အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုတ်သိမ်းနေစဉ် အခြားရှေ့တန်းစစ်မျက်နှာအားလုံး၌ အမေရိကန်တပ်များအား ဆက်လက်တိုက်ခိုက် မောင်းထုတ်မည်ဟု အယ်လ်ကိုင်ဒါကြုံးဝါး။ အာဖဂန်တွင် ပြည်တွင်းစစ် ပြန်စဖွယ်ရှိဟုဆို။ အစွန်းရောက်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် အစ္စလာမ်ကမ္ဘာစိုးရိမ်


သမ္မတ_ဂျိုးဘိုင်ဒင်က အာဖဂန်နစ္စတန်မှ ၎င်း၏ တပ်များအား ရုတ်သိမ်းနေဆဲမှာပင် အင်အားစုတို့က အခြားရှေ့တန်းစစ်မျက်နှာအားလုံး၌ အမေရိကန်တပ်များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး အစ္စလာမ်မစ်ကမ္ဘာ၏ ကျန်နေရာများမှ အမေရိကန်များကို မောင်းထုတ်မည်ဖြစ်ကြောင်း #အယ်လ်ကိုင်ဒါ အကြမ်းဖက်တပ်မှူး ၂-ဦးက သတိပေးလိုက်သည်ဟု New York Post (April 30,2021) က ရေးသားသည်။

…     
#9/11 အကြမ်းဖက်မှု နောက်ကွယ်၌ ကြိုးကိုင်သူ #အိုစမာဘင်လာဒင်အား ပါကစ္စတန်နိုင်ငံ အဘော့တဘက်တွင် နေဗီဆီးလ်တို့က သုတ်သင်ခြင်း ၁၀-နှစ်မြောက်နေ့အဖြစ် လွန်ခဲ့သည့် စနေနေ့၌ #အမေရိကန်သမ္မတဘိုင်ဒင်က အစီအစဉ်တစ်ရပ် ကြေညာခဲ့သည်။ အာဖဂန်မှ အမေရိကန်တပ်များအား စက်တင်ဘာ ၁၁-ရက်နေ့ နောက်ဆုံးထား၍ အပြည့်အဝရုတ်သိမ်းမည်ဟု ဖော်ပြထားသည်။

…    
အာဖဂန်မှ တပ်များအား ပြန်လည်ခေူယူရန် ဘိုင်ဒင်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်မှာ အယ်လ်ကိုင်ဒါအတွက် အားရကျေနပ်ဖွယ်ကောင်းမည်ဖြစ်ပြီး ၎င်းတို့၏ ဆုံးရှုံးခဲ့ရသမျှ စိတ်အနှောက်အယှက်ပေးရန် နည်းလမ်းရှာဖွေနေမည်ဖြစ်သည်ဟု အကြမ်းဖက်မှုဆိုင်ရာကျွမ်းကျင်သူ_ပေါလ်ခယူအီရှန့် က ဝေဖန်သည်။

…  
အယ်လ်ကိုင်ဒါကလည်း အာဖဂန်မြေပေါ်တွင် အမေရိကန်တို့အပေါ် တိုက်ခိုက်လိုစိတ် ဆက်လက်ရှင်သန်နေခြင်းကို ချီးကျုးလိုက်ပြီး ဂျီဟတ်တပ်ဦးတို့သည် အစ္စလာမ္မစ်ကမ္ဘာ၏ နေရာအနှံ့တွင် ကာလကြာမြင့်စွာ လှုပ်ရှားမှု အောင်မြင်ခဲ့ပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုက အဆုံးစွန်ထိ ပြိုလဲ၍ အာဖဂန်မှ ဆုတ်ခွာသွားရသည့် ဆိုဗီယက်ယူနီယံနည်းတူ ယခုအခါ အမေရိကန်တို့သည်လည်း ရှုံးနိမ့်သွားပြီဖြစ်ကြောင်း CNN သို့ ပြောကြားသည်။

…     
အယ်လ်ကိုင်ဒါတို့က ပူးပေါင်းမည်ဆိုခြင်းနှင့်ပတ်သက်၍ တာလီဘန်တို့ထံမှ မှတ်ချက်ရရှိရန် ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။ #အယ်လ်ကိုင်ဒါ_လက်ရှိခေါင်းဆောင်_အေမန်အယ်လ်ဇာဝါဟီရီထံမှ ထုံးစံအတိုင်း ကြေညာချက် မကြားရသော်လည်း ယီမင်၊ ဆီးရီးယား၊ ဆိုမာလီနှင့် အာဖရိကမြောက်ပိုင်းအပါအဝင် ကမ္ဘာအရပ်ရပ်မှ ဂျီဟဒ်ဝါဒီများအား ဦးဆောင်ရန် နည်းလမ်းရှာဖွေနေဖွယ်ရှိသည်ဟု CNN က ယူဆသည်။

