အာဖဂန်နစ္စတန်တွင် အိဒ်ကာလ ဝတ်ပြုရက် ကဘူးလ်ဗလီ ဗုံးပေါက်ကွဲ။ အိုင်အက်စ်တို့ လက်ချက်ဖြစ်နိုင်ဟု အမေရိကန် ခန့်မှန်း၊ ၄-လအတွင်း နောက်ဆုံးထား၍ လက်ကျန် အမေရိကန်တပ် အားလုံး ရုတ်သိမ်းရန် ပြင်ဆင်နေစဉ် အရပ်သားများ အပေါ်တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာ


အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်၏ ဆင်ခြေဖုံးရှိ ဗလီတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် သောကြာနေ့ ဝတ်ပြုဆုတောင်းသူ ၁၅-ဦးဒဏ်ရာရရှိ၍ ၁၂-ဦးထက်မနည်း သေဆုံးခဲ့ရသည်။ #အီဒုလ်ဖိသိရ် အိဒ်ပွဲတော် အားလပ်ရက်ကာလ ၃-ရက်ကြာ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည့် #တာလီဘန်အဖွဲ့ကမူ အကြမ်းဖက်မှုအား ရှုတ်ချလိုက်ပြီး မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို လောလောဆယ်တွင် မသိရသေးကြောင်း Reuters က ယနေ့ရေးသားသည်။

…   
#ဟာဇာရာ_ရှီယာမွတ်စလင် မျိုးနွယ်စုမှ ကျောင်းသူလေးအများစုအပါဝင် လူ ၈၀ သေဆုံးရသည့် ကျောင်းဘတ်စ်ကား ပေါက်ကွဲမှုဖြစ်ပွားပြီး ရက်သတ္တပတ်မပြည့်မီ ယခုကဲ့သို့ ထပ်မံကြုံတွေ့ရခြင်းဖြစ်သည်။

…   
ကျောင်းကား တိုက်ခိုက်ခံရမှုမှာ #အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ_ #IS_အိုင်အက်စ် တို့ကဲ့သို့ ပြိုင်ဘက်စစ်သွေးကြွအဖွဲ့၏ လုပ်ကြံမှုဖြစ်နိုင်သည်ဟု အမေရိကန်အာဏာပိုင်များက ယုံကြည်သည်။ ၎င်းအုပ်စုမှာ အပစ်အခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးခြင်း မရှိသေးချေ။

…   
လာမည့် ၄-လအတွင်း နောက်ဆုံးထား၍ လက်ကျန် အမေရိကန်တပ်အားလုံးကို ရုတ်သိမ်းရန် ပြင်ဆင်လျှက်စဉ် အာဖဂန်နစ္စတန်တွင် အရပ်သားများ အပေါ်တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာသည်။

…  
ကြာသပတေးနေ့မှ စတင်၍ #ရာမာဇန်ဥပုသ်လ ကုန်ဆုံးသည်အထိ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အာဖဂန်အစိုးရတပ်များနှင့် တာလီဘန်တို့အကြား တိုက်ရိုက်ကျကျ တိုက်ပွဲဖြစ်ပွားသည့် အဓိကသတင်းများ မတွေ့ရပေ။ သို့သော် အနည်းဆုံးအရပ်သား ၁၁-ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ရသည့် ကြာသပတေးနေ့ ဗုံးပေါက်ကွဲမှု ၄-ကြိမ်အပါအဝင် လမ်းဘေးဗုံးပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

…   
အမေရိကန်က တာလီဘန်တို့အား လေကြောင်းမှ အင်အားသုံးတိုက်ခိုက်အပြီး အနှစ် ၂၀ အကြာတွင် အာဖဂန်အစိုးရနှင့် တာလီဘန်တို့သည် ၎င်းတို့ နှစ်ဖက်အကြား ပဋိပက္ခကိုအဆုံးသတ်ရန်အတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ဆွေးနွေးစဉ်ကာလအတွင်း အရပ်သားများအပေါ် တိုက်ခိုက်ခြင်းနှင့် ရန်စခြင်းများ ရပ်တန့်ရန် ပျက်ကွက်သည်ဟု တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

…  
ယနေ့ ကဘူးလ်မြို့ ရာကာဒါရာခရိုင်ရှိ ဗလီဝတ်ကျောင်းတော်အား သောကြာနေ့ ဝတ်ပြုစဉ် တိုက်ခိုက်ခြင်းသည် မိသားစုအားလပ်ရက် ငြိမ်းချမ်းစွာ အခန်းအနားပြုလုပ်ခြင်းကဲ့သို့ အီဒုလ်ဖိသိရ်၏ အနှစ်သာရများအား လုံး၀ ဖီလာဆန့်ကျင် ပြုရာရောက်ကြောင်း ဥရောပသမဂ္ဂ၏ အာဖဂန်နစ္စတန်ဆိုင်ရာမစ်ရှင်မှ တာဝန်ရှိသူက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။

