အာဖရိက ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ ကုလငြိမ်းချမ်းရေးတပ်စခန်းများကို ဒေါသဖြစ်နေသော ဒေသခံတို့က ဖျက်ဆီး၊ အစ္စလာမ်မစ်စစ်သွေးကြွတို့၏ သွေးချောင်းစီးသတ်ဖြတ်နေခြင်းကို ကုလငြိမ်းချမ်းရေးတပ်များ ကာကွယ်မပေးနိုင်

အာဖရိက အနောက်ပိုင်းဒေသ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံတွင် အစ္စလာမ်မစ်စစ်သွေးကြွများက သွေးချောင်းစီးသတ်ဖြတ်နေခြင်းများကို အကာအကွယ်မပေးနိုင်သဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တို့ အပေါ်ဆန့်ကန့်ကွက်ပွဲများ ပြန့်နှံံလျှက်ရှိရာ လူသေဆုံးမှု့များ ဖြစ်ပေါ်ခဲ့သည်ဟု  Al Jazeera က ယနေ့ရေးသားသည်။

အရပ်သားများအား ဒလကြမ်းသတ်ဖြတ်လျှက်ရှိသော အစ္စလာမ်မစ်သူပုန်တို့ကို ဒေသတွင်းနှင့် နိုင်ငံတကာတပ်ဖွဲ့များ နှိမ်နင်းရန်ပျက်ကွက်လျှက်ရှိသည်ဟု ဒေါသတကြီးကန့်ကွက်ဆန္ဒပြမှု့များမှာ ဘီနီမြို့မှ အရှေ့မြောက်ဖက် မြို့များတိုင်အောင် ပြန့်နှ့ံ့လျှက်ရှိသည်ဆို၏။

လွန်ခဲ့သည့် တနင်္ဂနွေနေ့ ဘီနီမြို့မှ စတင်သော ကုလငြိမ်းချမ်းရေးတပ်များအပေါ် ကန့်ကွက်ဆန္ဒပြပွဲများသည် ဗုဒ္ဓဟူးနေ့တွင် မြောက်ဖက် ဂိုမာမြို့သို့ ကူးစက်လာခဲ့သည်။ ကန့်ကွက်သူများက အဝေးပြေး လမ်းမကြီးအား ပိတ်ဆို့၍ “ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံဆိုင်ရာ ကုလသမဂ္ဂတည်ငြိမ်အေးချမ်းရေးမစ်ရှင်အဖွဲ့ United Nations Organization Stabilization Mission in the Democratic Republic of the Congo ( MONUSCO ) တည်ရှိရာ ခြံဝင်းရှိ အဆောက်အအုံများအား ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

ဂိုမာမြို့ဒေသခံများက MONUSCO ထွက်သွားရန် အော်ဟစ်ကြပြီး လမ်းမကြီးများပေါ်တွင် ကျောက်ခဲ၊ သစ်တုံးများဖြင့် ပိတ်ဆို့ခဲ့ကြသည်။ ဒေါသထွက်နေသူ လူစုလူဝေးကြီးကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးနှင့် သေနတ်များမိုးေ့ပါ်ထောင် ပစ်ခတ်၍ လူစုခွဲကြောင်း တွေ့မြင်နေရသည်။

အစ္စလာမ်မစ်စစ်သွေးကြွတို့က ဒေသခံ ၈-ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် တနင်္လာနေ့တွင် ဆန္ဒပြသူများက မြို့ တော်ဝန်နေအိမ်နှင့် ကုလငြိမ်းချမ်းရေးမစ်ရှင်ရုံးအဆောက်အအုံကို မီးတင်ရှို့ခဲ့ကြပြီး ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာ လုံခြုံရေးတပ်များ ပစ်ခတ်၍ လူ ၄-ဦး သေဆုံးခဲ့ရသည်။ အင်္ဂါနေ့ ဘီနီမြို့၌ပင် လူငယ်အများစုပါဝင်သော ကန့်ကွက်ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ပြီး ဆန္ဒပြသူတစ်ဦး ထပ်မံသေဆုံးသည်။ ဆူပူသူများသည် အီဘိုလာရောဂါကုသရေး အဆောက်အအုံအတွင်း ဆေးဝါးကုသရေးပစ္စည်းများကို ဖျက်ဆီးကြသည်။