…   
စက်တင်ဘာ ၁၁-ရက် နောက်ဆုံးထား၍ အာဖဂန်မှ အမေရိကန်တပ်များ ရုတ်သိမ်းမည်ဖြစ်ကြောင်း #ပူးတွဲစစ်ဦးစီးချုပ်_မတ်ခ်မီလေးက သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားတပ်များရုပ်သိမ်းခြင်း၊ အယ်လ်ကိုင်ဒါတို့ပြန်လာခြင်းကြောင့် အာဖဂန်တွင် ပြင်းထန်သော ပြည်တွင်းစစ် ပြန်လည်စတင်ဖွယ် အခင်းအကျင်းကို တွေ့မြင်ရကြောင်း၊ အခြေအနေမှာ မကောင်းသည့်ရလဒ်သာ မြင်ရပြီး သတင်းကောင်း ပြောဆိုရန် မရှိကြောင်း ဗိုလ်ချုပ် ကြီးမတ်ခ်မီလေး က သတင်းထောက်များ မေးခွန်းကို ဖြေဆိုသည်။

…  
တပ်များ ရုတ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်က ကြေညာရက်မတိုင်မီ လွန်ခဲ့သည့် သောကြာနေ့ အာဖဂန်နစ္စတန်တွင် ကားဗုံးပေါက်ကွဲရာ လူ ၂၅-ဦးထက်မနည်း သေဆုံး၍ ၆၀ ကျော် ဒဏ်ရာရရှိကြောင်း Guardian (May 01,2021) က ရေးသားခဲ့သည်။

…   
တောင်ပိုင်းမြို့တော် ပူအီးအလမ် လူနေရပ်ကွက်တွင် ခရိုင်ကောင်စီခေါင်းဆောင်၏ ခြံဝင်းအတွင်းရှိ အဆောက်အအုံအနီးသို့ ဗုံးတင်ဆောင်လာသည့် ကားဖြင့် ဖောက်ခွဲခံရခြင်းဖြစ်သည်။ ယာဉ်မောင်းသူသည် အကူအညီပေးရေး NGO တစ်ခုမှ  ဝန်ထမ်းဟောင်းဖြစ်ပြီး ဥပုသ်ထွက်ချိန်၌ ဗုံးပေါက်ကွဲခြင်းမှာ ပြင်းထန်လွန်းသဖြင့် အဆောက်အအုံတစ်လုံး ပြိုကျပျက်စီးသွားခဲ့ရသည်။

…   
(( ၁၉၇၉၊ ဒီဇင်ဘာတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ မာ့က်စ်ဝါဒီ – လီနင်ဝါဒီနိုင်ငံရေးအုပ်စုများ၏ အာဏာသိမ်းယူမှု ကို ကူညီရန် ဆိုဗီယက်တင့်ကားများ ဝင်ရောက်လာခြင်းဖြင့် မျက်မှောက်ခေတ် နိုင်ငံတကာအကြပ်အတည်းကို စတင်ခဲ့သည်။ အာရှနှင့် ဥရောပဆက်သွယ်ရာ မဟာဗျူဟာမြောက်ဒေသတွင် ဆိုဗီယက်တို့တည်ရှိမှုကို ကမ္ဘာအရပ်ရပ်မှ အစ္စလာမ်စစ်သွေးကြွတို့ လာရောက်၍ #မြင့်မြတ်သောစစ်ခင်းစေရာတွင် အမေရိကန်သာမက ဆော်ဒီအာရေးဗီးယားနှင့် တရုတ်နိုင်ငံလည်း ပါဝင်ခဲ့သည်။ ၁၉၈၉-ခုနှစ် အာဖဂန်မှ ဆိုဗီယက်တို့ ဆုတ်ခွာချိန်တွင် အာဖဂန်၌ ပြောက်ကျားစစ်အတွေ့အကြုံနှင့် ရင်းနှီးပြီးဖြစ်သော အစ္စလာမစ်စစ်သွေးကြွတို့ စုစည်းမိသွားပြီး #အယ်လ်ကိုင်ဒါ ခေါ် #နိုင်ငံတကာအကြမ်းဖက်ကွန်ယက် ပေါ်ပေါက်လာခဲ့သည်။

…   
လူပေါင်း ၃၀၀၀ ကျော် တစ်ပြိုင်နက်တည်း သေဆုံးရသည့် 9/11 ဖြစ်စဉ်တွင် တာဝန်ရှိသူ အိုစမာဘင်လာဒင်အား ပေးအပ်ရန် တာလီဘန်တို့၏ ကဘူးအစိုးရက ငြင်းဆန်သဖြင့် အမေရိကန်နှင့် ဗြိတိန်တို့ဦးဆောင်သည့် နိုင်ငံတကာတပ်များက အာဖဂန်အား ကျူးကျော်တိုက်ခိုက်သည်။ ထိုနောက်ပိုင်း အာဖဂန်တွင် ပေါ်ထွန်းလာသည့် အစိုးရသစ်အပေါ် ပုန်ကန်သူတို့ကို အမေရိကန်နှင့် နိုင်ငံခြားတပ်များက ကူညီတိုက်ခိုက်ပေးခဲ့သည်။

