အာရှ၌ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့နေ၊ မကြာမီ အဓိကလွှမ်းမိုးသည့် ဗိုင်းရပ်စ်ပုံစံ ဖြစ်လာဖွယ်ရှိဟု WHO သတိပေး၊ကာကွယ်ဆေး ထိုးနှံကြရန် အပူတပြင်း လိုအပ်နေဆဲဖြစ်။ ကပ်ရောဂါထိန်းချုပ်ရာတွင် ကနဦးအောင်မြင်မှုများက ကာကွယ်ဆေး ထိုးနှံရေးကို ဆုတ်ဆိုင်းစေခဲ့


ကူးစက်မှု အလွန်မြန်ဆန်သော ဒဲလ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်မျိုးကွဲမှာ ယုခရက်သတ္တပတ်အတွင်း သြစတြေးလျနှင့် တောင်ကိုရီးယားတို့တွင် ကူးစက်ခံရသူအရေအတွက် စံချိန်တင်မြင့်တက်လာခဲ့ပြီး အချို့နိုင်ငံများတွင် ရောဂါဖြစ်ပွားထိန်းချုပ်ရေးကို တင်းကြပ်ရန်နှင့်ကာကွယ်ဆေးထိုးနှံကြရန် အပူတပြင်းလိုအပ်လာသည်ဟု Reuters က ယနေ့ ရေးသားသည်။

…     
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိရသည့် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲမှာ နိုင်ငံပေါင်း ၁၀၀ ခန့်သို့ ပျံ့နှံ့သွားခဲ့ပြီး များမကြာမီ အဓိကလွှမ်းမိုးသည့် ဗိုင်းရပ်စ် ပုံစံဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်သည်။ ယခုလတွင် အိုလံပစ်အားကစားပွဲတော် ကျင်းပမည့် ဂျပန်နိုင်ငံ၌ ရောဂါဖြစ်ပွားမှု အရှိန်မြှင့်တက်လျှက်ရှိသည် ဆို၏။

…   
သောကြာနေ့တွင် သြစတြေးလျနိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်ရာ နယူးဆောက်ဝေးလ်ပြည်နယ်၌ ကူးစက်ခံရသူ အရေအတွက်မှာ ယခုနှစ်အတွင်း အမြင့်မားဆုံးဖြစ်သည်။ ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပွားမှု ၂၀၀ ကျော်အထိ ရှိလာပြီး အများစုမှာ ဒဲလ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ကြောင်း သိရှိရသည်။

…  
နိုင်ငံ့လူဦးရေ ၂၅ သန်းခန့်၏ ငါးပုံတစ်ပုံ နေထိုင်ရာ ဆစ်ဒနီမြို့တွင်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ရက်သတ္တနှစ်ပတ်ကြာ Lockdown တားဆီးပိတ်ဆို့မှုပြဋ္ဌာန်းခဲ့ရပြီး နိုင်ငံတဝှန်း ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ နှေးကွေးနေခြင်းက အာဏာပိုင်များအား ထိတ်လန့်စေခဲ့သည်။

…   
ရောဂါကပ်ရောဂါထိန်းချုပ်ရာတွင် ကနဦးအောင်မြင်မှုများက သြစတြေးလျှအား အခြားအာရှနိုင်ငံများနည်းတူ ကာကွယ်ဆေး ထိုးနှံရာတွင် ဆုတ်ဆိုင်းစေခဲ့သည်။ ကာကွယ်ဆေးထုတ်လုပ်သူများ၏ တင်ပို့မှုကလည်း နှေးကွေးခဲ့သည်။ ဂျပန်နိုင်ငံ၌ လူဦးရေ၏ ၁၂% ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ချိန်တွင် သြစတြေးလျှ၌ ၆% သာရှိခဲ့သည်။

…   
ဗုဒ္ဓဟူးနေ့၌ တိုကျိုအပါအဝင် ဂျပန်နိုင်ငံ၏ အရှေ့ပိုင်းဒေသများတွင် ရောဂါဖြစ်ပွားမှု အားလုံး၏ သုံးပုံတစ်ပုံ နီးပါးမှာ ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ရပြီး ယခုဇူလိုင်လလယ်တွင် ၅၀ % အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဆိုးရွားလာပါက ဇူလိုင် ၂၃-ရက်နေ့တွင် ကျင်းပမည့် အိုလံပစ်ပွဲတော်တွင် ပရိဿတ်များအား ပိတ်ပင်ရန်မှာ ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ကြောင်း တိုကျို အုပ်ချုပ်ရေးမှူးက သောကြာနေ့၌ ပြောဆိုသည်။

…   
သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူအရေအတွက်မှာ ၈၀၀ အထိရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှု ၁၀% အောက်သာရှိသည့်တောင်ကိုရီးယားနိုင်ငံ၌ ၆-လအတွင်း အများဆုံးဖြစ်ကြောင်း၊ ကူးစက်မှုထပ်မံ တွေ့ရှိရသည့် နေ့စဉ်ပျမ်းမျှအရေအတွက်မှာ ၁၀-ရက်ဆက်တိုက် မြင့်တက်လာခဲ့ပြီး လူချင်းနီးကပ်မှု ကန့်သတ်ရေးပြဋ္ဌာန်းရန် ဆိုးလ်မြို့အာဏာပိုင်များက နှောင့်နှေးခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုသည်။

