အိန္ဒိယ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြပ်အတည်း၊ ၁၉-သန်းကျော် ကူးစက်ခံနေရပြီး လူ ၂-သိန်းကျော် သေဆုံးခဲ့ဟု ဆိုသော်လည်း ၎င်းထက်ပိုနိုင်။ ကြိုတင်ကာကွယ်မှု မရှိသူများ၏ နိုင်ငံရေးချီတက်ပွဲ ဘာသာရေးပွဲတော်များနှင့် လူသန်းချီစုရုံးမှုများတွင် မျိုးကွဲဗီဇပြောင်းဗိုင်းရပ်စ် ပျံနှံ့


ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု၏ ကြောက်မက်ဖွယ် #ဒုတိယလှိုင်းသည် အိန္ဒိယနိုင်ငံကို ပြင်းထန်စွာ ထိခိုက်စေလျှက်ရှိသည်။ သန်းနှင့်ချီသော လူအများမှာ ရောဂါကူးစက်ခံထားရပြီး တိုင်းပြည်၏ မူလတည်းက မနိုင်ဝန် ဖြစ်နေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ဖိစီးမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း The New York Times က ယမန်နေ့ ရေးသားသည်။

…   
တရားဝင်ကိန်းဂဏန်းများ၌ ဧပြီလအကုန်(ယမန်နေ့) တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၁၇.၉-သန်းကျော် နှင့် ၂-သိန်း ကျော်သေဆုံးခဲ့သည်ကို အတည်ပြုထားသည်။ သို့သော်လည်း အမှန်တကယ်အရေအတွက်မှာ ၎င်းထက်ပိုနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်။ တချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ၏ ကူးစက်ခံရသူ နေ့စဉ် ၃-သိန်းကျော်မှာ နိုင်ငံတကာ #Covid-19 ရောဂါဖြစ်ပွားမှုတွင် ထက်ဝက်ကျော်ပမာဏအဖြစ် မှတ်တမ်းဝင် အရှိန်မြှင့်လျှက်ရှိသည်။

…  
လွန်ခဲ့သောလများ၌ အိန္ဒိယသည် ကူးစက်ကပ်ရောဂါကို ခံနိုင်ရည်ရှိမည့်ဟန် ပြသခဲ့သည်။ ကနဦး #လော့ဒေါင်းတားဆီးပိတ်ဆို့မှုများ တင်းကြပ်ချိန်နောက်ပိုင်း အခြားတိုင်းပြည်များနှင့်ယှဉ်လျှင် နိုင်ငံအတွင်း ကူးစက်-သေဆုံးအရေအတွက်မှာ ရောဂါပျံ့နှံခြင်း မရှိကြောင်း တွေ့မြင်ခဲ့ရသည်။

…   
စောစောပိုင်း ကန့်သတ်ချက်များကို ဖယ်ရှားပြီးနောက် အိန္ဒိယလူမျိုးများစွာတို့မှာ ကြိုတင်ကာကွယ်ခြင်းများကို ရပ်ဆိုင်းပစ်လိုက်ကြသည်။ နိုင်ငံရေးချီတက်ပွဲများနှင့် ဘာသာရေးပွဲတော်များ ပြန်လည်ကျင်းပခြင်းအပါအဝင် ကြီးမားသော လူသူစုရုံးမှုများက လူသန်းပေါင်းများစွာတို့ကို ပြန်လည်ဆွဲခေါ်နိုင်ခဲ့သည်။

…  
ယခုနှစ် နွေဦးရာသီ စတင်ချိန်တွင် နိုင်ငံ၏ ရောဂါဖြစ်ပွား-သေဆုံးမှုများမှာ အဆပေါင်းများစွာ တိုးပွားလာတော့သည်။

