အိုလံပစ်အပြီး COVID-19 ကြောင့် လူတစ်သိန်းကျော် ထပ်မံသေဆုံးလိမ့်မည်ဟု WHO သတိပေး။ အမေရိကန်၌ ဆေးရုံတင် လူနာတို့၏ ၉၇ရာနှုန်းနှင့် သေဆုံးသူများ၏ ၉၉ ရာနှုန်းမှာ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများ ဖြစ်နေ


Covid-19 ဖြစ်ပွားမှုကြောင့် တစ်နှစ်နှောင့်နှေးခဲ့ရသော ၂၀၂၀ တိုကျိုနွေရာသီအိုလံပစ် အားကစားပွဲကို ဗုဒ္ဓဟူးနေ့တွင် ဖွင့်ပွဲ စတင်ကျင်းပခဲ့သည်။ အားကစားပွဲများ ကျင်းပခြင်းမှာ သာမာန်အားဖြင့် ပုံမှန်အနေအထားသို့ ပြန်ရောက်လာခြင်းကို ကိုယ်စားပြုနိုင်သော်လည်း ယခုနှစ်မှာ ခြားနားမှုများ ရှိနေသည်။ ကပ်ရောဂါသည် သွေးတိုးစမ်းလျှက်ရှိပြီး ကမ္ဘာကြီးမှာ ကျဆုံးလျှက်ရှိကြောင်း၊ ကပ်ရောဂါ၏ အရူးလုပ်ခံရသော ဘုံလောက၌ လူတိုင်းနေထိုင်ရလျှက်ကြကြောင်း၊ သြဂုတ်လ ၈-ရက်နေ့ အိုလံပစ်မီးတောက်ငြိမ်းသွားချိန်တွင် လူပေါင်း တစ်သိန်းကျော် ဖိတ်စင်သွားလိမ့်မည်ကို မမေ့ရမည့် အချိန်၌ ရောက်ရှိနေကြောင်း အားကစားပွဲတော်ကို ရည်ညွှန်းလျှက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအက်ဒ်ဟာမွန်က ပြောဆိုသည်ကို South China Morning Post က ယမန်နေ့ ရေးသားသည်။

…   
ဇန်နဝါရီ လလယ်မှစ၍ ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှန်းလုံးတွင် ရောဂါဖြစ်ပွားမှု ဆက်လက်ရိုက်ခတ်နေပြီး ဗုဒ္ဓဟူးနေ့ တိုကျို၌ ယခုနှစ်ဆန်း လလယ်မှစတင်ကာ ကူးစက်ခံရမှု နေ့စဉ်အရေအတွက်တွင် အမြင့်ဆုံးပမာဏသို့ ရောက်ရှိနေစဉ် WHO က မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။

…  
ဂျပန်တစ်နိုင်ငံလုံးအနေဖြင့် ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားမှုကို ဇက်ကြိုးသတ်ရန် ရုန်းကန်နေရခိုက် တိုကျိုအိုလံပစ်ပွဲစီစဉ်သူများက ရှေ့ဆက်တိုးရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။တစ်ကမ္ဘာလုံးသို့ ရောဂါပိုး မဟာဖြန့်မှုဝေမှုကြီး မဖြစ်ရအောင် ဖွင့်ပွဲကျင်းပခြင်းနှင့် အားကစားပွဲများ စတင်မည့် ကြားကာလ နှစ်ရက်တာအတွင်း အများပြည်သူကျန်းမာရေးဆိုင်ရာကဏ္ဍ၌ မည်သို့ ပြည့်စုံအောင် စီစဉ်ထားကြောင်း ရှင်းလင်းစွာ မသိရှိရသေးချေ။

…  
နိုင်ငံပေါင်း ၂၀၀ ခန့်မှ အားကစားသမား ၁၁,၀၀၀ ခန့်တို့က အိုလံပစ်ပွဲတော်၌ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ဂျပန်နိုင်ငံ၌ အားကစားပွဲနှင့် ဆက်စပ်မှုပေါင်း ၇၉ ခု ရှိသည်ဟု စီစဉ်သူများကပြောကြားခဲ့သည်။ အမေရိကန်မှ ဂျွမ်းဘားသမား၊ ဘတ်စကက်ဘောနှင့် တင်းနစ်အကျော်အမော်တို့ပါဝင်သည့် ဝင်ရောက်ယှဉ်ပြိုင်သူများသည် တိုကျိုသို့ ထွက်ခွာလာခြင်းမတိုင်မီတည်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိသည်ကို တွေ့ရှိခဲ့ကြသည်။

