အာဏာသိမ်းမှုဖြင့် ဒယီးယိုင်ဖြစ်နေသည့် မြန်မာနိုင်ငံတွင် ကူးစက်ကပ်ရောဂါ ထိုးနှက်။ ဆ ရာဝန်များ သပိတ်မှောက်နေသည့် ဆေးရုံများ၌ ရောဂါကူးစက်မှုဖြင့် လုံးထွေးလျှက်ရှိ။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်သေဆုံးမှု နေ့စဉ် တရှိန်ထိုး မြင့်တက်လာ


[ ရန်ကုန်/ဘန်ကောက်] မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု တရှိန်ထိုးမြင့်တက်လာချိန်၌ စစ်ဘက်အစိုးရအား ကန့်ကွက်ဆန္ဒပြလျှက်ရှိသော ကျန်းမာရေးလုပ်သားတို့က ဆေးရုံများမှ ထွက်ခွာသွားခြင်း အခက်အခဲဖြင့် ရုန်းကန်နေရသည်ဟု Nikkei Asia က ယနေ့ ရေးသားသည်။

…      
စနေနေ့၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း စုဆောင်းရရှိသည့် နမူပေါင်း ၉,၀၀၀ ခန့်ကို ရောဂါစစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသူ ၁,၈၇၇-ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနက သတင်းထုတ် ပြန်ခဲ့သည်။ တစ်နည်းအားဖြင့် ဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ အကြမ်းအားဖြင့် ၂၀% ခန့်ရှိကြောင်း ဖော်ပြရာရောက်ရှိနေပေသည်။ ရောဂါကူးစက်မှုမှာ ယခင်ဖြစ်ပွားမှု အမြင့်ဆုံးကာလ လွန်ခဲ့သည့်နှစ် အောက်တိုဘာ-နိုဝင်ဘာလတို့တွင် တွေ့ရှိရ သည့် ပမာဏနှင့် တန်းတူဖြစ်လာသည်။ ( ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ အပြီး )

…   
မြန်မာနိုင်ငံ၏ နေ့စဉ် COVID-19 ကူးစက်ခံရသူအရေအတွက်မှာ ဒီဇင်ဘာလဝန်းကျင်တွင် ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီလ ၁-ရက် အာဏာသိမ်းပြီးနောက် ဖြစ်လင့်ကစား နေ့စဉ် ၁၀ ယောက်အောက်၌သာရှိနေခဲ့သည်။ ကူးစက်မှု ပိုမိုလျှင်မြန်သည့် ဒဲလ်တာ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ အကြီးအကျယ် ဗြောင်းဆန်နေချိန် ဇွန်လစောစောပိုင်းတွင် မြန်မာနိုင်ငံ၌လည်း ကူးစက်မှု  စတင်မြင့်တက်လာခဲ့သည်။ ကျန်းမာရေးအာဏာပိုင်တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန်အတွက် ကန့်သတ်ချက်များကို ဒေသများစွာတို့တွင် တိုးချဲ့ပြဋ္ဌာန်းခဲ့သည်။

…  
အာဏာသိမ်းမှုအပြီးတွင် ဆရာဝန်များနှင့်သူနာပြုများစွာတို့မှာ ၎င်းတို့၏ တာဝန်များကို စွန့်ပစ်ကာ ကန့်ကွက်ဆန္ဒပြရာ၌ ပါဝင်ခဲ့ကြသဖြင့် အများပြည်သူဆိုင်ရာ ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု ပြဿနာ  ပြင်းထန်စွာဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နစ်နာချက်ကို ကုစားသည့်အနေဖြင့် စစ်တပ်က ၎င်း၏ဆေးဘက်ဆိုင်ရာ စစ်ဝန်ထမ်းများကို စေလွှတ်ပေးလျှက်ရှိသည်

…  
ပြီးခဲ့သည့်နှစ် ကူးစက်မှု မြင့်မားစဉ်ကာလအတွင်း လူနာကိုကြည့်ရှု့၍ ဖျားနာနှင့် ဗိုင်းရပ်စ်ရောဂါအတည်ပြုသည့် ဆေးခန်းများကို အစိုးရက ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ဤဆေးခန်းများမှာ ယခုအခါ ဝန်ထမ်းများ မရှိခြင်းကြောင့် တံခါးပိတ်ထားရဆဲဖြစ်သည်။