ဘယ်လဂျီယန်နှင့် ပြင်သစ်ကိုလိုနီဟောင်း ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံသည် ၁၉၉၇-ခုနှစ်အထိ ” ဇိုင်ယာ ” အမည်ဖြင့် တည်ရှိခဲ့သည်။ လူဦးရေ ၈၄-သန်းကျော်နေထိုင်ပြီး အာဖရိကတိုက်တွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ ၁၉၉၈-ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဒုတိယကွန်ဂိုစစ်ပွဲ၌ ၉-နိုင်ငံပါဝင်လျှက် လက်နက်ကိုင်အဖွဲ့ ၂၀ ကျော်တို့ စစ်ခင်းခဲ့ရာလူ ၅.၄ သန်းကျော်သေဆုံး၍ ၄.၅ သန်း အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ သဘာ၀ သယံဇာတ ကြွယ်ဝသော်လည်း၊ ကိုလိုနီဘက်စုံအမြတ်ထုတ်ခံခဲ့ရခြင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ စီးပွားရေးအခြခံအဆောက်အအုံများမရှိခြင်း၊ အကျင့်ပျက်ခြစားခြင်းများဖြင့် ချွတ်ခြုံကျလျှက်ရှိသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်း ၂၀ ကြာမျှ တပ်စွဲထားသော ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်မှာ အင်အား ၁၈,၀၀၀ ဖြင့် နိုင်ငံတကာတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အများဆုံးဖြစ်သည်။ ထိုအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ဘီလျှံခန့် သုံးစွဲနေရသည်။

အီဘိုလာရောဂါနှိပ်စက်လျှက်ရှိပြီး ကလေးငယ် ၂-သန်း ငတ်မွတ်လျှက်ရှိသည်။ အမျိုးသမီးနှင့် ကလေးငယ်များစွာတို့မှာ ငြိမ်းချမ်းရေးတပ်များ၏ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းခံရကြောင်း စွပ်စွဲချက်ထွက်ပေါ်လျှက်ရှိသည်။ ၂၀၁၆ – ၂၀၁၇ ခုနှစ်များတွင် နိုင်ငံ့အခြေအနေပိုဆိုးရွားလာပြီး ဆီးရီးယားနှင့် ယီမင်တို့နည်းတူ လူသားချင်းစာနာမှု့ဆိုင်ရာ အကြပ်အတည်းဖြစ်လျှက်ရှိသည်။

(( ဆိုလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီးက အများဆုံးစစ်သည်အင်အားဖြင့် အနှစ် ၂၀ မျှ စောင့်ရောက်သည့်တိုင် တည်ငြိမ်အေးချမ်းမှု့မရှိ၊ သွေးထွက်သံယိုမှု့များနှင့် ပြည်သူအများမှာ သေမထူး နေမထူး ဖြစ်နိုင်သည်လည်းရှိနေကြောင်း လက်တွေ့ သင်ခန်းစာပင်ဖြစ်သည်။အကူအညီပေးသည် ဆိုသူတို့မှာလည်း  အကာအကွယ်ကင်းမဲ့ဆုံးဖြစ်သော မိန်းမနှင့် ကလေးများအတွက်  ငရဲပန်းပမာ ဖြစ်လျှက်ရှိတတ်သည်။     ။ သတင်းဘာသာပြန်သူ ))

((( Al Jazeera., Nov. 27 , 2019,” Protests spread in east DRC as fury against UN peacekeepers rises.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ #ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင်MONUSCO #ကွန်ဂိုအဓိကရုန်း

https://www.aljazeera.com/news/2019/11/protests-spread-east-drc-fury-peacekeepers-rises-191127074511102.html

0

Leave a Reply

Your email address will not be published.