အိုင်အက်စ် အကြမ်းဖက်သစ္စာခံ စစ်သွေးကြွတို့က ဖိလစ်ပိုင်တောင်ပိုင်း မြို့လယ်ဈေးကို စီးနင်း၊ လုံခြုံရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား၍ အရပ်သားများ ရာနှင့်ချီ ထွက်ပြေး၊ စစ်ဘက်နှင့် ရဲတပ်ဖွဲ့က လိုက်လံရှင်းလင်းစဉ် အဝေးပြေးလမ်းမကြီးအနီး၌ လက်လုပ်ဗုံးများ တွေ့ရှိ


ဖိလစ်ပိုင်နိုင်ငံတွင် ဒေသန္တရဈေးတစ်ခုကို အစ္စလာမ်မစ်တိုက်ခိုက်ရေးသမား ၂၀၀ ခန့်က စားနပ်ရိက္ခာအတွက် စီးနင်းသိမ်းပိုက်လိုက်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မြို့သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး ကြရကြောင်း၊ စစ်ဘက်တပ်ဖွဲ့ဝင်များက ၎င်းဧရိယာမှ စစ်သွေးကြွများအား မောင်းထုတ်ရန်ကြိုးစားစဉ် သေနတ်သံများ ကြားကြရသည်ဟု Russia Today (8 May, 2021) က ရေးသားသည်။

…    
စနေနေ့ နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ_တောင်ပိုင်း_မင်ဒါနာအိုကျွန်းပေါ်ရှိ #ဒါတုပက်ဂလပ်မြို့၏ အများပြည်သူဆိုင်ရာဈေးကို #ဘန်ဆာမိုရို_အစ္စလာမစ်_လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ (BIFF) က သိမ်းပိုက်လိုက်ပြီး များမကြာမီ အဆိုပါဧရိယာတစ်ဝှိုက်၌ စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်ဆို၏။

…   
၎င်းစစ်သွေးကြွများသည် ဖိလစ်ပိုင်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော #မိုရို_အစ္စလာမ်မစ်_လွတ်မြောက်ရေးတပ်ဦး (#MILF)မွတ်စလင်သူပုန်များကို ဆန့်ကျင်သည့် အုပ်စုမှဖြစ်သည်။ BIFF အဖွဲ့ဝင်အချို့မှာ #အိုင်အက်စ် ခေါ် အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူများ (IS, ယခင် ISIS) တို့အပေါ် သစ္စာခံသူများအဖြစ် အများသိရှိထားကြသည်။

…   
ရာနှင့်ချီသော ဒေသခံများမှာ မြို့မှ ထွက်ပြေးနိုင်ခဲ့ကြသော်လည်း အရပ်သားအချို့မှာ စစ်သွေးကြွများက ဈေးသို့ဦးတည်သည့် လမ်းမကြီးအား  ထရပ်ကားတစ်စီးဖြင့် ပိတ်ဆို့လိုက်ခြင်းကြောင့် မပြေးနိုင်ပဲ ရှိခဲ့ကြောင်း ဒေသန္တရမီဒီယာများ အဆိုအရ သိရှိရသည်။

…  
Twitter တွင် ပျံ့လွင့်လျှက်ရှိသော ဗွီဒီယိုနှင့် ဓါတ်ပုံများတွင် မော်တော်ဆိုင်ကယ်များ၊ ဗင်ကားများနှင့် တိရစ္ဆာန်ဆွဲလှည်းများကို အသုံးပြု၍ အလျင်အမြန်ထွက်ခွာနေကြသော ရွာသားများကို တွေ့မြင်ကြရသည်။

…  
လုံခြုံရေးတပ်များက ဈေးအား ဝိုင်းဝန်းပိတ်ဆို့စဉ် BIFF တိုက်ခိုက်ရေးသမားများက သေနတ်ဖြင့် ပစ်ခတ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သံချပ်ကာကားတစ်စီးအား အကာအကွယ်ယူလျှက် သေနတ်သံ ထွက်ပေါ်ရာသို့ ပြန်လှန်ပစ်ခတ်နေသော စစ်သားများကိုလည်း ဗွီဒီယိုသတင်းများ၌ ဖော်ပြကြသည်။

…   
စစ်သွေးကြွများသည် အရပ်သားတို့အား သတိပေး ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် စစ်တပ်ကပြန်လှန် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောဆိုသည်။

…  
စစ်သွေးကြွများက မည့်သည့်အတွက် ဈေးကို ဝင်ရောက်စီးနင်းရကြောင်း ရှင်းလင်းစွာ မသိရချေ။ စစ်ဘက် ပြောခွင့်ရသူကမူ BIFF အဖွဲ့ဝင်များအနေဖြင့် ဈေးမှ စားနပ်ရိက္ခာများ ရယူလိုပုံရသည်ဟု ထင်မှတ်ရပြီး ၎င်းတို့ ရောက်ရှိနေခြင်းကို ဒေသခံများက အာဏာပိုင်များထံ သတင်းပို့ခဲ့ကြောင်း၊ လက်တုံ့ပြန်ခံရမည်ကိုစိုးရိမ်သောကြောင့် စစ်သွေးကြွများက ဈေးကို စီးနင်း သိမ်းယူခြင်းဖြစ်ကြောင်း ပြောဆိုသည်။

…  
ဈေးမှ ထွက်ခွာသွားသော စစ်သွေးကြွများနောက်သို့ လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှင်းလင်းလျှက်ရှိကြောင်း ၎င်းတို့ ပိတ်ဆို့ထားခဲ့သည့် အဝေးပြေးလမ်းမကြီးအနီးတွင် လက်လုပ်ဗုံးများကို ရှာဖွေတွေ့ရှိရသည်ဟု ဒေသန္တရမီဒီယာများက ရေးသားသည်။

(( ယခုအခင်းဖြစ်ပွားရာ ဒါတုပက်ဂလပ်မြို့သည် #အိုင်အက်စ်သစ္စာခံ_အဘူဆေယက်တို့ ယခင် စီးနင်းခံခဲ့ရဖူးသော #မာရဝီမြို့၏ အရှေ့တောင်ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိပါသည်။   ။ သတင်းဘာသာပြန်သူ ))

#ဖိလစ်ပိုင်တောင်ပိုင်း_မြို့လယ်ဈေးကို_အိုင်အက်စ်_အကြမ်းဖက်သစ္စာခံ_စစ်သွေးကြွတို့စီးနင်း

(((RT., 8 May, 2021, “Civilians flee as Philippines soldiers dislodge 200 (hungry?) Islamist militants who seized town market – media” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/523232-philippines-islamist-fighters-biff/
https://www.pna.gov.ph/articles/1139597
https://newsinfo.inquirer.net/1429158/army-retakes-maguindanao-town-after-6-hr-biff-occupation 

+2

Leave a Reply

Your email address will not be published.