အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဋ္ဌာန အတည်ပြု။ ဖြုတ်ချခံလွှတ်တော်အမတ်များနှင့် ဆွေးနွေးခဲ့သော်လည်း ၎င်းတို့ဖာသာ လွှတ်တော်ကိုယ်စားပြု ကော်မတီဟု ခေါ်ဆိုသော CRPH ကို ဖိတ်ကြားခဲ့ဖူးခြင်း မရှိ


[ ဘန်ကောက်၊ အေအက်ဖ်ပီ၊ ရိုက်တာ ] မကြာမီ ကျင်းပမည့် #အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များ_အထူးအစည်းအဝေးသို့ မြန်မာစစ်ကောင်စီခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဋ္ဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က စနေ (ဧပြီ-၁၇) နေ့၌ အတည်ပြုသည်ဟု AFP နှင့် Reuters သတင်းကို စင်္ကာပူအခြစိုက် The Straits Times က ယနေ့ ကူးယူဖော်ပြသည်။

…   
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ခေါင်းဆောင်တော်တော်များများက ၎င်းတို့တက်ရောက်မည်ကို အတည်ပြုခဲ့ကြကြောင်း ထိုင်းပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များအား ပြောကြားသည်။

…   
၁၀-နိုင်ငံပါဝင်သော အာဆီယံအုပ်စု၏ အစည်းအဝေးသည် ဧပြီ ၂၄-ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပမည်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကို ဖြေရှင်းရန် မျှော်လင့်ထားသည်။

…  
ဒီမိုကရေစီအရေး ထင်ရှားသူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအား စစ်ဖက်က ဖြုတ်ချပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုများနှင့် ကစင့်ကလျား ဖြစ်လျှက်ရှိသည်။

…  
လူအများတို့သည် တစ်နေ့ပြီး တစ်နေ့ လမ်းများပေါ်သို့ ထွက်ကာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို တောင်းဆိုလျှက်ရှိကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် အသတ်ခံရသူပေါင်း ၇၀၀ ကျော်ပြီဖြစ်ကြောင်း စောင့်ကြည့်သူ အုပ်စု၏ အဆိုအရ သိရှိရသည်။

…   
စစ်အစိုးရက ဖြုတ်ချထားသော #အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင် #အမျိုးသား_ညီညွှတ်ရေး_အစိုးရ #NUG ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သောကြာနေ့၌ ကြေညာခဲ့သည်။ အာဆီယံ၏ မည်သည့်အကူအညီမဆို ထိန်းထိန်သိမ်းသိမ်း ရှိသင့်ကြောင်း၊ ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တက်ရောက်ခွင့် မပြုသင့်ကြောင်း အဆိုပါ NUG က ပြောဆိုသည်။

…   
ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးအချို့နှင့် အာဏာပိုင်တို့သည် မြန်မာနိုင်ငံမှ ဖြုတ်ချခံထားရသော လွှတ်တော်အမတ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့ဖာသာ #လွှတ်တော်ကိုယ်စားပြု_ကော်မတီဟု ခေါ် ဆိုသော #CRPH ကို အစည်းအဝေးသို့ ဖိတ်ကြားခဲ့ဖူးခြင်း မရှိချေ။

အာဏာသိမ်းပြီးချိန်မှစ၍ အများလူထု အလုံးအရင်းဖြင့် ဖီဆန်အံတုမှုကြောင့် စီးပွားရေးပြိုလဲလျှက်ရှိခြင်း၊ တပ်မတော်နှင့် တိုင်းရင်းသားအုပ်စုများအကြား လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်ပေါ်ပေါက်လာခြင်းများဖြင့် မြန်မာနိုင်ငံ၏ သွေးထွက်သံယိုမှုများအတွက် စိုးရိမ်လျှက်ရှိသည့် အာဆီယံသည် သံတမန်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ခဲ့သည်။

…  
မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ ဖြစ်သဖြင့် အာဆီယံက ကြားဝင်စေ့စပ်ဖြန်ဖြေခြင်းသည် ပြဿနာကို ဖြေရှင်းရန် သော့ချက်ဖြစ်နိုင်သည်။

…   
ထိပ်သီးအစည်းအဝေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအဝင် ချဉ်းကပ်မှု များကို စဉ်းစားရာ၌ မြန်မာ့တပ်မတော်နှင့် ဖြုတ်ချခံ အရပ်သားအစိုးရတို့အကြား ဆွေးနွေးပွဲများအတွက် ရှေ့ပြေးဖြစ်ဖွယ်ရှိကြောင်း ဒေသဆိုင်ရာသံတမန်နှစ်ဦး၊ မလေးရှား အစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ်တို့အရ သိရှိရသည်။

(((Straits Times, 17 Apr 2021, “Myanmar’s junta leader ‘confirmed’ attending Asean meeting: Thai foreign minister.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အာဆီယံထိပ်သီး_အထူးအစည်းအဝေး #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

https://www.straitstimes.com/asia/se-asia/myanmars-junta-leader-confirmed-to-attend-asean-meeting-thai-foreign-minister 

==============

+1

Leave a Reply

Your email address will not be published.