…  
ဧပြီလတွင် နယူးဒေလီဆေးရုံတစ်ခု၌ ဆရာဝန် ၃၇ ဦး အပါအဝင် ကာကွယ်ဆေးထိုးနှံပြီးသူအချို့တွင် ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို တွေ့ရှိရပြီးနောက် ဒုတိယလှိုင်း၏ နောက်ကွယ်၌ ပိုမိုကူးစက်စေနိုင်သည့် #ဗီဇပြောင်းမျိုးကွဲ ဗိုင်းရပ်စ်ဖြစ်နိုင်သည်ကို အံ့သြစွာ သိရှိလိုက်ရသည်။

…  
အိန္ဒိယတွင် လူအများကြားဖူးထားပြီးဖြစ်သည့် #B.1.617 ခေါ် ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်ကြောင့် ဒုတိယလှိုင်း ပြင်းထန်ရခြင်းဖြစ်သည်။ ၎င်းမျိုးကွဲကို တစ်ခါတစ်ရံ “နှစ်ထပ်ဗီဇပြောင်း” ဟု မဆီလျော်စွာ ခေါ်လေ့ရှိကြသော်လည်း ဗိုင်းရပ်စ်ဗားရှင်းတစ်ခုတည်းတွင် အခြားရှုပ်ထွေးသော မျိုးကွဲများ၌တွေ့ရလေ့ရှိသည့် မျိုးရိုးဗီဇပြောင်းလဲခြင်း ၂-ခုပါဝင်သောကြောင့် ထိုအမည်ကို ရရှိခဲ့ခြင်းဖြစ်သည်။


အိန္ဒိယနိုင်ငံပြင်ပရှိ သုတေသီများကမူ ယခုအချိန်အထိ အချက်အလက် အနည်းအကျဉ်းသာ သိရှိရသော်လည်း ဗြိတိန်နှင့် အမေရိကန်တွင် ကူးစက်ပျံံ့နှံံ့လျှက်ရှိသည်မှာ B.1.1.7 ခေါ် ဗီဇပြောင်းမျိုးကွဲဖြစ်ရန် အလားအလာ ပိုများသည်ဟု ခန့်မှန်းထားကြသည်။ ယခုအချိန်ထိ သက်သေပြရန် မရေမရာ ရှိနေဆဲဖြစ်ပြီး အခြားသော အချက်များကြောင့် ကူးစက်ပျံံနှံ့ခြင်းလည်း ဖြစ်နိုင်ကြောင်း ပညာရှင်များက သတိပေးသည်။

…   
ထပ်မံတိုးမြင့်လာသော လူနာများကြောင့် အိန္ဒိယဆေးရုံများတွင် လိုအပ်သည့်အတိုင်း ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့ချေ။ မြို့ကြီးပေါင်းများစွာရှိ လူနာအများအပြားတို့မှာ ငုတ်တုတ် အသေခံလိုက်ရသလို ဖြစ်နေသည်။

…  
တစ်နိုင်ငံလုံးရှိဆေးခန်းများတွင် လူနာကုတင်များ၊ ဆေးဝါးများ၊ အကာအကွယ်ပေးကိရိယာများနှင့် အောက်စီဂျင်များ အသည်းအသန် ပြတ်လပ်လျှက်ရှိကြောင်း အစီရင်ခံလျှက်ရှိသည်။
ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အောက်စီဂျင်ဓာတ်ငွေ့အရည် လုံလောက်စွာ ရှိနေပြီး ဖြန့်ဖြူးမှုကို အမြန်ဆုံးတိုးချဲ့လျက်ရှိသည်ဟု အိန္ဒိယအစိုးရက ပြောဆိုသည်။ သို့သော် ဓါတ်ငွေ့စက်ရုံများမှာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် စုပြုံတည်ရှိနေပြီး ကူးစက်-သေဆုံးမှု အဆိုးရွားဆုံးဖြစ်ပွားနေသော မြောက်ပိုင်း ဒေလီနှင့် အနောက်ပိုင်း မဟာရဋ္ဌပြည်နယ်တို့မှ အလွန်ဝေးကွာသောကြောင့် ကုန်းလမ်းခရီးဖြင့် ထောက်ပံ့ရေး ပစ္စည်းများရောက်ရှိရန် ရက်ပေါင်းများစွာကြာနိုင်သည်။

