွန်ဂျိုက ပြောကြားသည်ဆိုသော သတင်းပို့စ်များကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။

၎င်းမှာ ၂၀၂၀-ခုနှစ် ဧပြီလနှောင်းပိုင်း၌ ပေါ်ပေါက်ခဲ့သော သတင်းမှားဖြစ်ပါသည်။ ကာယကံရှင် ဒေါက်တာ ဟွန်ဂျိုကိုယ်တိုင်က ထိုသို့ မိမိပြောကြားခဲ့ဖူးခြင်း မရှိကြောင်း၊ အချက်အလက်မှားများနှင့် မိမိနာမည်ကို အလွဲသုံးခြင်းအတွက် စိတ်ပျက်မိကြောင်း ပြန်လည်ရှင်းလင်းသည်ကို Reuters, AP စသည့် နိုင်ငံတကာ မီဒီယာကြီးများက ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ( ၎င်းသတင်း Link အချို့ကို အောက်တွင် ပေးထားပါသည်။ )

ကြွက်ကို ဝင်ရိုးစွန်း ရေခဲပြင်ဒေသမှ သဲကန္တာရအထိ တွေ့ရသည်ဟု ဆိုသည်။ အောက်ဆီဂျင် အလွန်ပါးလွှာသည့် မိုးထိတောင်များတွင်လည်း ကြွက်ရှိကြောင်း သာမန်ဇီဝဗေဒကျောင်းသားပင်လျှင် သိပါသည်။
ထို့ကြောင့် တရုတ်ပြည်မှ ဗိုင်းရပ်စ်သည် ရာသီဥတုတူညီသော နိုင်ငံများ၌သာမက ဆွစ်ဇာလန်၊ အာဖရိကလို နေရာမျိုး အထိ ပျံ့နှံံနေသဖြင့် သဘာဝအလျှောက်မဟုတ် လူက ဖန်တီးထားခြင်းဖြစ်သည်ဟု ဒေါက်တာဟွန်ဂျိုလို ဇီဝကမ္မဗေဒပါရဂူက ပြောသည်ဆိုခြင်းမှာ လူရယ်စရာဖြစ်ပါ၏။

သို့သော် အဆိုပါ သတင်းမှားသည် ၂၀၂၀-ပြည့်နှစ် မေလ ၁-ရက်နေ့အထိ ရှယ်သူပေါင်း ၁-သောင်းကျော်ခဲ့ပြီး Facebook Group ပေါင်း ၄၀၀ ကျော်တို့က ၎င်းတို့၏ စာမျက်နှာတို့တွင် ကူးယူ လွှင့်တင်ပြီး ဖြစ်နေသည်။
စင်္ကာပူသည် လူဦးရေနည်းပါးပြီး ပညာတတ်သူ ပေါများသော ကျွန်းနိုင်ငံဖြစ်သည်။ စင်္ကာပူလိုနိုင်ငံမျိုး၌ လူ ၁၀-ဦးလျှင် ၆-ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ သတင်းအမှားများကို လက်ခံထားကြရာ လူမှုကွန်ယက်မှ ဖြစ်ပုံရသည်ဟု ဆိုပါသည်။

SARS-CoV-2 မှာ တရုတ်ဓါတ်ခွဲခန်းထွက်ဖြစ်ကြောင်း စွပ်စွဲခဲ့ဖူးသူများတွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး_မိုက်ပွန်ပေယို ကိုယ်တိုင်ပင်လျှင် ပါဝင်ခဲ့ဖူးသည်။ တရုတ်အစိုးရထံမှ လျှော်ကြေး ရထိုက်သည်ဟုပင် ဆိုခဲ့သည်။ အမေရိကန်ပညာရှင်များကိုယ်တိုင် ပြင်းပြင်း ထန်ထန့်ကွက်ကြသဖြင့် နောက်ပိုင်းတွင် #တရုတ်ဗိုင်းရပ်စ် #Chinese_Virus ဟု ရည်ညွှန်းယုံလောက်အထိ လျှောချသွားခဲ့သည်။

SARS-CoV-2 သည် အီလက်ထရွန်မိုက္ကရိုစကုပ်ဖြင့်သာ မြင်နိုင်သည့် ဗိုင်းရပ်စ်အသစ်ဖြစ်သည်။ သို့သော် အိန္ဒိယတွင် လက်ရှိကူးစက်ပျံပွားနေသော ဗိုင်းရပ်စ်မှာ New SARS-CoV-2 Variant ဗီဇပြောင်းမျိုးကွဲအသစ် #Lineage_B.1.617 ဖြစ်သည်ဟုဆိုကြပါသည်။

ထိုသို့ အမည်ပေးခြင်းမှာ ဗိုင်းရပ်စ်၏ တည်ဆောက်ပုံကို အတိအကျသိရှိသောကြောင့် ဇီဝဗေဒဆိုင်ရာ သိပ္ပံ အမည်ပေးထားခြင်းဖြစ်သည်။ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် ထို အမည်ကြားယုံနှင့် အကောင်အထည်ကို မှန်းဆနိုင်ရန်ဖြစ်သည်။

ဗီဇပြောင်း မျိုးကွဲကြသည့်တိုင် ဗိုင်းရပ်စ်၏ တည်ဆောက်ပုံမှာ ဓါတ်ခွဲခန်းတွင် ဖန်တီးခြင်း မဖြစ်နိုင်ကြောင်း ပညာရှင်များက အကြိမ်ကြိမ် အခိုင်အမာ ပြောဆိုခဲ့ပြီးဖြစ်ပါသည်။

#လူတိုင်း_ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထိုးနှံကြပါ။ #Mask_ဝတ်ဆင်အသုံးပြုပါ။ #လက်ဆေးပါ #လူချင်း_ခပ်ခွာခွာ_နေထိုင်ပါ #ကိုယ်ခံအား_မြင့်တက်စေမည့်_အစာအဟာရ_မှီဝဲပါ။ #ကာယ_လေ့ကျင့်ခန်းလုပ်ပါ

မိတ်ဆွေများနှင့်တကွ ခုနှစ်ရက်သားသမီးအားလုံး ကျန်းမာ ချမ်းသာကြပါစေ

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.voanews.com/covid-19-pandemic/india-coronavirus-cases-set-new-global-record-us-readies-help
https://www.channelnewsasia.com/news/commentary/covid-19-coronavirus-india-modi-bjp-vaccine-oxygen-cases-death-14710314
https://www.reuters.com/article/uk-factcheck-japanese-nobel-coronavirus-idUSKBN22G1XE
https://apnews.com/article/fact-checking-8817190152
https://www.sciencemediacentre.org/expert-reaction-to-cases-of-variant-b-1-617-the-indian-variant-being-investigated-in-the-uk/?cli_action=1619675533.019
https://timesofindia.indiatimes.com/times-fact-check/news/fake-alert-japanese-nobel-prize-winner-did-not-claim-coronavirus-was-manufactured-in-china/articleshow/76963939.cms

Leave a Reply

Your email address will not be published.