လွန်ခဲ့သည့် ရက်သတ္တပတ်၌ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော မြန်မာနိုင်ငံအား အနှောင်အဖွဲ့မရှိ အရေးပေါ်အကူအညီပေးရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာအစိုးရသို့ အမေရိကန်ဒေါ်လာသန်း ၃၅၀ ရှိသည့် ငွေသားပမာဏကို ပေးပို့ခဲ့သည်ဟု The Straits Times ( Feb 3, 2021 ) က ဖော်ပြသည်။..
ထိုမှ ရက်အနည်းငယ်အကြာတွင် ရွေးကောက်တင်မြှောက်ခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားရွေးကောက်တင်မြှောက်ခြင်းခံရသည့် အရာရှိများကို မြန်မာ့တပ်မတော်က ထိန်းသိမ်းခဲ့ရာ အာဏာသိမ်သည့် အဓိပ္ပါယ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့၌ ပြောဆိုသည်။..
Covid-19 ရောဂါဖြစ်ပွားစဉ် ချက်ခြင်းငွေထုတ်ပေးသည့် အစီအစဉ်အရ သတ်မှတ်ချက်လုံးဝနီးပါးမရှိဘဲ IMF ဘုတ်အဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ IMF အနေဖြင့် ရန်ပုံငွေများကို ပြန်လည်ရရှိရန် အခွင့်အလမ်းအနည်းငယ်သာ ရှိသည်ဟု နိုင်ငံတကာဘဏ္ဍာရေးနှင့် ငွေပေးချေမှု ကျွမ်းကျင်သူများက ပြောဆိုကြောင်း သိရှိရသည်။..
ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်း၊ စီးပွားရေးဖြစ်စဉ်များအပေါ် အကျိုးသက်ရောက်မှုနှင့် မြန်မာပြည်သူလူထုတို့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ငွေပေးမှု အပြီးသတ် အောင်မြင်ခဲ့သည်မှာ လွန်ခဲ့သည့် ရက်သတ္တပတ်၌သာ ရှိသေးကြောင်း IMF ၏ပြောရေးဆိုခွင့်ရှိသူက Reuters သတင်းအေဂျင်စီထံ အီးမေးလ်ဖြင့် ပေးပို့သည့် ပြန်ကြားချက်တွင် အတည်ပြုထားသည်။..
လွန်ခဲ့သော ရက်သတ္တ နှစ်ပတ်ခန့်က စတင်တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် ပထမဆုံးသော နိုင်ငံတကာအကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူပိတ်ဆို့မှုအသစ်များဖြင့် ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရှေ့တောင်အာရှဒေသရှိ ( မြန်မာနိုင်ငံ၏ ) နိုင်ငံခြားအကူအညီများကို ပြန်လည်သုံးသပ်မည်ဟု ပြောကြားပြီးဖြစ် နေသည်။
..
လွန်ခဲ့သော ၇-လအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာလ မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၇၀၀ အရေးပေါ်ငွေကြေးထောက်ပံ့ခဲ့သည့် IMF တွင် အမေရိကန်ပြည်ထောင်စုမှာ အဓိက ငွေကြေးထည့်ဝင်သူ ဖြစ်သည်။ IMF မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၁၆.၆ သန်း အပါအဝင် Rapid Financing Instrument အဖြစ် အမေရိကန်ဒေါ်လာ ၂၃၃.၄ သန်း ပေးအပ်ခဲ့သည်။..
ရန်ပုံငွေအဖွဲ့၏ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ အဆိုပါငွေများမှာ Covid-19 ရောဂါကာလ မြန်မာနိုင်ငံအတွက် “urgent balance-of-payments “ လိုအပ်ချက်အရ ဖြစ်ကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် မြန်မာအစိုးရ၏ မက်ခရိုစီးပွားရေးနှင့် ဘဏ်များအား တည်ငြိမ်မှု တည့်မတ်စေရေး၊ ထိရှလွယ်သူများ ပြန်လည်ထူထောင်ရေးအတွက်ဖြစ်ကြောင်း၊ IMF ၏ ပုံမှန် ငွေကြေးအစီအစဉ်များနှင့်မတူပဲ လျင်မြန်စွာ ထောက်ပံ့ခြင်း အရေးပေါ် အကူအညီဖြစ်ကြောင်း ဖော်ပြထားသဖြင့် ငွေကြေး ပြန်လည်ရရှိရန် နည်းလမ်း မရှိချေ။..
