အာဏာသိမ်းမှုဖြစ်ပွားသော်လည်း အိန္ဒိယက မြန်မာအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထောက်ပံ့မည်။ မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်သွားရန် ကတိအတိုင်း ဆက်လက်ရပ်တည်မည်ဟု ဆို


စစ်ဘက်ခေါင်းဆောင်များက အာဏာသိမ်းခြင်းကြောင့် နိုင်ငံတကာဖိအားပေးမှု ဖြစ်ပေါ်နေသော်လည်း အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်နေမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကြာသပတေးနေ့တွင် ပြောဆိုသည်ဟု Reuters က ယမန်နေ့ ရေးသားသည်။..  


ပြီးခဲ့သည့်လ၌ ရွေးကောက်တင်မြှောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့တပ်မတော်က ထိန်းသိမ်း၍ ရာထူးမှ ဖယ်ရှားခြင်း မတိုင်မီ အိန္ဒိယအစိုးရသည် အိမ်နီးချင်းနိုင်ငံများနှင့်ပိုမိုနီးကပ်သော သံတမန်ရေး ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ၁.၅ သန်းကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။..  


အိန္ဒိယအနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေေသော်လည်း အကူအညီပေးရေးကို ရပ်ဆိုင်းမည် မဟုတ်ကြောင်း၊ ကူးစက်ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို လျှော့ချရာတွင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်သွားရန်ကတိအတိုင်း ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ #အမ်ရက်ဆရီဗတ်စတာဗာက သတင်းထောက်များအား ရှင်းပြသည်။..   

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူ အိန္ဒိယသည် ၎င်းနိုင်ငံရှိ Serum Institute က ထုတ်လုပ်သော AstraZeneca ထိုးဆေးများကို ဘင်္ဂလားဒေ့ရ်ှ၊ နီပေါ၊ သီရိလင်္ကာနှင့် ဘူတန်တို့ကဲ့သို့ အိမ်နီးချင်းများ၌ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ စတင်နိုင်ရန် အခမဲ့ ပေးပို့ခဲ့သည်။..   


အိန္ဒိယ၏ အစီအစဉ်သည် တရုတ်၏ ဒေသတွင်း နိုင်ငံရေးနှင့် စီးပွားရေးလွှမ်းမိုးမှုကို တွန်းလှန်ရန် စည်းရုံးလိုသည့် ရည်ရွယ်ရင်းဖြစ်၍ #ကာကွယ်ဆေး_သင်္ဂဟဗျူဟာ အဖြစ် သံတမန်တို့က ပြောဆိုကြသည်။..  


အိန္ဒိယသည် စောစောပိုင်းကတည်းက မြန်မာနိုင်ငံအား ကူးစက်ကပ်ရောဂါအား တိုက်ဖျက်ရန် စမ်းသပ်ကိရိယာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ပြီး နောက်ပိုင်းတွင် ကာကွယ်ဆေးများ ကူညီခဲ့ကြောင်း ဆရီဗတ်စတာဗာ၏ အဆိုအရ သိရှိရသည်။..    
မြန်မာနိုင်ငံအတွက် ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး ၁.၅ သန်းပေးပို့ရန် စီစဉ်ထားသော်လည်း ပေးပို့ဖြစ်မည့်ရက်ကို ရှင်းလင်းစွာ မသိရသေးကြောင်း အခြေအနေအား အကဲခတ်လျှက်ရှိသည့် သတင်းရင်းမြစ်များက မှတ်ချက်ပြုကြကြောင်း Reuters က ဖော်ပြသည်။
..
လွန်ခဲ့သည့် တနင်္လာနေ့၌ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခြင်းကို ကုလသမဂ္ဂနှင့် အနောက်အင်အားကြီးနိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့ပြီး ပြည်သူတို့၏ ဆန္ဒကိုလေးစားလိုက်နာရေးအတွက် နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးကြရန် တောင်းဆိုခဲ့သည်။ အမေရိကန်အစိုးရကလည်း ၎င်းတို့အနေဖြင့် ဖြစ်နိုင်ချေရှိသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်လျှက်ရှိကြောင်းပြောကြားခဲ့သည်။..  


