အိဒ်ပွဲတော်ကာလမတိုင်မီ စစ်သွေးကြွတိုက်ခိုက်မှု ဖြစ်ပွားနိုင်ကြောင်း ထောက်လှမ်းရေးသတင်း ထွက်ပေါ်။ IS တို့သတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒက်ရှ် ရဲစခန်း၊ တပ်ရင်း_တပ်ဖွဲ့အားလုံး တပ်လှန့်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါအား လက်နက်သဖွယ်အသုံးပြုရန် IS တို့ လှုံဆော်

အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ အိုင်အက်စ် ( IS ) တို့၏ လှုံ့ဆော်သတင်းထုတ်ပြန်ချက်များထွက်ပေါ်လာသည့်အတွက် စခန်း၊ တပ်ရင်းတပ်ဖွဲ့တို့အနေဖြင့် တိုက်ခိုက်ဖျက်ဆီးလာနိုင်သည်တို့ကို ကာကွယ်တားဆီးရန်နှင့် လိုအပ်သည့် ဆောင်ရွက်မှုများ ပြင်ဆင်ထားကြရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ရဲဋ္ဌာနချုပ်က ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် The Daily Star က ယနေ့ရေးသားသည်။ 


IS တို့က Bengal Ulayat “ ဘင်္ဂလား အူလယတ် “ ခေါ် လက်ရုန်းတပ်သစ် ၁-ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်းနှင့် ပြည်တွင်း ပြည်ပရှိစစ်သွေးကြွလှုပ်ရှားမှုသတင်းများကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် “ အိဒ်ပွဲတော်မတိုင်မီ ဆိုးရွားသည့် တိုက်ခိုက်ဖျက်ဆီးမှုများ ဖြစ်ပွားလာနိုင်သည်ကို ညွှန်ပြနေကြောင်း၊ JMB “ ဘင်္ဂလားဒက်ရှ် ဂျမတ်အူလ်မူဂျာဟီဒင် “ လက်သစ်တို့သည် အဖျက်လုပ်ရပ်များကျူးလွန်ရန် ကြိုးစားလာဖွယ်ရှိကြောင်း၊ 

  
#ယခင်အတွေ့အကြုံများအရ #လာမည့် သြဂုတ်လသည် #စစ်သွေးကြွတို့ #အတတ်ကြွဆုံး ဖြစ်လေ့ရှိရာ လိုအပ်သော လုံခြုံရေးအစီအမံများ တိုးမြှင့်ထားကြောင်း၊ အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းဋ္ဌာန (CTTC)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးယူနစ် (ATU) နှင့် လျှပ်တစ်ပြက်တိုက်ခိုက်ရေး အထူးရဲတပ်ဖွဲ့ အပါအဝင် ရဲတပ်ရင်း၊ တပ်ဖွဲ့များအားလုံးကို တပ်လှန့်ထားကြောင်း၊ လက်ထောက်ရဲမှူးချုပ် (ထောက်လှမ်းရေး နှင့် အထူးရေးရာ) ဋ္ဌာနမှူး ဟိုင်ဒါအလီခန်က The Daily Star သို့ ပြောဆိုသည်။ 

  
ထောက်လှမ်းရေးအရ JMB လက်သစ်တို့သည် သံရုံးများ၊ ဘာသာရေးအဖွဲ့အစည်းများ သို့မဟုတ် ရဲကင်း-ရဲစခန်းတို့ကို ပစ်မှတ်ထား တိုက်ခိုက်ဖွယ်ရှိကြောင်း၊ ထိုအတွက် မြို့ကြီးများတွင် မျက်နှာစိမ်း အိမ်ငှားသစ် တင်ခြင်း သတင်းများကို စုဆောင်းရန်၊ ရဲစခန်း- ရုံးတို့၌ ဧည့်သည်ဝင်ထွက်တို့တွင် သက်သေခံလက်မှတ် စစ်ဆေးရန်၊ အချက်အချာကျသောနေရာများတွင် စစ်ဆေးရေးဂိတ်များ ထားရှိရန် စသည်ဖြင့် လုံခြုံရေး အစီအစဉ်တိုးမြှင့်ထားပြီးဖြစ်ကြောင်း သိရှိရသည်။ 

