အာဆီယံနိုင်ငံထိပ်သီးများ အလွတ်သဘောစည်းဝေးပွဲတွင် မြန်မာနိုင်ငံအကြပ်အတည်းအဖြေရှာရေး ခိုင်မာသည့် ဘုံသဘောတူညီမှု မရရှိ။ဒေါ်စုအပါအဝင်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန် အားလုံးသဘောတူခြင်း မရှိ၊ ဒေါ်စုအပြတ်အသတ်အနိုင်ရခဲ့သည်ဆိုသော နိုဝင်ဘာရွေးကောက်ပွဲ ကွဲလွဲချက်များကို အာဆီယံက စုံစမ်းစစ်ဆေးလို


( ဂျာကာတာ ) လွန်ခဲ့သည့်လတွင် အာဏာသိမ်းယူခံခဲ့ရသော မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အင်္ဂါနေ့တွင် အရှေ့တောင်အာရှနိုင်ငံများ၏ ထိပ်သီးစည်းဝေးဆွေးနွေးမှုမှာ အခက်အခဲများ ကျော်လွှားရန် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ဆွေးနွေးပွဲအကြောင်း သိရှိသူများက ပြောဆိုသည်ဟု Business Times က ယမန်နေ့ရေးသားသည်။

..
၁၀ နိုင်ငံပါဝင်သည့် အာဆီယံအုပ်စု၏ ဗွီဒီယိုကွန်ဖရင့်မှတဆင့်ကျင်းပသည့် #အလွတ်သဘော_အစည်းအဝေးသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာ့တပ်မတော်က ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်သည်။

..  
အစည်းအဝေးအပြီးတွင် #အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက မိန့်ခွန်းပြောကြားရာ၌ တင်းမာမှုမြင့်တက်လာခြင်းကို အာဆီယံအုပ်စုအနေဖြင့် အဖြေရှာရေးအတွက် တပ်မတော်အစိုးရက ခွင့်ပြုရန် တောင်းဆိုလိုက်သည်။ နှစ်ဘက်ဟန်ချက်ညီဆောင်ရွက်ရန်အတွက် မြန်မာက တံခါးဖွင့်ထားခြင်း မရှိလျှင် အာဆီယံ၏ ရည်ရွယ်ချက်ကောင်းများနှင့် အဆင်သင့်ဖြစ်မှုများမှာ အဓိပ္ပာယ်မဲ့ရလိမ့်မည်ဖြစ်ကြောင်းပြောဆိုသည်။

..   
ဒီမိုကရေစီနိုင်ငံများ၊ ကွန်မြူနစ်နိုင်ငံများ၊ အာဏာရှင်ဆန်ဆန်အစိုးရများ၊ အကြွင်းမဲ့ပဒေသရာဇ်စံနစ်ကျင့်သုံးသည့်နိုင်ငံများဖြင့် စုစည်းထားသည့် အာဆီယံအဖွဲ့ကြီး၏ အစည်းအဝေးမှာ ခိုင်မာသည့် ဘုံသဘောတူညီမှု မရရှိခဲ့ကြောင်း သံတမန်သတင်း ၂-ခုအရ သိရှိရသည်။

..      
အစည်းအဝေးရလဒ်နှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံက ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း၊ ( တင်းမာမှုတွင် ) ပါဝင်ပတ်သက်သူအားလုံးတို့အနေဖြင့် နောက်ထပ်အကြမ်းဖက်ရေး လှုံ့ဆော်ခြင်းမှ ရှောင်ကြဉ်ရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

..  
အစည်းအဝေးတွင် #စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး_ဗီဗီယန်ဘလက်ခရစ်ရှာနန်ကမူ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အကူအညီပေးရန် အသင့်ရှိမှုမှာ အလားအလာကောင်းများ သယ်ဆောင်ပြီး အပြုသဘောဆောင်သည့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အာဆီယံ၏ ဘုံအနေအထားကို ရှာဖွေရန် မစွမ်းနိုင်ခြင်းက အဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုတွင် အားနည်းချက်ကို သိသာထင်ရှားစေပြီး ယုံကြည်ကိုးစားမှုနှင့ ်ဆက်စပ်မှုကို လျော့နည်းစေလိမ့်မည်ဖြစ် ကြောင်း၊ လက်နက်မဲ့ အရပ်သားများအပေါ် အသက်အန္တရာယ်ထိခိုက်လောက်သည့် အင်အားအသုံးပြုမှုကို ခွင့်မပြုနိုင်ကြောင်း၊ အာဆီယံ၏ ပြည်ပမိတ်ဖက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ကျယ်ပြန့်စွာ ချမှတ်ခြင်း မပြုရန် တိုက်တွန်းကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

