အာဖရိကမှ ကျိုင်းကောင်များသာမက အီရန်မှ ကျိုင်းကောင်များပါ အိန္ဒိယနှင့် ပါကစ္စတန်၌ နှစ်ထပ်ကွမ်း ပြုံကျလာနိုင်ကြောင်း FAO သတိပေး။

အာဖရိကနိုင်ငံများတွင် မကြုံစဖူး ကပ်ဆိုးကျရောက်သည့်သဖွယ့် နှိပ်စက်ခဲ့သည့် ဧရာမကျိုင်းကောင်အုပ် ကြီးများသည် ယခုနှစ် နွေဦး-နွေရာသီခန့်တွင် အိန္ဒိယပါကစ္စတန်နယ်စပ် နှစ်ဖက်လုံး၌ ကျရောက်နိုင်ခြေရှိ ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၏ ကျိုင်းကောင်စောင့်ကြည့်သူများက သတိပေးပြောကြားသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။  

အလွန်ကြီးမားသည့် ဧရာမကန္တာရကျိုင်းကောင်အုပ်ကြီးများသည် ယီမင်နှင့်ဆော်ဒီ အာရေးဗီယားဒေသခံ များအား တုန်လှုပ်စေခဲ့ပြီး  ဆူဒန်၊ ယူဂန္ဓာ၊ ကင်ညာ၊ ဆိုမာလီ၊ အီသီယိုပီးယား စသည့် အာဖရိက ဦးချိုဒေသ နိုင်ငံများတွင် ဥများ အုချခဲ့သည်။  အရှေ့အာဖရိကနိုင်ငံများတွင် ၂၅ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်၍ ကင်ညာ နိုင်ငံသားတို့အတွက်မူ ၇၅-နှစ်အတွင်း အဆိုးရွားဆုံး ပြန့်နှံ့မှုနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။

အာဖရိကဦးချိုဒေသတွင် စိတ်တိုင်းကျဖျက်ဆီးခဲ့ကြသော ကျိုင်းကောင်အုပ်များသည် အိန္ဒိယတိုက်သို့ အုပ်ဖွဲ့ ပြောင်းရွှေ့ဖွယ်ရှိပြီး အီရန်တောင်ပိုင်းမှ လောလောဆယ် ဥမှ ပေါက်ပွားစ ကျိုင်းကောင်များနှင့် ပေါင်းကာ နှစ်ထပ်ကွမ်း ဖျက်ဆီးမှု့နှင့် ကြုံရဖွယ်ရှိသည်ဟု FAO ပညာရှင်များက ခန့်မှန်းထားသည်။

အဓိကအဆိုးရွားဆုံးမှာ အာဖရိကဦးချိုဒေသမှ ကျိုင်းကောင်များ ပြောင်းရွှေ့လာနိုင်ခြင်းဖြစ်သည်။ မေလလယ် ဇူလိုင်လနောက်ဆုံးထား၍  အိန္ဒိယ၏ ရာဂျက်စသန်ဒေသနှင့် ပါကစ္စတန်၏ ခိုလစ္စတန်-သာပါကာဒေသ စသည့် နှစ်နိုင်ငံ နယ်ခြားဒေသများသို့ ရောက်ရှိသည့်အခါ မုတ်သုန်မိုးနှင့်တွေ့ထိကာ ပိုမိုဆိုးရွားလာနိုင်သည်။

အဆိုးရွားဆုံးဖြစ်လာနိုင်ရန် ပူနွေးသောရာသီနှင့် မိုးရများများလိုအပ်ခြင်းကြောင့် စောစောသားပေါက်မည့် အီရန်ကျိုင်းကောင်များဖြစ်သည်။ အာဖရိကဦးချိုဒေသများ၏ လက်ရှိအခြေအနေမှာ သီးနှံဖျက်ပိုးမွှားများ ပုံတူကူးရန် အကောင်းဆုံးဖြစ်၍ လတ်တလောတွင် ပြန့်ပွားမှုအများဆုံး ပထမနေရာဖြစ်နေသည်။ အကယ်၍ ၎င်းဒေသသည်သာ သီးနှံဖျက်ပိုးများအတွက် အကောင်းဆုံးအဖြစ်ကျန်ရှိနေလျှင် တစ်ခါတရံ ယခုနှစ်ကဲ့သို့ ပြောင်းရွှေ့ကျက်စားမည့် အလားအလာ မရှိခဲ့ချေ။

