အာမေးနီးယားတို့ လွှဲပြောင်းပေးအပ်သည့် နာဂေါ်နို-ကာရာဘတ်၏ ပထမဆုံးခရိုင် အတွင်းသို့ အဇာဘိုင်ဂျန်တပ်များ ဝင်ရောက်။  ရုရှားကြားဝင်မှုဖြင့် နှစ် ၃၀ ကြာ ခွဲထွက်ရေးပုန်ကန်မှု အဆုံး သတ်။ နာဂေါ်နို-ကာရာဘတ်နယ်မြေအချို့ အဇာဘိုင်ဂျန်ရရှိပြီး ရုရှားငြိမ်းချမ်းရေးတပ်များ ချထားမည်

သောကြာနေ့တွင် အဇာဘိုင်ဂျန်တပ်များသည် အာမေးနီးယန်းကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမား တို့ က နှစ်ပေါင်း ၃၀ ကြာ ပုန်ကန်ခဲ့သော နာဂေါ်နို-ကာရာဘတ်၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည်။ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများ အဆုံးသတ်ရန် ရုရှားနိုင်ငံကြားဝင်စေ့စပ်သော ငြိမ်းချမ်းရေးသဘောတူညီ ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာမေးနီးယားတို့က ရှေးဟောင်းသမိုင်းဝင် ရှူးရှာမြို့အပါအဝင် ကာရာဘတ် နယ်မြေ၏ ၁၅% မှ ၂၀% ကို ပြန်လည်ပေးအပ်ရန် သဘောတူခဲ့သည်ဟု AFP က ယနေ့ရေးသားသည်။

တင့်ကားများပါဝင်သော အာမေးနီးယန်းစစ်ကြောင်းများသည် နယ်မြေအတွင်း ချီတက်လာပြီး နောက်တစ်နေ့၌ လွှဲပြောင်းပေးမည့် ခရိုင် ၃-ခုအနက် အာဒမ်ခရိုင်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နာဂေါ်နို-ကာရာ ဘတ်နှင့် အာမေးနီးယားအကြားရှိ ကယ်ဘာဂျာခရိုင်ကို နိုဝင်ဘာ ၂၅-ရက်နေ့၌၎င်း၊ လာချင်းခရိုင်ကို ဒီဇင်ဘာ ၁-ရက်နေ့၌၎င်း အာမေးနီးယားတို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ပြောဆိုသည်။  

တောင်တန်းဒေသအား တရားဝင်လွှဲပြောင်းခြင်း သတ်မှတ်ရက်မတိုင်မီ ကြာသပတေးနေ့၌ အာဒမ်ရှိ အာမေးနီး ယားဒေသခံများသည် သလဲသီးများဝိုင်းရံထားသည့် ၎င်းတို့နေအိမ်အားစွန့်ခွာရန် အသုံးအဆောင်နှင့် ပရိဘော ဂများကို ဗင်ကားများ ပေါ်တွင် ကမန်းကတန်းတင်ဆောင်ခဲ့ကြရသည်။ 

စက်တင်ဘာနှောင်းပိုင်းတွင် နာဂေါ်နို-ကာရာဘတ်ဒေသ၌ အဇာဘိုင်ဂျန်တပ်များနှင့် အာမေးနီးယားခွဲထွက်ရေး သမားများအကြားပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ရက်သတ္တ ၆-ပတ်ကြာ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲအတွင်း ထောင်ပေါင်းများစွာသော လူများကိုသေဆုံးခဲ့ရပြီး အိုးအိမ်စွန့်ခွာရသူ အများအပြား ရှိခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင်မူ ယခင်ဆိုဗီယက်အင်ပါယာတွင် ပါဝင်ခဲ့ဖူးသော အိမ်နီးချင်းနှစ်နိုင်ငံတို့သည် ရုရှားနိုင်ငံကြားဝင်စေ့စပ်မှုဖြင့် ရန်လိုမှုများအဆုံးသတ်ရန်သဘောတူခဲ့ကြသည်။ အာမေးနီးယားက နယ်မြေ များပေးအပ်ရန်နှင့် ရုရှားငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များအား ဖြန့်ချထားမည် ဖြစ်သည်။

၁၉၉၀ -ခုနှစ် ဆိုဗီယက်စစ်ပွဲအလွန်တွင် နာဂေါ်နို-ကာရာဘတ်နှင့် အနီးဝန်းကျင်ဒေသများရှိ ခွဲထွက်ရေးသမား များသည် လူ ၃၀,၀၀၀ သေဆုံးစေသော စစ်ခင်း၍ နယ်မြေကိုသိမ်းပိုက်ပြီး လွတ်လပ်ရေး ကြေညာခဲ့ရာ နိုင်ငံ တကာသာမက အာမေးနီးယားပင်လျှင် အသိအမှတ် မပြုခဲ့ချေ။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် အာမေးနီးယားသည် မကြာသေးမီကဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းယူခဲ့သော သမိုင်းဝင်မြို့အပါအဝင် နာဂေါ်နို-ကာရာဘတ်နယ်မြေအချို့ကို အဇာဘိုင်ဂျန်အား ပြန်လည်ပေးအပ်ရန် သဘောတူခဲ့သည်။