..   
အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်တောင်းဆိုသည်။ သို့သော် ထိပ်သီးအစည်းအဝေးတွင် အဆိုပါအချက်ကို အဖွဲ့ဝင်အားလုံးက သဘောတူခြင်းမရှိပေ။

..   
ဒေသတွင်းလူဦးရေအထူထပ်ဆုံးနှင့် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် မြန်မာနှင့်ပတ်သက်၍ အာဆီယံသံတမန်ရေးရာ ကြိုးပမ်းမှုများကို ဦးဆောင်နေပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုသည်။ ( မြန်မာနိုင်ငံတွင် ) ဒီမိုကရေစီကို ပြန်လည်ထူထောင်နိုင်အောင် ကြိုးစားသင့်ပြီး မြန်မာပြည်သူတို့၏ဆန္ဒ၊ စိတ်ပါဝင်စားမှုနှင့် အသံများကို လေးစားရမည်ဖြစ်ကြောင်း၊ လူစုလူဝေးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းရာတွင် လူ ၂၁-ဦး သေဆုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံ၏အကျပ်အတည်းများကို အာဆီယံက ဖြေရှင်းရာတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်နှင့ ်ဥရောပသမဂ္ဂတို့က ပါဝင်ဝင်ဆောင်ရွက်ရန်တိုက်တွန်းသည်။

..  
အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်း၏ သတင်းထုတ်ပြန်ချက်တွင် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို မဝေးသောကာလ၌ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

..   
အစည်းအဝေးတွင် ပြောကြားခဲ့သော အကြံပြုချက်များအနက် အာဆီယံလုပ်ငန်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်နိုင်ရန် အင်ဒိုနီးရှားက ပြောဆိုသည်။ #မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟီရှမ်မုဒင်ဟူစိန်ကမူ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ်အနိုင်ရခဲ့သည်ဆိုသော နိုဝင်ဘာ ရွေးကောက်ပွဲတွင် တွေ့ရှိရသည့် ကွဲလွဲချက်များကို အာဆီယံအဖွဲ့က စုံစမ်းစစ်ဆေးရန် အဆိုပြုသည်။

..  
လွတ်လပ်သော စောင့်ကြည့်သူများက ရွေးကောက်ပွဲမှာ ပြည်သူတို့၏ဆန္ဒကိုရောင်ပြန်ဟပ်သည်ဟု ဆိုသော်လည်း မဲမသမာမှုများဖြေရှင်းပေးရန် မြန်မာ့တပ်မတော်က တောင်းဆိုပြီးနောက် အာဏာသိမ်းယူခဲ့သည်။

..  
တပ်မတော်၏ ယခင်အုပ်ချုပ်မှုကာလ မြန်မာနိုင်ငံသည် နိုင်ငံတကာအတိုင်းအတာဖြင့် အထီးကျန်ဖြစ်ခဲ့ဖူးaကြာင်း စင်္ကာပူနှင့် မလေးရှား နှစ်နိုင်ငံစလုံးက ပြောဆိုသည်။
..
(( ယမန်နေ့ မတ်-၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော အာဆီယံဥက္ကဋ္ဌ၏ #အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏_အလွတ်သဘောဆွေးနွေးပွဲ_(IAMM) နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် စုစုပေါင်း အချက် ( ၁၀ ) ချက် ပါဝင်သည်။
..
အပိုဒ် ( ၁ ) မှ ( ၇ ) အထိမှာ အာဆီယံ၏ မူဝါဒ ဘုံသဘောထားများ၊ အမေရိကန်-တရုတ်-ရုရှားနိုင်ငံကြီးများနှင့် တန်းတူဆွေးနွေးပွဲများကျင်းပရေးနှင့် တောင်တရုတ်ပင်လယ်အရေးတို့ဖြစ်သည်။
..
အပိုဒ် ( ၈ ) မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း၊ တင်းမာမှုတွင် ပါဝင်ပတ်သက်သူအားလုံးတို့အနေဖြင့် နောက်ထပ်အကြမ်းဖက်ရေး လှုံ့ဆော်ခြင်းမှ ရှောင်ကြဉ်ရန် တောင်းဆိုကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အလားအလာကောင်းများ သယ်ဆောင်ပြီး အပြုသ ဘောဆောင်သည့် အကူအညီပေးရန် အသင့်ရှိကြောင်း၊

