အိန္ဒိယက အိမ်နီးချင်း မော်လဒိုက် ကျွန်းနိုင်ငံ၏ ဒေါ်လာ သန်း ၅၀၀ တန် စီမံကိန်းတွင် ဝင်ရောက်လုပ်ကိုင်မည်။ ဒေသတွင်း တရုတ်သြဇာလွှမ်းမိုးမှုကို အိန္ဒိယက တုန့်ပြန်လိုက်ခြင်းအဖြစ်ယူဆကြ။ BRI စီမံကိန်းနှင့် တရုတ်-ပါကစ္စတန်အစည်းအဝေးသတင်းပေါက်ကြားမှု

အိန္ဒိယသည် မော်လဒိုက်နိုင်ငံ မာလီမြို့တော်အား အနီးအနား ကျွန်း ၃- ကျွန်းနှင့် ချိတ်ဆက်ပေးမည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။ နာရင်ဒြာမိုဒီအစိုးရ၏ သံတမန်ရေးကြိုးပမ်းမှုအရှိန်မြှင့်တင်ခြင်းမှာ လတ်တလော တရုတ်နိုင်ငံကလည်း အာရုံစိုက်လျှက်ရာ ဒေသဖြစ်နေကြောင်း ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ ရေးသားသည်။ 

  
အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော မော်လဒိုက်သည် သာယာလှပသော ကမ်းခြေများနှင့် စိမ်းပြာလဲ့ပင်လယ်ရေပြင်ကြောင့် ကမ္ဘာလှည့်ခရီးသည်များကြားတွင် ရေပန်းစားသည်။ တရုတ်နိုင်ငံကလည်း Belt and Road Initiative ( BRI ) “ခါးပတ်နှင့်လမ်း ပဏာမခြေလှမ်း “ အဖြစ် ဒေသတစ်လွှား ကုန်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု တည်ဆောက်ရန် ရည်ရွယ်ထားသည်။ 


ကြာသပတေးနေ့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူပရာမန်ယန်ဂျိုင်ရှက်ကာက မော်လဒိုက် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရှာဟစ်အား ပြောဆိုရာ၌ မော်လဒိုက်၏ အမျိုးသားဆက်သွယ်ရေး စီမံကိန်းတွင် အိန္ဒိယက ထောက်ပံ့ငွေ ဒေါ်လာသန်း ၁၀၀ နှင့် ချေးငွေ ဒေါ်လာသန်း ၄၀၀ ပေးအပ်မည်ဖြစ်ကြောင်း ပါရှိသည်။ အဆိုပါ အစီအစဉ်သည် မော်လဒိုက်နိုင်ငံ၏ အကြီးဆုံး အခြေခံအဆောက်အအုံစီမံကိန်းဖြစ်ကြောင်း သိရှိရသည်။ 

  
၂၀၁၈ တွင် မော်လဒိုက်နိုင်ငံ၌ တရုတ်လိုလားသောအင်အားကြီးပါတီမှ အဗ္ဗဒူလာယန်မင် အရေးနိမ့်ပြီး သမ္မတ အီဘရာဟင်ဆိုလိုင် ဦးဆောင်သည့် အစိုးရသစ် အာဏာရရှိခဲ့သည်။ ထိုနောက်ပိုင်း အိန္ဒိယသည် ကျွန်းစုမျးးဖြင့် ဖွဲ့စည်းထားသည့် မော်လဒိုက်အပေါ်တွင် သံတမန်ရေး သြဇာပြန်လည်ရရှိရန်ကြိုးပမ်းခဲ့သည်။ 


လွန်ခဲ့သည့်နှစ်တွင် သမ္မတဟောင်း ယန်မင်သည် ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသည်။ မာလီမြို့တော် နိုင်ငံတကာလေဆိပ်နှင့် အနီးအနားကျွန်းများဆက်သွယ်ရေး တံတားစီမံကိန်းမှာလည်း အထီးကျန်ဖြစ်ကာ တရုတ်ကုမ္မဏီများ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ 