…    
တိုကျိုတွင် ကိုရိုနာဗိုင်းရပ်ဆိုင်ရာ အရေးပေါ်အခြေအနေကို သြဂုတ်လ ၂၂ ရက်အထိတိုးချဲ့သတ်မှတ်ထားခဲ့ပြီး ပြိုင်ပွဲများ ကျင်းပစဉ် ပရိသတ်များ တက်ရောက်အားပေးခြင်း မပြုရန် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က တားမြစ်ခဲ့သည်။

…  
အမေရိကန်တွင်လည်း ရောဂါဖြစ်ပွားမှု ပြင်းထန်လာသည်ကို ထောက်ပြကာ အများပြည်သူ ကျန်းမာရေးဆိူင်ရာ အရေးပေါ်အခြေအနေကို အင်္ဂါနေ့တွင်သက်တမ်းတိုးခဲ့သည်။ လျှင်မြန်စွာ ပျံ့နှံ့သည့် ဒဲလ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်က မီးလောင်ရာ လေပင့်ခံရသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေမှာ ရက်သတ္တ ၃-ပတ်အတွင်း ပြည်နယ် ၄၄-ခုထက်မနည်းတို့၌ ဖြစ်ပွားမှု ၃-ဆနီးပါး တိုးလာသည်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏အဆိုအရ ထပ်မံတွေ့ရှိရသော ကူးစက်မှုအသစ်များ၏ ၈၃ ရာနှုန်းမှာ ဒဲယ်လ်တာမျိုးကွဲများဖြစ်သည်ဟု သိရှိရသည်။

…  
#ရောဂါဖြစ်ပွားမှု_ပိုမိုဆိုးရွားလာခြင်း၏_နောက်ကွယ်တွင် #တူညီသော_အခင်းအကျင်းတစ်ခုတည်းသာရှိကြောင်း CDC ၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ရိုရှယ်လီဝေါလင်စကီးက သောကြာနေ့၌ ရှင်းပြသည်။

ယခု #ဗိုင်းရပ်စ်ရောဂါဖြင့်ဆေးရုံတင်ရသည့်လူနာတို့၏_၉၇ရာနှုန်းမှာ #ကာကွယ်ဆေးထိုးနှံထားခြင်း #မရှိသူများ ဖြစ်နေသည်။ #ကာကွယ်ဆေး_ထိုးနှံမထားသူများသေဆုံးမှုမှာ #အသက်ဆုံးရှုံးရသူများ၏ # ၉၉ရာနှုန်းရှိသည်ဆို၏။


ဤအတောအတွင်း အမေရိကန်၏ ကာကွယ်ဆေးထိုးနှံသည့်နှုန်းမှာလည်း ရပ်တန့်သွားသည်။ ကာကွယ်ဆေး ကြိမ်ရေပြည့် ထိုးနှံပြီးစီးသူများမှာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်အောက်တွင်သာ ရှိနေပြီး လူ့အဖွဲ့အစည်း၏ အဓိကအစုအဖွဲ့များတွင် ကာကွယ်ဆေး ထိုးနှံရခြင်း မရှိသေးကြောင်း အင်္ဂါနေ့ စစ်တမ်းတစ်စောင်က ဖော်ပြသည်။

…   
သမ္မတဂျိုးဘိုင်ဒန်၏ ကျန်းမာရေးဆိုင်ရာ အကြံပေးအရာရှိဖြစ်သူ ဒေါက်တာ_အန်သိုနီဖောချီကမူ ယခုရက်သတ္တပတ်အတွင်း ကာကွယ်ဆေးထိုးနှံခံယူကြရန် စိတ်ပြောင်းလဲခြင်း မပြုကြလျှင် အမေရိကန်၌ မီးခိုးကြွက်လျှောက် ရောဂါဖြစ်ပွားမှုများမှာ ကာလအတော်အတန်ကြာမြင့်လိမ့်မည်ဟု သတိပေးထားသည်။

((ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် အဓိကပြဿနာ ၂-ခုမှာ ကာကွယ်ဆေးဖြန့်ဝေမှုတွင် မညီမမျှဖြစ်နေခြင်းနှင့် ဆင်းရဲနိုင်ငံများတွင် ရောဂါအခံရှိသည့် အားနည်းချက်ရှိသူတို့ များပြားနေခြင်းဖြစ်ကြောင်း၊ လှူဒါန်းသည့် ကာကွယ်ဆေးများ ရရှိရန်ဆိုသည်မှာ ရှေ့နှစ်လယ်မှသာ ဖြစ်နိုင်သဖြင့် အလွန်အမင်း နောက်ကျလျှက်ရှိသည်။ ယခုပင်လျှင် ကမ္ဘာအရပ်ရပ်၌ ကူးစက်-သေဆုံးမှုများ၏ အရေအတွက်မှာ တရိပ်ရိပ်တက်နေပြီး စိုးရိမ်ဖွယ်အခြေ အနေတစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း WHO အကြီးအကဲ တက်ဒရိုအက်ဒ်ဟာမွန်က ပြောဆိုသည်ကို ဇူလိုင် ၁၉ ( တနင်္လာနေ့ ) ရက်နေ့ည၌ ကျွန်တော် တွေ့လိုက်ရပါသည်။