လွန်ခဲ့သည့်နှစ်များ၌ အိန္ဒိယနှင့် ပါကစ္စတန်တွင် အီရန်ကျိုင်းကောင်များ ဖျက်ဆီးခြင်းခံခဲ့ရဖူးသည်။ ၎င်းနှစ်နိုင်ငံ သည် ကျိုင်းကောင်အုပ်များကျလာမည်ကို ဆိုမာလီ-အီသီယိုပီးယားတို့ထက် အကောင်းဆုံးပြင်ဆင်ထား လိမ့် မည်ဟု FAO က ယုံကြည်နေသည်။ ဆိုးရွားသော သီးနှံဖျက်ကပ်ဘေးကျရောက်ခြင်းကို ခုခံရန်လုံခြုံရေး မရှိ ခြင်း ငွေကြေးချို့တဲ့ခြင်းတို့ကြောင့် တောင်ဆူဒန်။ ယူဂန္ဓာ၊ တန်ဇန်းနီးယားကဲ့သို့နိုင်ငံများ အခက်အခဲရင် ဆိုင်ရဖွယ်ရှိသည်။ အဆိုပါဒေသတို့သည် စားနပ်ရိက္ခာမလုံလောက်ခြင်းကြောင့် ငတ်မွတ်ခေါင်းပါးခြင်းသို့ ဦးတည်နေသည်။

သဲကန္တာရကျိုင်းကောင်သည် အန္တရာယ်အပေးဆုံး သီးနှံဖျက်ပိုးမွှားများအနက် တစ်ခုဖြစ်သည်။  ၂-ဂရမ်မျှသာ အလေးချိန်ရှိသော အရွယ်ရောက်ကျိုင်းကောင်တစ်ကောင်သည် ၎င်း၏ ကိုယ်အလေးချိန် ၂-ဆရှိသော သီးနှံ များကို တစ်ရက်အတွင်း စားသောက်ပစ်နိုင်သည်။ ဧရာမကျိုင်းကောင်အုပ်တွင် မရေမတွက်နိုင် လောက်အောင် ပင် သန်းပေါင်းများစွာသော ကျိုင်းကောင်များဖြင့် စုဖွဲ့ထားသည်။ တစ်နေ့တာအတွင်း မိုင် ၉၀ ကျော် ပျံသန်း ကာ ဧရိယာတစ်ခုအတွင်းရှိ သီးနှံများကို စားသောက်ဖျက်ဆီးပစ်နိုင်သည်။ ထို့ကြောင့်လည်း ကျိုင်းကောင်များ အုပ်စုဖွဲ့ ပြန့်နှံ့ခြင်းကြောင့် လူအများအစုအပုံလိုက်ထွက်ပြေးရသည်ဟု သမ္မာကျမ်းလာ ဖော်ပြချက်မှာ အံ့သြစရာမရှိပေ။

(( သာမန်အားဖြင့် သီးနှံဖျက်ပိုးမွှားတို့ကို မြွေ၊ သင်းခွေချပ်၊ လင်းနို့၊ ဖွတ်၊ တောက်တဲ့၊ ကြွက်စသည့် သတ္တဝါ တို့က စားသောက်ပါသည်။ ကွင်းဆက်သဖွယ်ဖြစ်နေသော ဂေဟဗေဒစံနစ်တွင် အကြောင်းအမျိုးမျိုးတို့ကြောင့် သက်ရှိသတ္တဝါတစ်မျိုးတည်း များပြား သို့မဟုတ် လျော့နည်းသွားတတ်ပါသည်။ ထိုအခါ ကွင်းဆက်မညီမမျှကာ အခြားသတ္တဝါများ မျိုးတုန်း သို့မဟုတ် အဆမတန် ပေါများလာတတ်ပါသည်။      

ကျိုင်းကောင်မျိုးပွားပျံံနှံ့ခြင်းမှာ လတ်တစ်လော ဆိုင်ကလုန်းမုန်တိုင်းများဆက်တိုက်ဖြစ်ပွားခြင်းနှင့်လည်း သက် ဆိုင်သည်။ အချို့ဒေသခံများက ကျိုင်းကောင်များကို ဖမ်းဆီးစားသောက်ကြသည်။ ကျိုင်းကောင်များသည် ပိုး သတ်ဆေးအဆိပ်များနှင့် ညစ်ညမ်းလျှက်ရှိသဖြင့် လူတို့စားသုံးခြင်း မပြုသင့်ကြောင်း ဆော်ဒီအာရေးဗီးယား ပတ်ဝန်း ကျင်ရေးရာဝန်ကြီးဋ္ဌာနက သတိပေးချက် ထုတ်ပြန်ထားပါသည်။      ။ သတင်းတည်းပြတ်သူ ))

((( Russia Today., 12 Feb.2020,” India, Pakistan should brace for ‘TWIN INVASION’ of locusts from Horn of Africa & Iran, UN warns.” ကို # ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အိန္ဒိယပါကစ္စတန်ကျိုင်းကောင်ပြန့်နှံ့မှုFAOသတိပေး # ကျိုင်းကောင်

https://www.rt.com/news/480558-twin-locust-infestation-hindustan/?fbclid=IwAR11o3nx5yZFW6qfI8mMlwA35Uac8JBy4c3zpGI2dYj55fTOzVrJnrI0Fts

https://www.rt.com/news/479938-horde-locusts-saudi-arabia/

0

Leave a Reply

Your email address will not be published.