…  
နှစ် ၂၀ မျှ ကြာမြင့်ပြီးနောက် အမေရိကန်အတွက် အာဖဂန်သည် တစ်ချိန်က ဗီယက်နမ်နည်းတူ အရှုံးနှင့် ဆုတ်ခွာရန် ဖြစ်ပေါ်လာသည်။ အခြားတစ်ဖက်တွင်လည်း ကဘူးကျဆုံးပြီးနောက်ပိုင်း အတိအလင်း ငြိမ်သက်နေသော အယ်လ်ကိုင်ဒါတို့အတွက် အောင်ပွဲတစ်ရပ်ဖြစ်နေသည်။ အိုစမာဘင်လာဒင်အသတ်ခံသွားရသော်လည်း အစွန်းရောက် ဂျီဟဒ်အတွေးအခေါ်မှာ ဆက်လက်ရှင်သန်နေသည်။ အယ်လ်ကိုင်ဒါ လူဟောင်းအချို့နှင့် ဘာသာရေးအယူသီး များ ပေါင်းစည်းမိကာ #အစ္စလာမ်မစ်နိုင်ငံတော်_ထူထောင်သူ #အိုင်အက်စ် (IS,ISIS) တို့ ပေါ်ပေါက်လျှက် အရှေ့အလယ်ပိုင်း အီရတ်-ဆီးရီးယား သာမက #ဖိလစ်ပိုင်_မာရဝီ တိုင်အောင် သွေးချောင်းစီး စစ်ပွဲများ ဆက်လက်ဖြစ်ပေါ်သည်။

…  
အယ်လ်ကိုင်ဒါသည် အာဖရိကအရှေ့နှင့် အနောက်ပိုင်း၊ ဆီးရီးယား၊ ယီမင်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားတို့တွင် ဒေသန္တရအမည်အမျိုးမျိုးဖြင့် ဆက်လက်တည်ရှိနေသည်။ သက်ဆိုင်ရာအစိုးရတို့က ငြင်းဆိုသော်လည်း ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဘာသာရေးအစွန်းရောက်အုပ်စုများသည် အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်မှု ရှိကြောင်း စွပ်စွဲခြင်းခံရသည်။

…  
လွန်ခဲ့သည့် မတ်လနှောင်းပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရင်ဒြာမိုဒီရောက်ရှိနေစဉ် #ဟိုင်ဖေ့ဇတ်အီးအစ္စလာမ် ခေါ် ဘင်္ဂလားဒေ့ရှ် ဘာသာရေးအစွန်းရောက်တို့၏ ဆူပူသောင်းကျန်းမှုဖြစ်ပေါ်သည်။

…   
အလားတူ ဧပြီလ တတိယပတ်တွင် ပါကစ္စတန်နိုင်ငံ၌ ပြင်သစ်အား တရားဝင်သပိတ်မှောက်ရန် #တာရစ်_အီး_လက်ဘိုက်_(ပါကစ္စတန်) #TLP တို့ ဦးဆောင်တောင်းဆိုရာမှ မြို့ကြီးအတော်များများတွင် အဓိကရုန်းများ ဖြစ်ပွားသည်။

…   
အာဖဂန်မှ အမေရိကန်တို့ တရားဝင်ဆုတ်ခွာခြင်းနှင့်အတူ အကြမ်းဖက်ကွန်ယက် ပြန်လည်အသက်ဝင်ဖွယ်ရှိသည်ကို မွတ်စလင်အများစု တိုင်းပြည်များ၌ စိုးရိမ်လျှက်ရှိကြသည်။ ၎င်းတို့အနက် ဘာသာရေးအစွန်းရောက်များ ထကြွမည်ကို ပါကစ္စတန်ထက် ဘင်္ဂလားဒေ့ရှ်က ပိုမိုစိုးရိမ်သည်ဟု bdnews24 (28 Apr 2021) က ရေးသားပါသည်။ ။ သတင်းဘာသာပြန်သူ)))

(((New York Post., April 30, 2021,” Al Qaeda promises ‘war on all other fronts’ against US as Biden pulls troops. By: Yaron Steinbuch.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အာဖဂန်မှအမေရိကန်တို့_ဆုတ်ခွာခြင်း #အယ်လ်ကိုင်ဒါ_နိုင်ငံတကာအကြမ်းဖက်ကွန်ယက်

https://nypost.com/2021/04/30/al-qaeda-promises-war-on-all-other-fronts-against-us/
https://abcnews.go.com/Politics/biden-withdraw-us-forces-afghanistan-911-defense-official/story?id=77046353
https://www.thenews.com.pk/print/828416-us-army-chief-warns-of-possible-al-qaeda-return-in-afghanistanhttps://www.rt.com/usa/522525-us-begins-afghanistan-withdrawal/’
https://www.theguardian.com/world/2021/may/02/afghan-forces-bad-possible-outcomes-taliban-us-general-mark-milley
https://www.rt.com/news/522636-afghanistan-logar-car-bomb/
https://bdnews24.com/world/south-asia/2021/04/28/bangladesh-is-faring-better-than-pakistan-in-tackling-islamist-extremism-efsas
https://www.britannica.com/event/Afghanistan-War
https://www.rt.com/usa/522525-us-begins-afghanistan-withdrawal/

0

Leave a Reply

Your email address will not be published.