ကပ်ရောဂါအား ရပ်တန့်ပစ်နိုင်သည့် #တစ်ခုတည်းသော_နည်းလမ်းမှာ #များများ_မြန်မြန်_ကာကွယ်ဆေးထိုးနှံကြရန်သာဖြစ်ကြောင်း၊ကမ္ဘာ့နိုင်ငံများအနေဖြင့် စက်တင်ဘာလတွင် တိုင်းပြည်လူဦးရေ၏ ၁၀%၊ ယခုနှစ်ကုန်တွင် ၄၀%၊ ရှေ့နှစ်လယ်တွင် ၇၀%ကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်စေရန် တိုက်တွန်းကြောင်း ပြောဆိုသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ အဓိက ဖြစ်ပွားလျှက်ရှိသော ပြဿနာမှာ ထရမ့်ထောက်ခံသူများက ကာကွယ်ဆေး ထိုးနှံရေးကို ဆန့်ကျင်နေကြပြီး၊ ဘိုင်ဒင်ထောက်ခံသူများက ကာကွယ်ဆေးကို လိုလားကြသည်။ ထရမ့်ထောက်ခံများ၏ အင်အားမှာလည်း မနည်းလှကြောင်း ပြီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များက ညွှန်ပြနေသည်။

အမေရိကန် ပြည်နယ်တစ်ခု၏ GDP မျှသာ ရှိသော ကျွန်တော်တို့မှာ ဤနေရာတွင် ကမ္ဘာ့နံပတ်-၁ ကြီးအား ကော့လန် ကော့လန်နှင့် ရင်ဘောင်တန်းနိုင်ပြီဖြစ်ကြောင်း လက်ခမောင်းခတ်ရန်သာ ရှိတော့သည်။

အမေရိကန်ကဲ့သို့ စီးပွားရေးအခြေခံအဆောက်အအုံ တောင့်တင်းပြီး တစ်နေကုန် လဖက်ရည်ဆိုင်တွင် ချောက်ဖောင်းထုသူများ မပါဝင်သည့် အမှန်တကယ်လူ့စွမ်းအားရင်းမြစ်ခိုင်မာသော တိုင်းပြည်၌ စားအိုးတစ်ဝက် လျှော့သွားလည်း ဆင်ပိန်ကျွဲသာဖြစ်ပါမည်။

…  
သို့သော်လည်း ကူးစက်ကပ်ရောဂါဆိုသည်ကား လူ့အဖွဲ့အစည်းကြီးတစ်ခုအတွင်း သူ့ကိုသာ ရောဂါဖြစ်ပြီး ငါချည့် ကျန်ရစ်အောင် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်လောက်အောင် ခဲယဉ်းသည်။


ဘာနှင့်တူသနည်းဆိုလျှင် အလွန်ချစ်ကြည်ကြသည်ဖြစ်၍ ခြေထောက်ချင်းတွဲ ကြိုးချည်ကြသည့် ကြွက်နှင့် ဖားပမာ ဖြစ်လေသည်။ ရေတစ်ပိုင်း ကုန်းတစ်ပိုင်းသတ္တဝါဖြစ်သော ဖားက သူ့ဗီဇအတိုင်း ရေ၌ဆင်းကူးသည့်အခါ ကြွက်ခမျာ ရေနစ်သေရလေ၏။

 နောက်ဆုံး ကြွက်သေကောင်ကို စွန်သုတ်သောအခါ ဖားလည်း အစားခံရလေတော့သည်။ ။ သတင်းဘာသာပြန်သူ))

#တိုကျိုအိုလံပစ်အပြီးသေဆုံးသူတစ်သိန်းထပ်တိုးနိုင် 

#အမေရိကန်ကာကွယ်ဆေး_မထိုးရသေးသူများနှင့်_ကူးစက်သေဆုံးပမာဏ

(((CNN., July 21, 2021,” Covid will kill 100,000 more by end of Olympics, says WHO” By: Kara Fox ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံး ဘာသာပြန်ဆိုသည်။)))

https://edition.cnn.com/2021/07/21/world/coronavirus-newsletter-intl-21-07-21/index.html?utm_term=link&utm_medium=social&utm_source=fbCNNi&utm_content=2021-07-21T17%3A00%3A52&fbclid=IwAR3a-UiLmh7_pUfnVuRuX0IK5-tT31oPWOHTWTA_ZQZx0v1I0586NlLjPPQ
https://www.facebook.com/watch/?v=178813340898056 

Leave a Reply

Your email address will not be published.