အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် သေချာပေါက်တက်ရောက်မည်။ အဆင့်မြင့်စစ်အရာရှိ ၁၁ ဦး နေအိမ်အကျယ်ချုပ်ကျခံနေရကြောင်း လူမှုကွန်ယက်၌ ရေးသားနေမှုများမှာ ကောလာဟလဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆို

[ရန်ကုန်/ဘန်ကောက်။ နစ်ကီအေးရှား] ဧပြီ ၂-ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပမည့် #အာဆီယံထိပ်သီးအစည်းဝေးသို့ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်း ရှိ-မရှိ Nikkei ၏ မေးမြန်းချက်ကို ကိုယ်တိုင်သေချာပေါက်တက်ရောက်မည်ဖြစ်ကြောင်း #မြန်မာ့တပ်မတော်ပြောရေးဆိုခွင့်ရှိသူ_ ဗိုလ်ချုပ်ဇော်မင်းထွန်း က ယနေ့ ၁၁ နာရီ ၄၅ မိနစ်၌ ဖြေဆိုသည်။

ထို့ပြင် မြန်မာအဆင့်မြင့်စစ်ဘက်အရာရှိ ၁၁ ဦးတို့အား နေအိမ်အကျယ်ချုပ်ချထားကြောင်း လူမှုကွန်ယက်၌ ရေးသားနေမှုများမှာ ကောလာဟလသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုသည်။

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ် မင်းအောင်လှိုင်သည် စနေနေ့ ဂျကာတာတွင် ကျင်းပမည့် အရှေ့တောင်အာရှ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်မည်ဟု သိရှိရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး_ ဟီရှာမူဒင်_ဟိုစိန်က Reuters သတင်းအေဂျင်စီသို့ ပြောကြားသည်ဟု Nikkei Asia က ယနေ့ ရေးသားသည်။

((ကိုဗစ်ကာလ အာရှနိုင်ငံအတော်များများတွင် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထားပြီး ကွာရန်တင်းသတ်မှတ်မှုများ ပြဋ္ဌာန်းထား၍ ဂျာကာတာအာဆီယံထိပ်သီးအစည်းအဝေးကို ယခင် ဦးဝဏ္ဏမောင်လွင်တက်ရောက်သည့် အရေးပေါ်အစည်းအဝေးနည်းတူ Video Conferencing ဖြင့် ကျင်းပမည်ဟု မှတ်ယူရပါသည်။

မကြာသေးမီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးသို့လည်း အခြားအာရှစစ်အရာရှိကြီးများနည်းတူ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

(((Nikkei Asia., April 21, 2021,” Myanmar coup latest: Junta says Min Aung Hlaing will attend ASEAN summit.Military denies arrest of high-ranking officers; National Unity Government outlawed.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဂျာကာတာ_အာဆီယံထိပ်သီးအစည်းအဝေး #ဗိုလ်ချုပ်မှူးကြီး_မင်းအောင်လှိုင်

#မြန်မာအဆင့်မြင့်စစ်အရာရှိ_၁၁-ဦး_ထိန်းသိမ်းခံရကြောင်း_ကောလဟလ

https://asia.nikkei.com/Spotlight/Myanmar-Coup/Myanmar-coup-latest-Junta-says-Min-Aung-Hlaing-will-attend-ASEAN-summit?fbclid=IwAR1xRVZUJvdn2c0e0kXiD0ZkgowqfLnz24dXZ8kjlo9OPyI8C0qYX-3lzeU
+1

Leave a Reply

Your email address will not be published.