အိန္ဒိယကာကွယ်ဆေး လက်ဆောင် ၂-သန်းအပါအဝင် စုစုပေါင်း ၃.၅ သန်း မနက်ဖန်တွင် ဘင်္ဂလားဒေ့ရှ် ရရှိမည်။ ယခုလ နောက်ဆုံးပတ်တွင် နောက်ထပ် ၅-သန်း ရရှိပြီး ဖေဖော်ဝါရီတွင် နိုင်ငံသား ၆-သန်း အခမဲ့ ထိုးနှံပြီး ဖြစ်ရန်စီစဉ်။ ကာကွယ်ဆေးတိုင်း ဘေးထွက်ဆိုးကျိုးအချို့ရှိတတ်၍ သတင်းမှားများ မပြန့်နှံစေရန် မီဒီယာတို့ကို တိုက်တွန်း


အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ်ပေးပို့သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကြိမ်ရေပမာဏ ၂-သန်းအပါအဝင် စုစုပေါင်း ၃.၅ သန်းကို မနက်ဖန် ဇန်နဝါရီ ၂၀-ရက် ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် လက်ခံရရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့် လာမည့် ဇန်နရီ ၂၅ နှင့် ၂၆ ရက်နေ့များတွင် နောက်ထပ် ကာကွယ်ဆေး ၅-သန်းကို ရရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် နိုင်ငံသား ၆-သန်းကို ဆေးထိုးနှံပေးရန် စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဋ္ဌာန အတွင်းဝန် အဗ္ဗ ဒူမန်နမ်က ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
.. 
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်ရုံးခန်း၌ သတင်းစာရှင်းပွဲ ပြုလုပ်ရာ အိန္ဒိယက ပေးပို့သော ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၅- ၂၆ ရက်နေ့များတွင် ရောက်ရှိလာပြီးနောက် ဇန်နဝါရီ ၂၇- ၂၈ ရက်နေ့များတွင် ဒါကာဆေးဘက်ပညာကောလိပ်ဆေးရုံနှင့် အခြားကောလိပ်ဆေးရုံနှင့် ဆေးရုံ ၃-ခုတို့တွင် လူ ၄၀၀- ၅၀၀ ခန့်ကို စမ်းသပ်ထိုးနှံပေးမည်ဖြစ်ကြောင်း၊ စမ်းသပ်မှုတွင် ကာကွယ်ဆေးထိုးနှံခံယူသူများကို ရက်သတ္တ ၁-ပတ်ခန့် စေါင့်ကြည့်မည်ဖြစ်ပြီး စမ်းသပ်ထိုးနှံခြင်း မစတင်မီ ၁-ရက်အလိုတွင် ကာကွယ်ဆေးထိုးခြင်းအခန်းအနားကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာကိုယ်တိုင် ဗွီဒီယိုကွန်ဖရင့်မှတဆင့် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊
..
စီစဉ်ထားးသည့် အတိုင်း နေရာတကျဖြစ်ခဲ့လျှင် ဖေဖော်ဝါရီပထမပတ်မှ စတင်၍ အစိုးရ၏ ကာကွယ်ဆေးထိုးနှံခြင်း ကင်ပိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ပထမလတွင် လူ ၆-သန်း၊ ဒုတိယလတွင် လူ ၅-သန်း၊ တတိယလတွင် ဖေဖော်ဝါရီ၌ ကာကွယ်ဆေးထိုးနှံခဲ့သူများအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေး အတွင်းဝန်က ရှင်းပြသည်။ 
..
ကာကွယ်ဆေးထိုးရန် မှတ်ပုံတင်သည့် အက်ပလီကေးရှင်းကို ဇန်နဝါရီ ၂၅-ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဋ္ဌာနသို့ #ဘင်္ဂလားဒေ့ရှ်သတင်းအချက်အလက်နှင့်နည်းပညာဋ္ဌာန ICT က ပေးအပ်မည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံခံယူလိုသူများသည် အွန်လိုင်းမှ မှတ်ပုံတင်ကြရမည်ဖြစ်ကြောင်း၊ ICT ဌာန အကြီးတန်းအတွင်းရေးမှူး ဖြစ်သူက ပြောဆိုသည်။
.. 