၂၀၁၈ ခုနှစ် နိုဝင်ဘာလတည်းက ဝန်ကြီးချုပ်နာရင်ဒြာမိုဒီဦးဆောင်သော အိန္ဒိယနှင့် သမ္မတအီဘရာဟင် မိုဟာမက်ဆိုလိုင် ဦးဆောင်သော မော်လဒိုက်တို့သည် နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှုနှင့် အကျိုးစီးပွား မျှဝေနိုင်ခြင်းများကို အခြေခံလျှက် တက်ကြွ၍ တည်မြဲသော ဆက်ဆံရေးကဏ္ဍတည်ဆောက်ရန် ဆန္ဒရှိကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

  
(( တရုတ်နှင့် ဥရောပအပါအဝင် ကမ္ဘာအရပ်ရပ်သို့ ချိတ်ဆက်ပေးမည့် ( BRI ) “ခါးပတ်နှင့် လမ်း ပဏာမ ခြေလှမ်း “ ကို ယခင်က One Belt One Road “ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း “ OBOR အဖြစ် လူသိများ ပါသည်။

  
ပေကျင်းမြို့အနီး တရုတ်အရှေ့ဖျားမှ စတင်သော ကုန်းလမ်းခရီးသည် ဝီဂါတို့၏ ရှင်းကျန့်ပြည်နယ်မှ ဥရောပသို့ ချိတ်ဆက်မည်ဖြစ်ပြီး ဗီယက်နမ်အစ၊ မြန်မာအလယ် ပါကစ္စတန်အဆုံး နိုင်ငံများအတွက် မြောက်ပိုင်းအတော် ရောက်နေသည်။ သို့သော် တရုတ်နှင့် နိုင်ငံတစ်နိုင်ငံချင်းဖြစ်စေ အုပ်စုလိုက်ဖြတ်သန်း၍ဖြစ်စေ “ စြင်္ကန်လမ်း “ များ ဖောက်လုပ်ခြင်းဖြင့် BRI နှင့် ချိတ်ဆက်ရန် ရှီကျင့်ဖျင်က စီစဉ်ထားသည်။ 


အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ခင်းရခြင်းအပြင် နိုင်ငံတကာ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျရောက်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသော်လည်း ကိုရိုနာအရှိန်လျှော့၍ ကာကွယ်ဆေး ရောင်ခြည်သန်းလာချိန်တွင် တရုတ်အနေဖြင့် BRI တည်ဆောက်ရေးအပေါ် ပြန်လည်အားစိုက်လာသည်။ ၎င်းတို့တွင် အိမ်နီးချင်း စစ်အင်အားကြီး သမိုင်းဝင်ရန်ဘက် အိန္ဒိယကြောင့် ပြင်ပအင်အားအကူအညီရှာဖွေလျှက် ရှိသော ပါကစ္စတန်တွင် သိသာစွာတွေ့ရှိရသည်။ 

  
ဇူလိုင်လတွင် တရုတ်-ပါကစ္စတန်စီးပွားရေးစြင်္ကန်လမ်း CPEC တည်ဆေက်ရေးတွင် နောက်ထပ် အမေရိကန် ဒေါ်လာ ၁၁- ဘီလျှံထည့်သွင်းကာ ပြန်လည်စတင်လျှက်ရှိသည်။ လွန်ခဲ့သည့်ရက်ပိုင်း CPEC ဆိုင်ရာ တရုတ်-ပါကစ္စတန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ပတ်သက်၍ သတင်းအချက်အလက်ပေါက်ကြားမှု များကို အိန္ဒိယသတင်းစာ Times of India က ရရှိသွားသည်။ 

  
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အကျင့်ပျက်ခြစားမှုများနှင့် လုံခြုံရေးအစီအစဉ် ညံ့ဖျင်း ခြင်းတို့အတွက် တရုတ်အနေဖြင့် စိတ်ပျက်ဒေါသထွက်လျှက်ရှိသည်ဆို၏။ ပါကစ္စတန်က CPEC ဆောက်လုပ်ရေးတွင် တရုတ် ကန်ထရိုက်တာများ၏ လုံခြုံရေးအတွက် အထူးအစီအစဉ် SSD ဖြင့် ကာကွယ်ပေးထားသည်။ မက်တီရီ-လာဟိုး လမ်းဖောက်လုပ်ရေးတွင် SSD ၏ လုံခြုံရေးကို ပိုမိုတင်းကြပ်ပေးရန် တရုတ်က တောင်းဆိုပြီး ပါကစ္စတန်က လိုက်လျောခြင်းမရှိပေ။ 


