အယုဒ္ဓယဘုရားကျောင်းမြေနေရာနှင့်ပတ်သက်၍ တရားလွှတ်တော်ချုပ်ဆုံးဖြတ်ချက်အပေါ် အိန္ဒိယမွတ်စလင်တို့ ဆုံးဖြတ်ချက်ပေးမည်။ ဟိန္ဒူတို့အောင်ပွဲခံနေစဉ် မွတ်စလင်တို့ မပြတ်သားဟု ပွဲဆူရန် မီဒီယာအချို့ မီးထိုးပေးနေ

အယုဒ္ဓယရှိ ရာမအရှင်ဇာတိဘူမိ-ဘဘာရီဗလီ မြေနေရာပိုင်ဆိုင်မှု့အငြင်းပွားရာတွင် မြေ ၅-ဧကကို အခြားနေရာအစားထိုးရယူရန် အိန္ဒိယတရားလွှတ်တော်ချုပ်၏ လွန်ခဲ့သော တနင်္ဂနွေနေ့က အမိန့်ချမှတ်ခြင်းအပေါ် ၁၅ ရက်အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း အိန္ဒိယဆွန်နီမွတ်စလင်ဝါ့က်ဖ်ဘုတ်အဖွဲ့ ဗဟိုက ကြေညာသည်ဟု India Today က ယမန်နေ့ရေးသားသည်။

ဘဘာရီဗလီတည်ဆောက်ရန် တရားလွှတ်တော်ချုပ်က မြေနေရာအစားပေးခြင်းကို လက်ခံရန်အတွက် အစိုးရအာဏာပိုင်နှင့် အခြားသောမွတ်စလင်များ တွေ့ဆုံဆွေးနွေးပြီးနောက် ဆုံးဖြတ်ချက်ချမှတ်မည်ဆို၏။

ဆွန်နီ ဝါ့က်ဖ် ဘုတ်အဖွဲ့က ယခင်သဘောတူညီချက်မူကြမ်း အများအပြားကိုလည်း ထောက်ပြဆွေးနွေးမည်ဖြစ်ရာ အစိုးရထံမှ မွတ်စလင်တို့၏ ဝတ်ပြုရာနေရာများနှင့် အကာအကွယ်ရရှိရေးအတွက်လည်း ပါဝင်ဖွယ်ရှိသည်။

တရားလွှတ်တော်ချုပ်က မည်သည့်ဆုံးဖြတ်ချက် ချမှတ်သည်ဖြစ်စေ လက်ခံခြင်းမပြူဟု မွတ်စလင်လူ့အဖွဲ့အစည်း ထိပ်တန်းခေါင်းဆောင်အချို့က ဟောပြောလျှက်ရှိသည်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မွတ်စလင်များ ဥပဒေရေးရာအဖွဲ့ ( AIMPLB ) ကမူ ဆုံးဖြတ်ချက်အမိန့်ကို ပြန်လည်သုံးသပ်ရန် ချင့်ချိန်လျှက်ရှိကြောင်း၊ အမိန့်ပါ အချက်အလက်အချို့အတွက် ကြေနပ်မှု့မရှိကြောင်း၊ မွတ်စလင်တို့က တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်ကို လေးစားပြီး မွတ်စလင်တို့ လက်ခံနိုင်ခြင်းမရှိသည်တို့ကိုလည်း အလေးအနက်ထားကြောင်း ပြောဆိုသည်။

အရေးပါသောအဖှဲ့အစညွးတဈခုဖှဈသညွ့ ဂမှီးယတအွူလမာအိုငဟွိနဒြီ အဖှဲ့ကှီးကပှောဆိုရာတှငွ အမှားတဈဦးခငွှး အမှငဖွှငွ့ ပှနလွှနသွုံးသပနွမညွေ့အစား ယခုကိဈစအား ပှညဖွုံးကား ခစှလေိုသညဟွု ပါရှိသညွ။

ဘင်္ဂလားဒက်ရှ်ကမူ အယုဒ္ဓယရှိ ရာမအရှင်ဇာတိဘူမိ-ဘဘာရီဗလီ မြေနေရာပိုင်ဆိုင်မှု့အငြင်းပွားရာတွင် အိန္ဒိယတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အမိန့်နှင့် ပတ်သက်၍ မိမိနိုင်ငံ လူ့အဖွဲ့အစည်းအတွင်း မည်သည့်တင်းမာမှု့မျှ ဖြစ်စေလိမ့်မည်မဟုတ်ကြောင်း ပြောဆိုသည်။ အိန္ဒိယတစ်ဝှမ်း၌လည်း အလားတူ အေးချမ်းစွာ ဆက်လက်တည်ရှိနေမည် ထင်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမန်က ဒါကာမြို့ ဘင်္ဂလားဒက်ရှ် ကရာတေးဒိုအဖွဲ့ချုပ်၌ ကျင်းပသည့် တောင်အာရှကရာတေးချန်ပီယံဖလားပွဲတွင် သတင်းထောက်များအမေးကို ဖြေကြားသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

အိန္ဒိယတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အမိန့်ကို ဘာသာရေးအောင်မြင်မှုတစ်ရပ်အဖြစ် ဟိန္ဒူတို့က အောင်ပွဲခံ မြူးတူးလျှက်ရှိစဉ် မွတ်စလင်တို့၏ တုန့်ပြန်ချက်မှာ မပြတ်မသားရှိနေသည် ရေးသားသူမှာ Al Jazeera သတင်းဋ္ဌာနဖြစ်သည်။