ပြီးခဲ့သည့်နှစ် Covid-19 ရောဂါ အကျပ်အတည်း စတင်ချိန်ကတည်းက IMF သည် နိုင်ငံပေါင်း ၈၀ တို့အား အရေးပေါ်အဖြစ် ငွေကြေးထောက်ပံ့ခဲ့သည်။..
သို့သော် အကောင်းဆုံးဖြစ်လာနိုင်ချေတစ်ခုမှာ လက်ရှိနိုင်ငံရေးမငြိမ်မသက်မှုများကြားမှ ပေါ်ထွက်လာသည့် မြန်မာအစိုးရသည် IMF နှင့် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေး တည်ဆောက်လိုသဖြင့် အဆိုပါငွေများကို သင့်လျှော်စွာ သုံးစွဲလိမ့်မည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။..
မြန်မာနိုင်ငံရှိ IMF ၏လုပ်ဖော်ကိုင်ဖက်မှာ #မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဖြစ်သည်။..
ယနေ့ နောက်ဆုံးရရှိသည့် IMF- မြန်မာနိုင်ငံနှင့် ဆက်စပ်သတင်းတွင် မြန်မာစစ်ခေါင်းဆောင်များအား အသိအမှတ်ပြုရန် အဖွဲ့ဝင်များအား လမ်းညွှန်မည်ဖြစ်ကြောင်း IMF က ပြောဆိုသည်ဟု sabcnews ( Feb 5, 2021 ) က ဖော်ပြသည်။..
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းယူပြီး country’s legitimate government တရားဝင်အစိုးရသဖွယ်တည်ရှိနေသည့် စစ်အစိုးရကို အသိအမှတ်ပြုခြင်း ရှိ-မရှိဆုံး ဖြတ်ရာတွင် အဖွဲ့ဝင်နိုင်ငံများအား လမ်းညွှန်မည်ဖြစ်ကြောင်း IMF ၏ပြောရေးဆိုခွင့်ရှိသူ Gerry Rice ဂါရီရိုက်စ်က ကြာသပတေးနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းပွဲ၌ ပြောကြားကြောင်း သိရှိရသည်။
..
Reuters သတင်းမီဒီယာက ပထမဦးစွာဖော်ပြသည့် သတင်းတစ်ပုဒ်တွင် IMF သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် အရေးပေါ် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာသန်း ၃၅၀ ကို ပြီးခဲ့သည့် ရက်သတ္တပတ်၌ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ အာဏာသိမ်းမှု မတိုင်မီ ရက်အနည်းငယ်က ဖြစ်ကြောင်း ပါရှိသည်။
…
#အာဏာမသိမ်းမီမြန်မာအစိုးရအား_ကူးစက်ကပ်ရောဂါကာလအကူအညီအဖြစ် #ကန်ဒေါ်လာ သန်း-၃၅၀ အတွက်_IMF စိုးရိမ် #အာဏာသိမ်းစစ်အစိုးရကိုအသိအမှတ်ပြုရန် #IMFလမ်းညွှန်မည်
..
((( Straits Times., February 3, 2021.” Days before coup, IMF sent Myanmar $465m in emergency aid it cannot get back. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))
..
https://www.straitstimes.com/asia/se-asia/days-before-coup-imf-sent-myanmar-465m-in-emergency-aid-it-cannot-get-back
https://www.sabcnews.com/sabcnews/imf-says-members-to-guide-decision-on-whether-to-recognise-myanmars-military-leaders/
https://www.imf.org/en/News/Articles/2021/02/04/tr020421-transcript-of-imf-press-briefing