…   
ကျယ်ပြန့်သည့် ကူးစက်မှုများတွင် ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲကို အများဆုံး တွေ့ရှိရကြောင်း အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့၏ ရောဂါဖြစ်ပွားမှုတွေ့ရှိရပုံမှာ တောင်ကိုရီးယားနှင့် မတူကြောင်း အခြားနိုင်ငံများအနေဖြင့် မိမိတို့၏ ကာကွယ်ဆေးထိုးနှံရေး နည်းဗျူဟာကို ပြန်လည်သုံးသပ်၍ ပြန်လည်စီစဉ်သင့်ကြောင်း ဆိုးလ်မြို့ရှိ အီဝါအမျိုးသမီး ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ ပါမောက္ခကက ရှင်းပြသည်။

…  
အင်ဒိုနီးရှားသည် ကမ္ဘာ့စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်ပြီး ရောဂါဖြစ်ပွားမှုမြင့်တက်လာသဖြင့် စနေနေ့မှစတင်ကာ ဇူလိုင် ၂၀ ရက်နေ့အထိ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းမည်ဖြစ်သည်။

…  
မေလ၌ တစ်နေ့လျှင် ကူးစက်မှု အမြင့်ဆုံးပမာဏ ၄၀၀,၀၀၀ ထိရောက်ရှိခဲ့သော အိန္ဒိယတွင်မူ နှစ်လအတွင်း ကူးစက်မှုအသစ် ထပ်မံတွေ့ရှိမှု အနိမ့်ဆုံးအဆင့်သို့ လျော့နည်းသွားပြီး လူအများအပြားတို့ကို အစုအပုံလိုက်ကာကွယ်ဆေး ထိုးနှံပေးရန် အစိုးရက အာရုံစိုက်လျှက်ရှိသည်။

…  
အာရှဒေသတွင် နိုင်ငံတကာခရီးသွားလုပ်ငန်းများကို ဆိုင်းငံ့ထားရသည်။
ခြွင်းချက်အနေနှင့် ထိုင်းနိုင်ငံ ဖူးခက်ကျွန်း၏ ထိုးနှက်ခြင်းခံထားရသည့် ခရီးသွားလုပ်ငန်းအား ပြန်လည်ထူထောင်ရေး ခြေလှမ်းတစ်ခုအဖြစ် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးသူ ပြည်ပခရီးသွားများအတွက် ကြာသပတေးနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

…  
သို့သော်ငြားလည်း သောကြာနေ့ ထိုင်းနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူအရေအတွက်မှာ သုံးရက်ဆက်တိုက် မြင့်တက်နေဆဲဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အဓိက လွှမ်းခြုံလျှက်ရှိသော ဗိုင်းရပ်စ်ပိုးမှာ ဗြိတိန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိရသည့် အယ်လ်ဖာဗီဇပြောင်းမျိုးကွဲဖြစ်ပြီး ဒဲလ်တာမျိုးကွဲမှာ လာမည့် လ အနည်းငယ်အတွင်း လွှမ်းခြုံသွားလိမ့်မည်ဖြစ်ကြောင်း၊ လက်ရှိသေဆုံးနှုန်းအတိုင်း ဆက်လက်တည်ရှိနေပါက လူအားလုံး အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန အကြံပေးတစ်ဦးက ပြောဆိုသည်။

…    
ကာကွယ်ဆေးထိုးနှံနှုန်း နည်းပါးနေသေးသည့် နိုင်ငံအချို့တွင် ဒဲလ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာပြီးနောက် ဖြစ်ပွားမှုပြင်းထန်သည့် ဒေသများသို့ အထူးအကူအညီများ ပေးအပ်မည်ဟု အမေရိကန်အိမ်ဖြူတော်က ကြာသပတေးနေ့၌ သတင်းထုတ်ပြန်သည်။

…  
ဥရောပဆေးဝါးထိန်းညှိရေးအဖွဲ့ကမူ ဥရောပသမဂ္ဂတွင်အတည်ပြုထားသော COVID-19 ရောဂါကာကွယ်ဆေးများမှာ ဒဲလ်တာဗီဇပြောင်းအပါဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအားလုံးကို ကာကွယ်နိုင်ကြောင်း ပြောဆိုသည်။

#အာရှ၌_ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ_ပျံ့နှံ့ #WHO_သတိပေး #မကြာမီအဓိကလွှမ်းမိုးသည့်_ဗိုင်းရပ်စ်ပုံစံဖြစ်လာဖွယ်ရှိ

(((Reuters., July 2nd, 2021,” Delta variant sweeps Asia, prompting curbs as vaccination remains tepid.” ကို #HtayOung, Oungmarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.reuters.com/world/india/delta-variant-sweeps-asia-prompting-curbs-vaccination-remains-tepid-2021-07-02/ 

Leave a Reply

Your email address will not be published.