…  
ကာကွယ်ဆေးထိုးနှံပေးရာ၌လည်း မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှု များစွာ မရှိသေးပေ။ အိန္ဒိယထုတ် ကာကွယ်ဆေးများကို တင်သွင်းရန် မြန်မာက စာချုပ် ချုပ်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ပြည်တွင်း ရောဂါကူးစက်မှု လိုအပ်ချက်ကြောင့် အိန္ဒိယက ၎င်း၏ကာကွယ်ဆေးတင်ပို့မှုကို ကန့်သတ်ရန်ဆုံးဖြတ်ခဲ့သည်။

…  
မြန်မာနိုင်ငံအနေဖြင့် တင်သွင်းပြီးသမျှ ကာကွယ်ဆေးများ အားလုံးကို အထိရောက်ဆုံး အသုံးပြုနေကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

သို့သော် COVID-19 ရောဂါကာကွယ်ဆေးကို အနည်းဆုံးတစ်ကြိမ်ထိုးနှံ မှုရရှိခဲ့သူများမှာ မြန်မာနိုင်ငံလူဦး ရေ၏ ၃% ခန့်သာ ရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အဆိုအရ သိရှိရသည်။

((ကမ္ဘာအရပ်ရပ်ရှိ ဆရာဝန်တို့သည် ၎င်းတို့သင်ယူသည့် ဆေးပညာဘာသာရပ်တွင် ပြီးဆုံးအောင်မြင်၍ ဘွဲ့မယူမီ ရွတ်ဆိုရမြဲဖြစ်သော ဟစ်ပိုးကရေးတီးကျမ်းသစ္စာအရ မည်သည့်အကြောင်းနှင့်မျှ ဆေးကုသရန်ငြင်းဆို၍ သပိတ်မှောက်ခွင့် မရှိချေ။ သို့သော် ဆန္ဒပြခြင်းဆိုသည်မှာ နစ်နာသူတစ်ဦးအတွက် ထိရောက်သည်ဖြစ်၍  လုပ်ခလစာ မရရှိခြင်းမျိုးကဲ့သို့ နိုင်ငံရေး ရည်ရွယ်ချက် မပါရှိသည့် ကိစ္စရပ်မျိုးတွင် လူနာထိခိုက်မှု မရှိလျှင် နားလည် ပေးနိုင်ကြသည်။ ဥပမာအား လွန်ခဲ့သည့်နှစ် ပါကစ္စတန်နိုင်ငံတွင် COVID-19 ကူးစက်မှု ပြင်းထန်နေစဉ် ရောဂါကာကွယ်ရေးဝတ်စုံ/ကိရိယာအပြည့်အ၀ မရရှိသော ဆရာဝန်များက သပိတ်မှောက်ခြင်းမျိုးဖြစ်သည်။

…  
ထို့ပြင် ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ Essential မရှိမနေ မုချလိုအပ်သော ဝန်ထမ်းအမျိုးအစားဖြစ်လေရာ သပိတ်မှောက်ခွင့် မရှိဟု ဥပဒေပြဋ္ဌာန်းထားသည့် နိုင်ငံများမှာ ဘယ်လ်ဂျီယန်၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဂရိ၊ ဟန်ဂေရီ အိုင်ယာလန်၊ အီတလီ၊ အစ္စရေး၊ မော်လ်တာ၊ ရိုမေးနီးယားနှင့် စလိုဗေးနီးယားစ သည် နိုင်ငံတို့ ဖြစ်သည်။

…    



https://asia.nikkei.com/Spotlight/Coronavirus/Pandemic-pounds-a-Myanmar-reeling-from-coup
https://equityhealthj.biomedcentral.com/articles/10.1186/s12939-020-1131-y
https://www.ima.org.il/eng/ViewContent.aspx?CategoryId=6142
https://journals.lww.com/co-anesthesiology/Abstract/2020/04000/Doctor_and_healthcare_workers_strike__are_they.13.aspx 

Leave a Reply

Your email address will not be published.