နယ်မြေအပြန်အလှန်လဲလှယ်မှုကို မူလက တနင်္ဂနွေနေ့တွင်စတင်မည်ဖြစ်ပြီး၊ အဇာဘိုင်ဂျန်က လွှဲပြောင်း ယူမည့် တရားဝင်သတ်မှတ်ရက်မတိုင်မီ ကယ်ဘာဂျာခရိုင်မှ အာမေးနီးယားလူမျိုးများမှာ အလုံးအရင်းဖြင့် ရွှေ့ပြောင်းကြရသည်။

သို့သော် အဇာဘိုင်ဂျန်သမ္မတအီလ်ဟမ် အလီယက်ဗ်က လူသားချင်းစာနာထောက်ထားသောအားဖြင့် တရားဝင် သတ်မှတ်နောက်ဆုံးရက်ကို တစ်ပတ်ကြာရွှေ့ဆိုင်းပေးလိုက်သည်ဒ

(( “ စစ်တိုက်ရတာ လွယ်ပါတယ်၊ ငြိမ်းချမ်းရေးဆိုတာ ယူဖို့ ခက်တယ်.. “ ဟု ပြောဆိုခဲ့သူမှာ နာမည်ကျော် ပါလက်စတိုင်း ပြောက်ကျားခေါင်းဆောင် “ ယာဆာအာရဖတ် “ ဖြစ်သည်။ အစ္စရေးနှင့် ငြိမ်းချမ်းရေးယူသော သစ္စာ ဖောက်အဖြစ် အီဂျစ်သမ္မတ “ အန်ဝါဆဒတ် “ မှာ ၁၉၈၁-ခုနှစ်တွင် ဘာသာရေးသဘောထားတင်း မာသော  စစ်ဘက်အရာရှိတစ်စုက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီမှာလည်း မွတ်စလင်တို့အပေါ် လိုက်လျောလွန်းသည်ဟုဆိုကာ ဟိန္ဒူအမျိုးသားရေးအစွန်းရောက်များက လုပ်ကြံခဲ့သည်။

အာမေးနီးယန်းလူမျိုးများနေထိုင်ပြီး အဇာဘိုင်ဂျန်က တရားဝင်ပိုင်ဆိုင်သော နာဂေါ်နို-ကာရာဘတ်တွင် ခွဲ ထွက်ရေး ပဋိပက္ခများနှင့် တင်းမာခဲ့ရသည်မှာ ဆယ်စုနှစ် ၃-စုပင် ရှိခဲ့ပါပြီ။ အိမ်နီးချင်းနှစ်နိုင်ငံအကြား အမုန်းမီး ပြင်းထန်စွာလောင်ကျွမ်း၍ သွေးချောင်းစီးတိုက်ခိုက်ခဲ့ကြသည်။ မကြာသေးမီက အပစ်အခတ်ရပ်စဲရေး ဆွေး နွေးပွဲတွင် အဇာဘိုင်ဂျန်ကို နာဂေါ်နို-ကာရာဘတ်နယ်မြေများပေးအပ်ရန် အာမေးနီးယား ဝန်ကြီးချုပ် နစ်ကိုးလ် ပါရှင်းညန်က သဘောတူညီခဲ့သည်။ ထိုအတွက် ဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ပေးရန် ကန့်ကွက်ဆန္ဒ ပြပွဲများ ဖြစ်ပေါ် စေခဲ့သည်။ 

တိုက်ပွဲများ အဆုံးသတ်ရန် သဘောတူခြင်းဖြင့် နိုင်ငံအား သစ္စာဖောက်သည်ခဲ့သည်ဟုဆိုကာ ဆန္ဒပြသူတို့က အစိုးရအ ဆောက်အအုံများကို ဝင်ရောက်စီးနင်းခြင်း၊ လုယက်ဖျက်ဆီးမှု ကျူးလွန်ခဲ့သည်။

ယခုကဲ့သို့ နယ်မြေလွှဲပြောင်းပေးအပ်ပြီးနောက် မည်ကဲ့သို့ ဆက်ဖြစ်လာနိုင်သည်ကို စိတ်လေးစွာ စောင့်ကြည့် ယုံသာရှိပါသည်။   ။ သတင်းဘာသာပြန်သူ ))

#နာဂေါ်နို_ကာရာဘတ်နယ်မြေအချို့အဇာဘိုင်ဂျန်လက်ခံ #နာဂေါ်နို_ကာရာဘတ်

 ((( AFP., November 20th, 2020, “Azerbaijan troops enter 1st district handed over by Armenia.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.telegraph.co.uk/news/2020/11/20/azerbaijan-troops-enter-first-district-handed-armenia/

https://www.dhakatribune.com/world/europe/2020/11/20/azerbaijan-troops-enter-1st-district-handed-over-by-armenia https://www.aljazeera.com/news/2020/11/12/turkey-warns-armenia-against-breaking-nagorno-karabakh-truce 
https://www.aljazeera.com/program/newsfeed/2020/11/10/russia-brokers-nagorno-karabakh-peace-deal/ 
https://www.aljazeera.com/news/2020/11/12/armenia-protests 

0

Leave a Reply

Your email address will not be published.