(((တာလီဘန်တို့သည် ၁၉၇၉-ခုနှစ် ကဘူးလ်လက်ဝဲအစိုးရအား ကျောထောက်နောက်ခံပေးရန် အာဖဂန်သို့ ဆိုဗီယက်တပ်များ ကျုးကျော်ဝင်ရောက်စဉ်ကာလအတွင်း ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

…   
အာဖဂန်၏ ပြယုဂ်များအဖြစ် ၎င်းတို့ဖာသာ ကြေညာထားသော တာလီဘန်တို့သည် ဆွန်နီအစ္စလာမ်ဘာသာရေးကျောင်းသားများဖြစ်သည်။ တာလီဘန်တို့ စတင်ပေါ်ပေါက်စဉ် ဘာသာရေး-လူမျိုးရေးအရ အာဖဂန်ပြည်သူအားလုံး၏ ထောက်ခံမှုကို တစ်ခဲနက်ရရှိခဲ့သည်။ ကမ္ဘာ့မီဒီယာများကို အနောက်အုပ်စုက ချုပ်ကိုင်ထား၍၎င်း ကွန်မြူနစ်ဆိုဗီယက်ကို အမြင်ကပ်ကြ၍၎င်း တာလီဘန်တို့မှာ နာမည်ကျော်များ ဖြစ်ခဲ့သည်။

…  
၉-နှစ်ကြာမျှ #ဆိုဗီယက်ဆန့်ကျင်ရေးစစ်ပွဲကာလအတွင်း တာလီဘန်တို့သည် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာသူ #မူဂျာဟီဒင် #အယ်လ်ကိုင်ဒါတို့နှင့် အဖွဲ့ကျသည်။ ၁၉၈၉-ခုနှစ်တွင် အာဖဂန်မှ ဆိုဗီယက်တပ်များ ဆုတ်ခွာသွားပြီး #အိုစမာဘင်လာဒင်၏ အယ်လ်ကိုင်ဒါအဖွဲ့မှာ အတိအလင်း ပေါ်ပေါက်လာသည်။ ၂၀၀၉-ခုနှစ် တွင် အာဖဂန်တစ်ပြည်လုံးနီးပါးကို တာလီဘန်တို့ သိမ်းပိုက်နိုင်ခဲ့သည်။

…   
နယူးယောက် 9/11 တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိသူ အိုစမာဘင်လာဒင်အား လွှဲပြောင်းပေးအပ်ရန် ငြင်းဆန်သဖြင့် ၂၀၀၁-ခုနှစ်တွင် အာဖဂန်အား အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်များက ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

…  
တာလီဘန်သည် အာဖဂန်သာမက ပါကစ္စတန်တွင်လည်း ရှိနေပြီး အယ်လ်ကိုင်ဒါတို့နှင့် ဆက်နွယ်မှုရှိနေဆဲဖြစ်သည်ဟု ယုံကြည်ကြသည်။ IS အိုင်အက်စ် ခေါ် #ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူများသည် အယ်လ်ကိုင်ဒါ လူဟောင်းအချို့နှင့် ပိုမိုအစွန်းရောက်သော အကြမ်းဖက်များဖြစ်သည်။

..  
အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ်တို့သည် အာဖဂန်ပြင်ပ ကမ္ဘာအရပ်ရပ်တွင် ၎င်းတို့၏ ကွန်ယက်များကို အသီးသီး ထူထောင်ထားကြသည်။ #ခေတ်ပေါ်_ပြောက်ကြားစစ်နည်းဗျူဟာ #Modern_Guerrilla_Warfare တွင် ခေတ်မီလက်နက်အနည်းငယ်နှင့် လက်လုပ်ဗုံးများကို တွင်တွင်သုံးကာ #မြို့ပြအခြေခံစစ် #Urban_Warfare ကို ပေါင်းစပ်ရာ၌ သူမတူအောင် ကျွမ်းကျင်သူများဖြစ်သည်။

ပြင်းထန်သော ယုံကြည်မှုအမှားများဖြင့် နောက်လိုက်များ သိမ်းသွင်းခြင်း၊ ကွင်းဆက်ဖော်ထုတ်ရန် ခက်ခဲသော ကလာပ်စည်းငယ်များဖြင့် ဖွဲ့စည်းထားခြင်း၊ ခြောက်လှန့် သတင်းများ လွှင့်ထုတ်ခြင်း၊ သတင်းအမှားများကို တွင်ကျယ်စေခြင်းဖြင့် စည်းရုံးရေးနယ်ပယ် ချဲ့ထွင်ခြင်းတို့မှာ အစ္စလာမ်မစ် အကြမ်းဖက်စစ်သွေးကြွတို့၏ ထူးခြားသော ဝိသေသလက္ခဏာများဖြစ်သည်။ ။သတင်း ဘာသာပြန်သူ))

(((Reuters., May 14th, 2021,” Twelve killed in explosion at Kabul mosque during Friday prayers.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။

https://www.dhakatribune.com/world/south-asia/2021/05/14/twelve-killed-in-explosion-at-kabul-mosque-during-friday-prayers
https://www.cbsnews.com/news/the-taliban-in-afghanistan/
https://www.britannica.com/topic/guerrilla-warfare/Origins-of-modern-guerrilla-warfare 

0

Leave a Reply

Your email address will not be published.