  
လွန်ခဲ့သည့် သောကြာနေ့ နံနက် ၀၈း၄၅ နာရီခန့်တွင် ဒါကာမြို့တော်တောင်ဘက် ပူရာနာပယ်လ်တန်ဧရိယာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒါဏ်ရာရသူ မရှိခဲ့ချေ။ ပေါက်ကွဲမှု မှာ IED လက်လုပ်ဗုံး အမျိုးအစားဖြစ်ပြီး ယခင်ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း စစ်သွေးကြွတို့ အသုံးပြုခဲ့သည့် ဗုံးအမျိုးအစားနှင့် တူညီခြင်းမရှိကြောင်း ဗုံးရှင်းတပ်ဖွဲ့ ခေါင်းဆောင်က အတည်ပြုသည်။ 

  
နောက်တစ်နေ့ ည ၀၉း၃၀ နာရီခန့်တွင် ဒါကာမြို့တော် ဂူလစ်စ်တန်ဧရိယာ၌ ဗုံးဟု ယူဆရသော အရာဝတ္ထု တစ်ခုကို မော်တော်ဆိုင်ကယ်တစ်စီးပေါ်၌ ပိုင်ရှင်မဲ့အဖြစ် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ သို့သော် အဆိုပါအရာဝတ္ထုမှာ သဲထည့်ထားသော ပလပ်စတစ်ပုလင်းကို တိပ်ကြိုးများ ရစ်ပတ်၍ ဗုံးသဏ္ဍာန်ပြုလုပ်ထားသော ဗုံးအတုဖြစ်နေသည်။ 


ပြီးခဲ့သည့်လကုန်တွင် အီရတ်နှင့်ဆီးရီးယားရှိ IS တို့က ကမ္ဘာတစ်ဝှမ်းလုံးမှ ၎င်းတို့၏နောက်လိုက်များအား အိဒ်ပွဲတော်ကာလမတိုင်မီ စုရုံးကြရန်နှိုးဆော်ထားကြောင်း သိရှိရသည်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း စစ်သွေးကြွလှုပ်ရှားမှုများ မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ 


အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ IS အိုင်အက်စ်တို့သည် Covid- 19 ဗိုင်းရပ်စ်ကို လက်နက်သဖွယ် အသုံးပြုကြရန် စီစဉ်လျှက်ရှိကြောင်း သည်းထိတ်ရင်ဖိုသတင်းကို ကြားသိရသည်ဟု အိန္ဒိယအခြေစိုက် India Toady က ယမန်နေ့ရေးသားသည်။ 
အိုင်အက်စ်တို့ ထုတ်ဝေသော စာစောင်တစ်ခုကို India Today ဒစ်ဂျစ်တယ်မီဒီယာက ရရှိခဲ့ကြောင်း၊ အဆိုပါ စာစောင်တွင် အိုင်အက်စ်တို့အား ထောက်ခံသူတို့အနေဖြင့် ကိုယ်တိုင် Covid-19 ရောဂါစွဲကပ်ခံ၍ မယုံကြည်သူ “ ကာဖိရ် “ တို့အား ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေခြင်းဖြင့် “ ဂျီဟဒ် “ဆင်နွှဲကြရန် ရေးသားထားသည်ဆို၏။ 

#အိဒ်ပွဲတော်ကာလမတိုင်မီ_စစ်သွေးကြွတိုက်ခိုက်မှုဖြစ်ပွားနိုင် #ဘင်္ဂလားဒက်ရှ်ရဲတပ်ရင်း_တပ်ဖွဲ့အားလုံး_ တပ်လှန့်ထား၊ #ကိုရိုနာဗိုင်းရပ်စ်ရောဂါအား_လက်နက်သဖွယ်အသုံးပြုရန် IS 

((( The Daily Star., July 27, 2020, “Intel on Possible ‘Militant Attack’: New security alert before Eid.By: Mohammad Jamil Khan” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.thedailystar.net/frontpage/news/intel-possible-militant-attack-new-security-alert-eid-1936789 
https://www.indiatoday.in/india/video/unlock-3-0-schools-metros-to-remain-shut-cinemas-gyms-likely-to-open-say-sources-1704591-2020-07-26 
https://www.bloombergquint.com/opinion/bangladeshi-isis-arrest-in-singapore-denial-would-no-longer-help-sheikh-hasina-blogger-killed-jamat-e-islami 

0

Leave a Reply

Your email address will not be published.