..   
အပိုဒ် ( ၉ ) တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က ပါဝင်ပတ်သက်သူတို့အနေဖြင့် နိုင်ငံရေးအရ ထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးရန် ပြောဆိုသည်ကို အာဆီယံက ကြားသိကြောင်း ( အာဆီယံ၏ သဘောထားကို မဖော်ပြ )

..  
အပိုဒ် ( ၁၀ ) မှာ မျက်မှောက် နိုင်ငံတကာအစည်းအဝေးတိုင်း မပါလျှင်မပြီးသည့် ဒုက္ခသည်ဘင်္ဂါလီများအရေးဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နားလည်မှုစာချွန်လွှာအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။ သို့သော် ယခင်မြန်မာအစိုးရများအဆက်ဆက် တက်ရောက်သည့် ဆွေးနွေးပွဲကြေညာချက်များနည်းတူ #ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်းကို ရှောင်ကွင်းထားသည်။
..
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြပ်အတည်းနှင့် ပဋိပက္ခများ၏ မူလအရင်းအမြစ်မှာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အငြင်းပွားရာမှ စတင်ခြင်းဖြစ်သည်။ ထို့ကြောင့် မဲမသမာကြောင်း စွပ်စွဲချက်ကို ပါးစပ်ပြောနှင့် မပြီးပဲ လက်တွေ့ သက်သေပြရန် အထူးတလည် လိုအပ်သည်။

..  
ယမန်နေ့ အာဆီယံထိပ်သည်းအစည်းအဝေးမှာ ခိုင်မာသည့် ဘုံသဘောတူညီချက် ထွက်ပေါ်လာခြင်း မရှိသော်လည်း မြန်မာနိုင်ငံအကြပ်အတည်းအား အဖြေရှာရေး လမ်းစများ ပါဝင်နေသည်။

..  
မဲမသမာမှု့အား သက်သေအထောက်အထားပြသရာတွင် ယုံကြည်စိတ်ချရသည့် ကြားခံနိုင်ငံများ မပါဝင်ပဲ မဖြစ်နိုင်ပါ။ ဤနေရာတွင် အာဆီယံအဖွဲ့မှာ အကောင်းဆုံး အသင့်လျော်ဆုံးဖြစ်ကြောင်း ယုံကြည်ပါသည်။
..
သို့သော် ထွက်ပေါ်လာသည့် သက်သေများမှာ တပ်မတော်က ပြောဆိုသည့်အတိုင်း မဲမသမာကြောင်း ထင်ရှားသော်လည်း တစ်ဖက်က လက်မခံဟု ဆိုပါလျှင် ဘာတွေဆက်ဖြစ်နိုင်သည်ကို ကျွန်တော်လည်း ဉာဏ်မမီပါကြောင်း။      ။ သတင်းဘာသာပြန်သူ ))
..
#အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအလွတ်သဘောဆွေးနွေးပွဲနှင့်မြန်မာနိုင်ငံ
..
((( Business Times., MAR 02, 2021,” No breakthrough on Myanmar crisis at Asean meeting.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘသာပြန်ဆိုသည်။ )))

..    
https://www.businesstimes.com.sg/government-economy/no-breakthrough-on-myanmar-crisis-at-asean-meeting
https://asia.nikkei.com/Spotlight/Myanmar-Coup/ASEAN-ministers-urge-Myanmar-to-find-domestic-solution-to-crisis
https://thediplomat.com/2021/03/asean-prepares-to-convene-first-meeting-on-myanmar-crisis/ 

Leave a Reply

Your email address will not be published.