…  
ဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လပ်ခြင်းကဲ့သို့ ထောက်ပံ့မှုများ နည်းပါးခြင်းကြောင့် သို့မဟုတ် အာဏာ ပိုင် များအနေဖြင့် နေအိမ်တွင် စောင့်ရှောက်ကုသပေးရန် လူနာရှင် မိသားစုတို့က လူမှုကွန်ယက်၌ အကူအညီ တောင်းခံနေကြသည်။ အောက်စီဂျင်ကို ပုံမှန်ထက် ၁၀-ဆပေး ဝယ်ယူနေရကြောင်း ဒေလီနေထိုင်သူအချို့က ပြောဆိုလျှက်ရှိပြီး၊ ဆေးရုံများမှ အောက်ဆီဂျင်ဆလင်ဒါများ လုယက်ခံရသည်ဟု မီဒီယာများက သတင်းရေးသားကြသည်။

…  
ကာကွယ်ဆေးထုတ်လုပ်ရာတွင် ကမ္ဘာအဆင့် ဦးဆောင်နိုင်ငံတစ်ခု ဖြစ်သော အိန္ဒိယသည် နိုင်ငံသားများကို ကာကွယ်ဆေးထိုးရန် မနည်းရုန်းကန်နေရသည်။

…  
ကာကွယ်ဆေး တစ်ကြိမ်တည်းသာ ထိုးနှံရသေးသော နိုင်ငံသားတို့မှာ အိန္ဒိယနေသူအားလုံး၏ ၁၀% ထက်ပင် နည်းနေသည်။ ယခု အိန္ဒိယ၏ နာကျင်မှုကို ကမ္ဘာတစ်ဝှမ်းလုံး၌ ခံစားရနိုင်ပြီး အထူးသဖြင့် ဆင်းရဲနိုင်ငံများက ပို၍ စိတ်ထိခိုက်ကြရသည်။ အိန္ဒိယက ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်းချီ၍ ထုတ်လုပ်ရန်စီစဉ်ထားသည်။

…   
သို့သော် အိန္ဒိယသည် (အမေရိကန်က ) ကာကွယ်ဆေးထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများ ပြည်ပသို့တင်ပို့မှုကို ပိတ်ပင်ထားခြင်း ခံနေရပြီး ကိုယ်တိုင် ကာကွယ်ဆေးပြတ်လပ်လုနီးပါးကြုံတွေ့နေရခြင်းကြောင့် အခြားနိုင်ငံများအတွက် မျှော်မှန်းထားသည့် ဆေးဝါးကြိမ်ရေပမာဏရရှိရန် များစွာ အလှမ်းဝေးသွားသည်။

…  
အိန္ဒိယနှင့် အခြားနိုင်ငံများမှ ချို့ငဲ့သူကူညီရေးလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းများသည် အိန္ဒိယ၏ COVID သားကောင်ဖြစ်နေရသူများနှင့် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး ရှေ့တန်းဝန်ထမ်းများကို ကူညီရန် ကြိုးစားနေကြသည်။ ထိုနည်းလမ်းဖြင့်သာ အကြပ်အတည်းကို ကျော်လွန်ဖွယ်ရှိသည်။

(((The New York Times., 30 Apr 2021,“ What to know about India’s coronavirus crisis.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အိန္ဒိယကိုရိုနာဗိုင်းရပ်စ်ရောဂါ_ဒုတိယလှိုင်း

https://bdnews24.com/coronavirus-pandemic/2021/04/30/what-to-know-about-indias-coronavirus-crisis 

Leave a Reply

Your email address will not be published.