အမှန်အတိုင်း သိစေ၍ ခွင့်လွှတ်ခြင်းသည် အကောင်းဆုံး လက်နက်ဖြစ်သည်။


..
..
..

..  
ဒီမိုကရေစီအရေး ကြွေးကြော်သူတို့သည် CDM မပါဝင်သူတို့အား Social Punishment ဒဏ်ခတ်အရှက်ခွဲခြင်း၊ Discrimination လူမှုအသိုင်းအဝိုင်းမှ ဖယ်ထုတ်ခြင်းများ ဆောင်ရွက်နေသည်ကို တားဆီးသူ မရှိခဲ့ပါ။
….
မည်သည့်တိုင်းပြည် လူမျိုးမဆို #လောကဝတ် နှင့် #ဓမ္မဝတ် ဟူ၍ လိုက်နာကြမြဲဖြစ်သည်။ မြန်မာနိုင်ငံ၌ ဘုရားကျောင်းကန်များအတွင်း ဖိနပ်မစီးခြင်းသည် ကျမ်းဂန်အရ မဟုတ်သော်လည်း ရှေးအစဉ်အဆက် ဓလေ့ထုံးတမ်းသဖွယ် လိုက်နာကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်နှင့် အမေရိကန်သမ္မတဖြစ်စေ မြန်မာနိုင်ငံဘုရားကျောင်းကန်များအတွင်း ဝင်ရောက်ဖူးမျှော်လျှင် ဖိနပ်မစီးခြင်းမှာ လောကဝတ် ဖြစ်သည်။
..
မိန်းမတစ်ဦး၏ ဝမ်းကြာတိုက်မှ ကိုးလကျော် ဆယ်လဖွားခဲ့ရသည့် ကျွန်တော့်အနေဖြင့် ထမီသည် ဘုန်းကံနိမ့်စေသည်ဆိုခြင်းကို အတော်ပင် စဉ်းစားရခက်ပါသည်။
..
သို့သော်လည်း ဖျင်ပေါ် ခေါင်းပေါ် နေလေ့ရှိသည့် အနောက်နိုင်ငံအမျိုးသမီးများပင်လျှင် သိုသိုသိပ်သိပ်သိပ် ရှိတတ်သည့် မိန်းမအတွင်းခံပစ္စည်းများကို ကြိုးတန်းသဖွယ် ခံတပ်လုပ်ခြင်းမှာ မြန်မာယဉ်ကျေးမှုနှင့် လုံးဝဆန့်ကျင်နေပါသည်။ ညစ်ပေနေသော အမျိုးသမီးအတွင်းခံဘောင်းဘီများ၊ အသုံးပြုပြီး လစဉ်သုံး ပစ္စည်းများကို ကြိုးတန်းသဖွယ် ပြုလုပ်ခြင်းမှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွင်း မနှစ်မြို့စရာဖြစ်သည်။ နိုင်ငံတကာ မီဒီယာများတွင် တအံ့တသြ ရေးသားနေသည်ကို ကျွန်တော်တို့ဆီတွင် မည်သူမျှ ဖောက်သည် မချရဲပါ။
..
ယခုနာရီပိုင်းအတွင်း ရန်ကုန် မလွှကုန်း မီးရထားဝင်းမှ CDM တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းတို့နှင့် မှီခိုသူမိသားစုများ ၎င်းတို့၏နေအိမ်မှ ထွက်ခွာလျှက်ရှိကြောင်း ကြားသိရပါသည်။
..
ဆိုခဲ့သည့်အတိုင်း CDM ဆိုသည်မှာ ဖီဆန်အံတုခြင်း မှန်သော်လည်း လက်နက်ကိုင် သူပုန်ထခြင်းတော့ မဟုတ်ချေ။
နှစ်ဖက် အသေအကြေတိုက်ခိုက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်များကိုပင်လျှင် တစ်စားပွဲတည်း အတူ ထိုင်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်နိုင်လျှင် ဆန္ဒပြဝန်ထမ်းများကိုလည်း နားလည်ပေးသင့်ပါသည်။
..
မိမိနိုင်ငံသားများဖြစ်ပြီး ယခင် သူတို့၏ သစ္စာရှိ တာဝန်ကြေပွန်စွာ ထမ်းဆောင်ခဲ့သည်ကို ငဲ့ညှာသင့်ပါသည်။ CDM ပါနေတိုင်းလည်း လုံးဝဥဿုံ နားလည်၍ မဟုတ်ကြောင်း ကျွန်တော်ယုံကြည်ပါသည်။

..  
လှုံဆော်သူ- ဦးစီးခေါင်းဆောင်ပြုသူတို့ကို ဆီလျော်သော အရေးယူမှုပြုလုပ်၍ ကျန်သူများတွင်CDM မလုပ်တော့ကြောင်း ခံဝန်ကတိပြုလျှင် သက်ဆိုင်ရာ နေအိမ်လိုင်းခန်း၌ ပြန်လည်နေထိုင်ခွင့်ပြုသင့်ပါသည်။ လစာငွေလည်း ခံစားစေသင့်ပါသည်။
..
တချို့မှာ အဖမ်းခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်ကြခြင်း ဖြစ်နိုင်ပါသည်။
မကျန်းမာသူ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပါ ပါဝင်နေကြသည်ဖြစ်ရာ အလွန်ဒုက္ခ ရောက်ရှာကြမည်ကို စဉ်းစားကြည့်ယုံနှင့် သိနိုင်ပါသည်။
..
အမှန်အတိုင်း သိစေ၍ ခွင့်လွှတ်ခြင်းသည် အကောင်းဆုံး လက်နက်ဖြစ်ပါသည်။
…..
…..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
..
https://www.straitstimes.com/asia/se-asia/myanmar-protesters-string-up-womens-clothes-for-protection-against-security-forces 

https://www.reuters.com/article/us-myanmar-politics-protest-yangon/myanmar-protesters-string-up-womens-clothes-for-protection-idUSKBN2AY0DX?il=0

+1

Leave a Reply

Your email address will not be published.