အိန္ဒိယနိုင်ငံကမူ ၎င်း၏ ကနဦး တုန့်ပြန့်မှုအဖြစ် အာဏာသိမ်းမှုအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သော်လည်း မြန်မာစစ်ဘက်အုပ်ချုပ်သူများကို ဆန့်ကျင်သည့် တောင်းဆိုမှုများမှ ရှောင်တိမ်းနေခဲ့သည်။ ( ထိုသို့ ဆန့်ကျင်ခဲ့လျှင် မြန်မာသည် ) ၎င်းတို့နှင့် ခွာပြဲ၍ အိမ်နီးချင်း တရုတ်နှင့် ပိုမိုနီးကပ်ရန် တွန်းပို့ရာရောက်စေမည်ကို စိုးရိမ်သဖြင့် အိန္ဒိယအစိုးရက သတိထားခဲ့ပုံရကြောင်း သံတမန်အသိုင်းအဝိုင်းက ခန့်မှန်းကြသည်။..  

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ အမ်ရက်ဆရီဗတ်စတာဗာက ပြောဆိုရာတွင် အိန္ဒိယနှင့် မြန်မာတို့သည် ကုန်သွယ်ရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ဖလှယ်မှုများကြောင့် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ပူးပေါင်းမှုရှိကြပြီး ယဉ်ကျေးမှု နီးစပ်သည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်ဟု ပြောဆိုသည်။..  


(( ယခုသတင်းတွင် ပါရှိသည့် “ .. မြန်မာနိုင်ငံအတွက် ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး ၁.၅ သန်းပေး ပို့ရန် စီစဉ်ထားသော်လည်း ပေးပို့ဖြစ်မည့်ရက်ကို ရှင်းလင်းစွာ မသိရသေးကြောင်း.. “ ဟု ရေးသားသည့် ကမ္ဘာကျော်သတင်းဌာနကြီး Reuters အား အလွန်အံ့သြမိပါသည်။..  

အိန္ဒိယမှ ဝယ်ယူထားသည့် COVISHIELD ( AstraZeneca ) ကာကွယ်ဆေးကြိမ်ရေပမာဏ သန်း ၃၀ အနက် ကနဦးအနေဖြင့် ၂-သန်းမှာ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာသတင်းစိတ်ဝင်စားသူများ သိရှိပြီးဖြစ်ပါသည်။..   


မူလက ဖေဖော်ဝါရီ ၄-ရက်တွင် ရောက်ရှိမည့်အစား ၁၁-ရက်နေ့သို့ ပြောင်းသွားသည်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဖေဖော်ဝါရီ ၃-ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အိန္ဒိယသံရုံး၏ အင်္ဂလိပ်ဘာသာဖြင့် သတင်းထုတ်ပြန်ချက်ကို ကျွန်တော်လည်း ဖတ်ဖူးပြီး Eleven Media ၏ အဆိုပါအကြောင်း မြန်မာဘာသာသတင်းကို ကျေးဇူးတင်စွာ ဖော်ပြလိုက်ရပါသည်။..  


အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည့်ကြားမှပင် အဖျက်သဘောဆောင်သည့် ကောလဟလသတင်းအတုမျိုးစုံကို Facebook တွင် တွေ့မြင်နေရဆဲဖြစ်သည်။ Reuters သည် မြန်မာနှင့် ပတ်သက်၍ အတော်ပင်ဆိုး ရွားစွာ မမှန်မကန် အကြိမ်ကြိမ် ဖော်ပြခဲ့ဖူးပါသည်။ နောက်ပိုင်း သတင်းအမှန်ပေါ်ပေါက်လာသော်လည်း ကမ္ဘာကျော် မီဒီယာကြီးဖြစ်၍ #ဆင်သွားလျှင်_လမ်းဖြစ်ကာ သတင်းအမှားတို့ကိုသာ နိုင်ငံတကာ လက်ခံ မိလျှက်သား ဖြစ်ရပါသည်။ 

..ကျွန်တော့်အမြင်တွင်မူ ပြည်တွင်း ကောလဟလ သတင်းတု လွှင့်သူတို့နှင့် စိတ်ကောင်းမရှိသူ အချင်းချင်း ပေါင်းမိနေကြသည်ဟု ယုံကြည်ပါသည်။ ။ သတင်းဘာသာပြန်သူ ))
..
#မြန်မာအား_ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး_အိန္ဒိယပေးမည်
..
((( Reuters., 04 Feb 2021, “ India says it will give Myanmar COVID-19 support despite coup.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
https://news.trust.org/item/20210204134727-ianwi/
https://bdnews24.com/world/2021/02/05/india-says-it-will-give-myanmar-covid-19-support-despite-coup
https://news-eleven.com/article/203907
https://www.facebook.com/106808797560358/posts/197616528479584/ 

Leave a Reply

Your email address will not be published.