ဤအတောအတွင်း ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ အထေထွေဦးစီးဌာန (DGHS) ညွှန်ကြားရေးမှူးချုပ်က ပြောဆိုရာ၌ မီဒီယာတို့အနေဖြင့် ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် စပ်လျှဉ်း၍ မည်သည့်သတင်းအမှားများကိုမျှ ဖြန့်ဝေခြင်း မပြုကြရန် တိုက်တွန်းလိုက်သည်။ 
ကာကွယ်ဆေးထိုးနှံပြီးနောက် ဘေးထွက်ဆိုးကျိုးအချို့ ဖြစ်ပွားလေ့ရှိခြင်းမှာ ပုံမှန်သာဖြစ်ကြောင်း၊ ကာကွယ်ဆေးအပေါ် ယူံမှားသံသယကင်းစေရန်အတွက် မီဒီယာတို့မှာ အရေးပါသောကဏ္ဍ၌ ပါဝင်လျှက်ရှိကြောင်း DGHS ညွှန်ကြားရေးမှူး အဘူဘာရှာ မိုဟာမက်က ပြောဆိုသည်။ 
.. 
(( အိန္ဒိယနိုင်ငံသည် ပြည်တွင်းထုတ် #ကိုဗီရှီးလ် Covishield နှင့် #ကိုဗက်ဆင် Covaxin ကာကွယ်ဆေး ၂- မျိုးကို ၃-ရက်အတွင်း လူပေါင်း ၃.၉ သိန်းအား ထိုးနှံပေးခဲ့ပြီးနောက် Adverse Reaction #တုန့်ပြန်ဆိုးကျိုးခံစားရသူ ၅၈၀-ဦးကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၇-ဦးကို ဆေးရုံတင် ကုသပေးခဲ့ရပြီး သေဆုံးသူ ၂-ဦး၏ ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးရာတွင် နှစ်ဦးစလုံးမှာ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် မဟုတ်သည်ကို တွေ့ရှိရကြောင်း
.. 
ကာကွယ်ဆေးထိုးနှံအပြီး ၂၄ နာရီအတွင်း သေဆုံးသူ အသက် ၄၆ နှစ်အရွယ် ကျန်းမာရေးအကူအမျိုးသားမှာ #နှလုံးသွေးဆိပ်သင့်ခြင်းကြောင့် ဖြစ်ပြီး၊ ၄၃-နှစ်အရွယ် အခြားသေဆုံးသူမှာ နှလုံး-အဆုတ်ရောဂါကြောင့် သေဆုံးရခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ သေဆုံးသူ ၂-ဦးစလုံးသည် ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး တစ်ပြိုင်နက်တည်း ကာကွယ်ဆေး ထိုးနှံခံယူသူ အခြားဝန်ထမ်းများတွင် မည်သည့် အလားတူ ဖြစ်စဉ်မျိုး မတွေ့ရကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်သည်ဟု NDTV ( Jan. 19, 2021 .” 580 Adverse Reactions, Two Deaths Not Linked to Vaccine: Centre On Day 3) ခေါင်းစဉ်ဖြင့် သတင်းဖော်ပြသည်။ 
..
Covaxin သည် အိန္ဒိယ Bharat Biotech မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ၎င်းကာကွယ်ဆေးမှာ ဓါတ်မတည့်သူများ၊ ဖျားနာလျှက်ရှိသူများ၊ သွေးတိတ်ရန်ခဲယဉ်းသူများ၊ ကိုယ်ခံအား နည်းပါးသူများ၊ ကိုယ်ခံအားအပေါ် အကျိုးသက်ရောက်သော ဆေးဝါးသောက်သုံးနေရသူများတွင် ထိုးနှံရန် မသင့်ကြောင်း သီးခြားသတိပေးချက် ထုတ်ပြန်သည်ဟု သိရှိရသည်။ 
.. 
