အာဆီယံနိုင်ငံများ ဝေဖန်လျှက်ရှိစဉ် အကျပ်အတည်းနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ ခုခံတုန့်ပြန်။ ဆယ်စုနှစ်ကြာမျှ ဒီမိုကရေစီသို့ဦးတည်သည့် ခြေလှမ်းများလှမ်းခဲ့ပြီးနောက် မဲမသမာကြောင်း တိုင်ကြားချက်များကို ရွေးကော်ဟောင်းက လျစ်လျူရှုခဲ့၍ အာဏာသိမ်းယူရခြင်းဟု ဆို


မငြိမ်မသက်မှုများ အဆုံးသတ်ရေး ဒေသတွင်းသဘောတူညီချက်အား အကောင်အထည်ဖော်ရန်ရည်ရွယ်သည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ အစည်းအဝေးတွင် မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ ဒီမိုကရေးစီပြန်လည်ထူထောင်ရေးအစီအစဉ်ကို ခုခံပြောဆိုကြောင်း နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် ရေးသားလိုက်သည်ဟု Reuters က ယနေ့ဖော်ပြသည်။…    
အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ အတိုက်အခံများနှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် ကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့် ဧပြီလနှောင်းပိုင်းက သဘောတူညီချက်များကို လေးစားလိုက်နာရန်အာဆီယံ၏ တောင်းဆိုချက်များကို စစ်အစိုးရက အနည်းငယ်မျှသာ အာရုံစိုက်ခဲ့သည်။…  
ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီ ၁-ရက်နေ့ နောက်ပိုင်း မငြိမ်မသက်မှုများ အဆုံးသတ်ရေးအတွက် တနင်္လာနေ့ တရုတ်နိုင်ငံ ချုံကင်းမြို့တွင် ပြုလုပ်သည့် အစည်းအဝေး၌ မြန်မာ၏ အလွန်နှေးကွေးသည့် တိုးတက်ပြောင်းလဲမှုများအပေါ် အလွန်စိတ်ပျက်မိကြောင်း အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော်ပြောဆိုသည်။…   
ဖေဖော်ဝါရီလ၌ စစ်တပ်ကအာဏာသိမ်းမှုအပြီး ကြေညာခဲ့သည့် မြန်မာနိုင်ငံအတွက် စည်းကမ်းပြည့်ဝစစ်မှန်သော ဒီမိုကရေစီစံချိန်စံညွှန်များးနှင့်အညီ  ကိုယ်ပိုင်လမ်းပြမြေပုံ ၅-ချက်နှင့် တိုးတက်မှုများကို အာဆီယံ-တရုတ်နိုင်ငံ ခြားရေးဝန်ကြီးများ၏အစည်းအဝေး၌ စစ်အစိုးရခန့်အပ်ထားသည့်နိုင်ငံခြားရေး ဦးဝဏ္ဍမောင်လွင်၏ ရှင်းလင်း ပြောကြားချက်များကို နိုင်ငံပိုင် Global New Light of Myanmar က ကိုးကားဖော်ပြသည်။…   
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက သိမ်းကျုံးအနိုင်ရခဲ့သော နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုများဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးက စွပ်စွဲလိုက်ပြီး ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်းခြင်းအပါအဝင် COVID-19 ရောဂါတားဆီးကာကွယ်ရေးအစီအစဉ်တို့ကို ထောက်ပြ ပြောဆိုခဲ့သည်။…  
ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီသို့ဦးတည်သည့် ခြေလှမ်းများ လှမ်းခဲ့ပြီးနောက် မဲမသမာကြောင်း တိုင်ကြားချက်များ ကို ရွေးကောက်ပွဲကော်မရှင်အဟောင်းက လျစ်လျူရှုခဲ့ကြောင်း အာဏာသိမ်းယူရခြင်းကို ခုခံပြောဆိုသည်။…  
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း ၄၅၀၀ ကျော်တို့အား ထိန်းသိမ်းထားရခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုရန် စစ်အစိုးရက ပျက်ကွက်ခဲ့သည်။…  
လုံခြုံရေးတပ်ဖွဲ့များလက်ချက်ဖြင့် ဆန္ဒပြသူ အနည်းဆုံး ၈၄၉ ဦးတို့ အသတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့ကပြောကြားသော်လည်း သောင်းကျန်းမှုများ ပျံနှံ့လျက်ရှိသည့် ဒေသများစွာတို့၌ အဆိုပါအရေအတွက်ကို စစ်တပ်က အငြင်းပွားလျှက်ရှိနေသည်။…  
မငြိမ်မသက်မှုများကြောင့် စိုးရိမ်ပူပန်လျှက်ရှိသည့် အာဆီယံအဖွဲ့ဝင်များ၏ အကျပ်အတည်းကိုအဆုံးသတ် ရေးသဘောတူညီမှုတွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်၊ အကြမ်းဖက်မှုအဆုံးသတ်ရန်၊ မြန်မာပြိုင်ဘက်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုလျှက်ရှိသည်။…   
သို့သော် အာဆီယံ၏အဆိုပြုချက်ကို မြန်မာဝန်ကြီးက ကိုးကားရာတွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့်ရက်သတ္တပတ်က အာဆီယံသံတမန်နှစ်ဦး၏ ခရီးစဉ်အတွင်း ၎င်းနှင့် အလေးအနက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။…  
စစ်အစိုးရအား ဆန့်ကျင်သူများကမူ အာဆီယံ၏ နစကအပေါ် ဖိအားပေးနိုင်ခြင်းနှင့် အခြားနိုင်ငံရေးပါတီများ၊ အထူးသဖြင့်ဖြုတ်ချခံထားရသောအစိုးရအဖွဲ့များပါဝင်ခြင်းမရှိခြင်းသည့် ဆွေးနွေးပွဲတို့ကို စိတ်ပျက်မှုများ တိုးပွားလာသည်။ စစ်အစိုးရက ၎င်း၏ပြိုင်ဘက်များအား အကြမ်းဖက်သမားများဟုတံဆိပ်ကပ်ခဲ့သည်။…  
မြန်မာနိုင်ငံအနေဖြင့် သဘောတူညီမှုကို အကောင်အထည်ဖော်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လိုကြောင်း စစ်အစိုးရခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်သံအမတ်အားပြောကြားသည်ဟု တရုတ်အစိုးရပိုင် Global Times သတင်းစာက ရေးသားသည်။…  
တနင်္လာနေ့ အစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောကြားရာတွင် တရုတ်နိုင်ငံ၏ အကူအညီက အလွန်အမင်းတန်ဖိုးထားခံရမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမှုရရှိရန်အတွက် အထောက်အကူပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။…  
အာဏာသိမ်းမှုကို ဆန့်ကျင်သော အတိုက်အခံများဖြင့် ဖွဲ့စည်းထားသည့် ရှဲဒိုးအစိုးရကမူ စစ်အစိုးရအကြီးအကဲအား မြန်မာခေါင်းဆောင်အဖြစ် ခေါ်ဝေါ်သုံးနှုန်းခြင်းအတွက် မြန်မာပြည်ရှိတရုတ်သံရုံးကို ဝေဖန်ရှုတ်ချလိုက်သည်။

#အာဆီယံ-တရုတ်ချုံကျင်းအစည်းအဝေး

((( Reuters., 08 Jun 2021, “Myanmar junta defends response to crisis amid Southeast Asian criticism.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://bdnews24.com/world/south-east-asia/2021/06/08/myanmar-junta-defends-response-to-crisis-amid-southeast-asian-criticism 

0

Leave a Reply

Your email address will not be published.