အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး အင်ဒိုနီးရှား၌ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်။ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားစေရေး ပါဝင်ပတ်သက်သူအားလုံးတို့က လှုံ့ဆော်ခြင်းမပြုရန်၊ အဖက်ဖက်တို့က ထိန်းထိန်းသိမ်းသိမ်းနှင့် လိုက်လျောညီထွေရှိရေး အမြန်ဆုံး လုပ်ဆောင်ရန်တိုက်တွန်း


မြန်မာနိုင်ငံ၏ ဖြစ်ပျက်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဒေသတွင်း ခေါင်းဆောင်များ ဆွေးနွေးမည့်အစီအစဉ်ကို ထောက်ခံကြောင်း #အာဆီယံ ခေါ် #အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံက တနင်္လာနေ့တွင် ပြောဆိုပြီးနောက် အင်ဒိုနီးရှားနိုင်ငံ_ဂျာကာတာမြို့တွင် စည်းဝေးပွဲပြုလုပ်နိုင်ရေးအတွက် ပြင်ဆင်ကြပါရန် တာဝန်ရှိသူများအား တိုက်တွန်းလိုက်သည်ဟု Reuters က ယနေ့ ရေးသားသည်။…   
ရွေးကောက်တင်မြှောက်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအား ဖယ်ရှားကာ စစ်ဘက်က အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားလျှက်ရှိရာ ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ထားသည့် နိုင်ငံတဝှန်း သေဆုံးသူ ၅၅၇-ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောဆိုသည်။…   
အဖွဲ့ဝင်နိုင်ငံအချင်းချင်း၏ ပြည်တွင်းရေး၌ ဝင်ရောက် မစွက်ဖက်ရေးမူဝါဒကို ကြာမြင့်စွာ စွဲကိုင်ခဲ့သည့် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံလည်း အဖွဲ့ဝင်သော အာဆီယံ၌ စေ့စပ်ညှိနှိုင်းအဖြေရှာရန်  ဦးဆောင်ကြိုးပမ်းလျှက်ရှိသည်။…  
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ အာဆီယံခေါင်းဆောင်းများ တွေ့ဆုံဆွေးနွေးကြရန် နှစ်နိုင်ငံခေါင်းဆောင်တို့က သဘောတူညီကြောင်း #မလေးရှားဝန်ကြီးချုပ်_မိုယက်ဒင်_ယာဆင်နှင့် #ဘရူနိုင်းဘုရင်_ဆူလ်တန်_ဟာဆာနယ်လ်_ဘိုကီးယား တို့၏ တွေ့ဆုံမှုအပြီး တနင်္လာနေ့၌ ပူးတွဲသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။…  
ခေါင်းဆောင်နှစ်ဦးစလုံးတို့က မြန်မာနိုင်ငံတွင်သေဆုံးမှုများပြားလာခြင်းအပေါ် စိုးရိမ်ကြောင်း ပြောကြားသော်လည်း မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမည့်ရက်ကို ဖော်ပြခြင်းမရှိပေ။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ အားလုံးတို့အနေဖြင့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားစေရေး လှုံ့ဆော်ခြင်းမပြုရန်၊ အဖက်ဖက်တို့သည် ထိန်းထိန်းသိမ်းသိမ်းနှင့် လိုက်လျောညီထွေရှိရေး အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထုတ်ဖော်ပြောကြားသည်။…
အာဆီယံသည် အများသဘောတူညီမှုဆုံးဖြတ်ချက်ဖြင့် လည်ပတ်နေခြင်းဖြစ်သော်လည်း အဖွဲ့ဝင် ၁၀-နိုင်ငံတို့အကြား မတူကွဲပြားသော အမြင်များက အရပ်သားများအပေါ် တပ်မတော်၏ သေစေလောက်သော အင်အားအသုံးပြုခြင်းကို တုံ့ပြန်ရန်နှင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုရသည့် မူဒါဒတို့က အဖွဲ့၏ လုပ်ဆောင်နိုင် စွမ်းကို ကန့် သတ်ထားသည်။

မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့က ကန့်ကွက်ဆန္ဒပြသူများ သတ်ဖြတ်ခံနေရမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။ အဆိုပါနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာအပေါ် သြဇာလွှမ်းသော မြောက်ပိုင်းအိမ်နီးချင်း တရုတ်နိုင်ငံနှင့် လွန်ခဲ့သော ရက်သတ္တပတ်၌ တွေ့ဆုံခဲ့သည်။

(((Reuters., April 5th, 2021,” Asean leaders to meet over Myanmar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#မြန်မာအရေးအာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမည်

https://www.reuters.com/article/us-myanmar-politics-asean/asean-leaders-to-meet-over-myanmar-chair-brunei-says-idUSKBN2BS0HB
https://www.dhakatribune.com/world/south-east-asia/2021/04/05/asean-leaders-to-meet-over-myanmar
https://www.todayonline.com/world/malaysia-and-brunei-say-agreed-asean-leaders-discuss-myanmar

0

Leave a Reply

Your email address will not be published.