Serum Institute မှ ထုတ်လုပ်သော Covishield သည် Oxford University and AstraZeneca မှ ထုတ်လုပ်သော ကာကွယ်ဆေးဖြစ်သည်ဟု တူရကီမီဒီယာ AA သတင်းအေဂျင်စီ ( Jan. 19 2021 ) က ဖော်ပြသည်။
.. 
လွန်ခဲ့သော ရက်ပိုင်းတွင် နော်ဝေးနိုင်ငံ၌ Covid-19 ကာကွယ်ဆေးထိုးနှံပြီးနောက် မကြာမီ လူ ၂၃-ဦး သေဆုံးခဲ့သည်။သေဆုံးသွားသူတို့၏ ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကာကွယ်ဆေး၏ ယေဘူယျဘေးထွက်ဆိုးကျိုးမှာ ခွန်အားဆုတ်ယုတ်လျှက်ရှိသော သက်ကြီးရွယ်အိုများတွင် ပြင်းထန်သည့် တုံ့ပြန်မှုများဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်ဟု နော်ဝေး ဆေးဝါးအေဂျင်စီက ပြောဆိုသည်။
… 
Covid- 19 ရောဂါကာကွယ်ဆေးများ၏ ဓာတ်မတည့်မှုသည် အမေရိကန်တွင်လည်း ဖြစ်ပွားခဲ့သည်။ နိုင်ငံတွင်းအခြေစိုက် Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့မှ ဖန်တီးသော ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။ ဒီဇင်ဘာ ၁၄-ရက်မှ ၂၃-ရက်နေ့အတွင်း ကနဦး ကာကွယ်ဆေးထိုးနှံခံယူသူ ၁.၉ သန်းတွင် ပြင်းထန်သည့် ဓါတ်မတည့်မှု ၂၁-မှု တွေ့ရှိခဲ့ရကြောင်း၊ ဆိုလိုသည်မှာ ကြိမ်ရေ ၁-သန်းထိုးနှံမှုတွင် ဆိုးရွားသည့် ဓါတ်မတည့် မှု ၁၁.၁ ကြိမ် ဖြစ်ပွား သည့် အဓိပ္ပါယ်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC အဆိုအရ သိရှိရသည်ဟု Bloomberg ( Jan 16, 2021 ) ဖော်ပြသည်။ ။ သတင်းဘာသာပြန်သူ ) 
..
#အိန္ဒိယကာကွယ်ဆေးလက်ဆောင်၂-သန်းမနက်ဖန်ဘင်္ဂလားဒေ့ရှ်ရမည်။ ယခုလ နောက်ဆုံးပတ်တွင် #ဖေဖော်ဝါရီတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား_၆-သန်းထိုးနှံပြီးဖြစ်ရန်စီစဉ်။ 
..
((( Dhaka Tribune., January 20th, 2021, “Govt plans to vaccinate 6m people in February.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်သာသာပြန်ဆိုသည်။ ))) 
..
https://www.dhakatribune.com/health/coronavirus/2021/01/20/health-secy-6m-people-to-be-vaccinated-in-the-first-month 
https://www.dhakatribune.com/health/coronavirus/2021/01/20/momen-3-5-million-doses-of-vaccine-coming-from-india-on-thursday 
https://www.livemint.com/news/india/do-not-take-covaxin-if-bharat-biotech-issues-fact-sheet-11611033317147.html 
https://www.aa.com.tr/en/asia-pacific/india-reports-447-cases-of-virus-vaccine-side-effects/2113241 
https://www.bloombergquint.com/business/norway-warns-of-vaccination-risks-for-sick-patients-over-80

0

Leave a Reply

Your email address will not be published.