၁၅၂၃-ခုနှစ်တွင် တည်ဆောက်၍ ၄-နှစ်အကြာတွင် ဖွင့်လှစ်ခဲ့သော ဘဘာရီဗလီကို ၁၉၉၂-ခုနှစ် ဒီဇင်ဘာ ၆-ရက်နေ့တွင် ဟိန္ဒူသဘောထားတင်းမာ သူတို့က ဒလကြမ်း ဝင်ရောက်ဖျက်ဆီး၍ ဗလီအမိုးခုံးပေါ်တွင် အလံများ ဝှေ့ရမ်းနေကြပုံ မှတ်တမ်းရုပ်သံနှင့် နောက်ဆက်တွဲ သွေးချောင်းစီးအဓိကရုန်း၌ သေဆုံးသူအများစုမှာ မွတ်စလင်များဖြစ်သည်ဟု ယမန်နေ့ သတင်းလွှင့်တင်ကြောင်း တွေ့ရှိရသည်။

ထို့ပြင် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အမိန့်ချမှတ်ပြီးနောက် အူတာပရာဒက်ရှ်ပြည်နယ်ရှိ လူမှုကွန်ယက်အသုံးပြုမှုကို ရဲတပ်ဖွဲ့က ဖြိုခွင်းလိုက်ကြောင်း ဖော်ပြသည်။ ပို့စ်ပေါင်း ၇,၆၈၁ – ခုတွင် ရေးသားသူတို့ကို အင်တာနက် အလွဲသုံးရာရောက်ကြောင်း သတိပေးခြင်း၊ ဖျက်ပစ်ရန် ညွှန်ကြားနှင့် အရေးယူခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းရေးသားသည်။

(( မြန်မာသတင်းမီဒီယာတို့သည် ဘိုးဝဇီရခေတ်မှသည် “ချစ်သူလည်း မသာစေရ၊ မုန်းသူလည်း မနာစေရ” မူကို အလေးထားခဲ့ကြပါသည်။ ကြားသိရသောသတင်းအတွက် သတင်းရင်းမြစ်ကို အတည်ပြုရာ၌ သက်ဆိုင်သည့် နှစ်ဖက်စလုံးကို လူတွေ့မေးမြန်းခြင်းမှာ အတော်ပင် အားကိုးထိုက်သည်။

သို့သော် နှစ်ဖက်စလုံးကို မေးမြန်းသည်မှန်သော်လည်း တစ်ဖက်တွင် လူအုပ်စုတစ်စုတည်း၊ တစ်ဦးတစ်ယောက်တည်းကိုသာ တစ်သမတ်တည်း မေးမြန်းနေပါက တစ်ဖက်သပ်အမြင်များသာ ရရှိမည်ဖြစ်သည်။ တည့်တည့်ပြောရလျှင် နှစ်ဖက်လုံးတွင် ဒေါင့်စုံအမြင်စုံအစား သူပုန်အမာခံဖက်က ပြောသမျှချည့်သာ ရွေးချယ်ဖော်ပြနေပါက ပညာသားပါပါ သူပုန်ဘောမလျှက် လူအများသေကြေကြစေရန် မီးထိုးပေးခြင်းဖြစ်လေသည်။

ဒါမျိုးကလည်း သိပ်လွယ်သည်တော့မဟုတ်။ ရွာထဲ တပ်မတော်စစ်ကြောင်းရောက်လာ၍ ကျောပိုးအိတ်များပင် မဖြုတ်ရသေးမီ တယ်လီဖုန်းအဆက်အသွယ်ရနိုင်ရေးမှာ သူပုန်အမာခံသာလျှင် ရှိလေရာ လူမွေးထားရသည်မှာလည်း တမုံ။ ။ သတင်းဘာသာပြန်သူ ))

((( India Today., Nov. 10 2019, “Ayodhya verdict: Sunni Waqf Board to take decision on accepting five-acre land for mosque in 15 days.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆို၍ ဆက်စပ်အခြားသတင်းများနှင့် ဖြည့်စွက်ဖော်ပြသည်။ )))

https://www.indiatoday.in/india/story/ayodhya-verdict-sunni-waqf-board-to-take-decision-on-accepting-five-acre-land-for-mosque-in-15-days-1617571-2019-11-10

https://bdnews24.com/world/south-asia/2019/11/10/ayodhya-verdict-will-not-cause-any-tension-in-bangladesh-foreign-minister-says

https://www.aljazeera.com/news/2019/11/hindus-rejoice-muslim-reaction-mixed-ayodhya-verdict-191109131954176.html

https://www.aljazeera.com/news/2019/11/india-cracks-social-media-religious-site-ruling-191110190059008.html

#အယုဒ္ဓယရာမအရှင်ဇာတိဘူမိ-ဘဘာရီဗလီအငြင်းပွားမှု့ #အိန္ဒိယတရားလွှတ်တော်ချုပ် #အိန္ဒိယဆွန်နီမွတ်စလင်ဝါ့က်ဖ်ဘုတ်အဖွဲ့ဗဟို #အိန္ဒိယနိုင်ငံလုံးဆိုင်ရာမွတ်စလင်များဥပဒေရေးရာအဖွဲ့

0

Leave a Reply

Your email address will not be published.