မြေပြင်အခြေအနေအရ ဘလူချီစတန်ပြည်နယ်တွင် စစ်သွေးကြွများ၏ အကြမ်းဖက်မှု အရှိန်တိုးမြင့်လာခြင်းကို တရုတ်က စိုးရိမ်သည်။ ဇွန်လ ၂၉-ရက် ကရာချိစတော့အိတ်ချိန်း ဗုံးခွဲခံရမှုတွင် “ ဘလူချီစတန် လွတ်မြောက်ရေး တပ် “ BLA အား တားမြစ်ပေးရန် တရုတ်က တောင်းဆိုသည်။ သို့သော် ပါကစ္စတန်တွင် ဘာသာရေးအစွန်းရောက်များနှင့် အကြမ်းဖက်လှုပ်ရှားမှုများတွင် အရပ်သားများသာမက စစ်ဖက်ခေါင်းဆောင်များလည်း ပတ်သက်လျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်သည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွင် ပါကစ္စတန်၌ တိုးတက်မှု အနည်းငယ်သာ ရှိကြောင်း ကုလသမဂ္ဂအစီရင်ခံစာများက ဖော်ပြနေသည်။ 

တစ်ဖက်တွင်လည်း ပြည်နယ်အချို့တွင် တရုတ်ဆောက်လုပ်ပေးလျှက်ရှိသော စီမံကိန်းပါ ဒီဇိုင်းနှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် ပါကစ္စတန်က တောင်းဆိုလျှက်ရှိသည်မှာ ၂၀၁၉-ခုနှစ်တည်းက ဖြစ်ပြီး တရုတ်က ငြင်းဆန်နေသည်။ တရုတ်ဆောက်လုပ်ပေးခဲ့သော အစ္စလာမ်မာဘတ်လေဆိပ်မှာ အရည်အသွေးညံ့ဖျင်းသည်ဟု အပြစ်တင်လျှက်ရှိစဉ် တရုတ်ကြွေးမြီ ထောင်ချောက် ကြီးထွားလာသည်ကို စိုးရိမ်နေကြသည်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တရုတ်ကန်ထရိုက်တာများက ပါကစ္စတန်လုံခြုံရေးဝန်ထမ်းတို့အပေါ် ကြမ်းကြုတ်စွာ ဆက်ဆံသည်ဟု တိုင်ကြားမှုများ အတောအသတ် ထွက်ပေါ်လျှက်ရှိကြောင်း အိန္ဒိယမီဒီယာ များက ယနေ့ရေးသားသည်။       

တရုတ်- အိန္ဒိယတို့နှင့် ရေမြေတစ်ဆက်တည်းဖြစ်နေသော ကျွန်တော်များအတွက်မူ မော်လဒိုက်ဆိုသည် အိန္ဒိယသမုဒ္ဒရာအတွင်း ကျွန်းစုနိုင်ငံငယ်လေးဖြစ်၍ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည်။ အနီးဆုံး အိန္ဒိယ- သီရိလင်္ကာတို့နှင့်ပင် မိုင် ၄၃၀ ခန့် ပင်လယ်ပြင်ခြားလျှက်ရှိကြောင်း သိရှိထားကြရန်ဖြစ်သည်၊      ။သတင်းဘာသာပြန်သူ )))  ။သတင်းဘာသာပြန်သူ ))) 
#တရုတ်၏ခါးပတ်နှင့်လမ်းပဏာမခြေလှမ်း #BRI #မော်လဒိုက်_အိန္ဒိယ_တရုတ်_ပါကစ္စတန် 

((( bdnews24., 13 Aug 2020,” India announces $500m for Maldives project to counter China influence.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://bdnews24.com/world/south-east-asia/2020/08/13/india-announces-500m-for-maldives-project-to-counter-china-influence 


https://merics.org/en/analysis/belt-and-road-reality-check-how-assess-chinas-investment-eastern-europe 


https://timesofindia.indiatimes.com/world/china/china-angry-with-pak-over-poor-security-for-its-cpec-workers/articleshow/77536341.cms 

https://www.arabnews.com/node/1719106/business-economy 

2+

Leave a Reply

Your email address will not be published.