အာဏာသိမ်းဆန့်ကျင် အမှိုက်သပိတ်ကြောင့် မြန်မာလမ်းများပေါ်တွင် အမှိုက်များနှင့် ပြည့်နှက်သွားကြောင်း နိုင်ငံတကာမီဒီယာများ ဖော်ပြ။ တနင်္လာနေ့၌ ၁၄-ယောက်ထပ်မံသေဆုံး။ အကြမ်းဖက်ဖြိုခွင်းခြင်းများကြောင့် သေဆုံးသူ ၅၀၀ ကျော်ဖြစ်လာ၊


တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် #အများလူထုအခြေပြုအာဏာဖီဆန်အံတုမှု #CDM ၏ ယခု နောက်ဆုံးသရုပ်အဖြစ် တက်ကြွလှုပ်ရှားသူများက မြန်မာလမ်းများပေါ်တွင် အမှိုက်များကို ဖုံးလွှမ်းစေကာ #အမှိုက်သပိတ်ကို ဆင်နွှဲလျှက်ရှိစဉ် အာဏာသိမ်းဆန့်ကျင် တက်ကြွလှုပ်ရှားသူများအပေါ် တပ်မတော်၏ ဖြိုခွင်းမှု့ကြောင့် ထိခိုက်သေဆုံးအရေအတွက်မှာလည်း ဆက်လက်မြင့်တက်နေကြောင်း နိုင်ငံတကာ မီဒီယာ၌ ဖော်ပြလျှက်ရှိသည်။

…    
တပ်မတော်၏ နိုင်ငံအား ထိန်းချုပ်ရန် ကြိုးပမ်းမှုကို တားဆီးသည့်အနေဖြင့် အရေးပါသော လမ်းဆုံလမ်းခွများအလယ်၌ အင်္ဂါနေ့မှ စတင်ကာ အမှိုက်များကို စုပုံကြရန် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများက နိုင်ငံအတွင်းနေသူများအား တိုက်တွန်းလျှက်ရှိသည်။

…  
လူမှုကွန်ယက်တွင် ဖြန့်ဝေလျှက်ရှိသော ဓါတ်ပုံများ၌ ရန်ကုန်ကဲ့သို့ မြို့ကြီး၏ လမ်းများအလယ်တွင် အမှိုက်များနှင့် အခြားသော စွန့်ပစ္စည်းများ စုပုံထားကြခြင်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းဖော်ပြသည့် လက္ခဏာဖြစ်သောဟူ၏။

…  
“ဒီအမှိုက်သရိုက်တွေဟာ တပ်မတော်အစိုးရကိုဆန့်ကျင်တဲ့ သပိတ်မှောက်ခြင်းပါပဲ”ဟု လူမှုကွန်ယက်၌ မျှဝေလျှက်ရှိကြသည့် ပို့စ်များတွင် တွေ့မြင်ကြရသည်။ အမှိုက်များကို စံနစ်တကျစွန့်ပစ်ကြရန် တနင်္လာနေ့တွင် စစ်ဘက်က သတိပေးသော်လည်း မြို့နေထိုင်သူများက အမှိုက်သပိတ်ဖြင့် ဆက်လက်ချီတက်နေကြသည်။

…  
ယခုအဖြစ်အပျက်မှာ ကန့်ကွက်ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ လွန်ခဲ့သည့် စနေနေ့တစ်ရက်တည်းမှာပင် သေဆုံးသူ ၁၄၁-ယောက်ရှိခဲ့ရာ ဖေဖော်ဝါရီ ၁-ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း လူ ၅၀၀ ကျော်သေဆုံးရာတွင် သွေးထွက်သံ ယို အများဆုံးနေ့ဖြစ်သည်။

တနင်္လာနေ့တွင် မြန်မာနိုင်ငံအနှံ့အပြား၌ ၁၄-ဦးသေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ပြောဆိုကြောင်း သတင်းများ၌ ဖော်ပြသည်။

.. 
တပ်မတော်က အလျော့ပေးရန် ငြင်းဆန်လျှက်ရှိပြီး အာဏာသိမ်းဆန့်ကျင်သူများကလည်း ၎င်းတို့၏ လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖြေင့်မူ အကြမ်းဖက်ပဋိပက္ခများ အဆုံးသတ်ရန်အပြင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ခွင့်ပြုပေးရန် တောင်းဆိုသည်။

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက လွှတ်တော်နှစ်ရပ်လုံး၌ အပြတ်အသတ် အနိုင်ရရှိပြီးနောက် ဖေဖော်ဝါရီ ၁-ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူလိုက်သည်။ မြန်မာ့တပ်မတော်နှင့် ချိတ်ဆက်မှုရှိပြီး ယခင်အာဏာရအစိုးရဟောင်းအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် USDP ပါတီက ရွေး ကောက်ပွဲတွင် မရှု့မလှ အရေးနိမ်ခဲ့သည်။

…  
လက်နက်ကိုင် မြန်မာ့တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် လွတ်လပ်သောနိုင်ငံအဖြစ် တည်ရှိခဲ့သည့် မြန်မာနိုင်ငံသည် အရပ်သား အုပ်ချုပ်မှုအောက်၌ ၂၀၁၁-ခုနှစ်မှစ၍သာ ရောက်ရှိခဲ့ဖူးသေးသည်။

(((Russia Today., 30 Mar, 2021,” Activists fill Myanmar streets with rubbish in anti-coup ‘garbage strike’ (PHOTOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

…  
#မြန်မာအမှိုက်သပိတ် #အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့်_လူ၅၀၀ကျော်သေဆုံး
#မတ်-၂၇ရက်နေ့တစ်ရက်တည်း_၁၄၁-ယောက်သေဆုံးးခဲ့
..
https://www.rt.com/news/519583-activists-myanmar-anti-coup-garbage-strike/
https://www.straitstimes.com/asia/se-asia/myanmar-death-toll-tops-500-as-protesters-stage-garbage-strike
https://www.dailysabah.com/world/asia-pacific/myanmar-death-toll-tops-500-as-protesters-stage-garbage-strike
https://gulfnews.com/world/asia/myanmar-protesters-launch-garbage-strike-as-death-toll-tops-500-1.78209235

Leave a Reply

Your email address will not be published.