အိန္ဒိယက အရှေ့မြောက်နယ်ခြားဒေသတွင် တရုတ်စစ်သားတစ်ဦးကို ဖမ်းဆီးရမိ၊ နှစ်နိုင်ငံအကြား အမှန်တကယ်ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်။ အိန္ဒိယတပ်မတော်၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီးနောက် တရုတ်ကြည်းတပ်မတော်သို့ ပြန်ပို့ပေးမည်ဟု ဆို



တနင်္လာနေ့တွင် အရှေ့မြောက်ဖျား လက်ဒက်ခ်ဒေသ၌ အိန္ဒိယစစ်တပ်သည် နှစ်နိုင်ငံအကြား “ အမှန်တကယ် ထိန်းချုပ်မျဉ်း LAC “ အား ဖြတ်ကျော်ဝင်ရောက်လျှက်ရှိသည့် တရုပ်စစ်သားတစ်ဦးကို ဖမ်းဆီးရမိသည်ဟု အိန္ဒိယအခြေစိုက် NDTV မီဒီယာက ယနေ့ဖော်ပြသည်။ 


လာဒက်ဒေသ ချူမာဒမ်ချုတ်ဧရိယာ၌ ဖမ်းဆီးရမိသူမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှ တပ်ကြပ်အဆင့်ရှိ ဝမ်ယာလောင်ဆိုသူဖြစ်သည်ဟု ဖော်ထုတ်တွေ့ရှိရကြောင်း၊ အိန္ဒိယတပ်မတော်၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီးနောက် အစဉ်အလာရှိသည်နှင့်အညီ တရုတ်ကြည်းတပ်မတော်သို့ ပြန်ပို့ လိမ့်မည်ဖြစ်ကြောင်း အိန္ဒိယတပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 


တရုတ်စစ်သားအား အလွန်မြင့်မားသည့် တောင်တန်းဒေသ၏ အမြင့်၊ ပြင်းထန်သောရာသီဥတုဒါဏ်မှ ကာကွယ်ရန် အောက်စီဂျင်ပေးခြင်း အပါအဝင်၊ အစားအစာ၊ အနွေးထည်နှင့် ဆေးဝါးအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ တရုတ်ကြည်းတပ်မတော်ထံမှလည်း ၎င်းတို့စစ်သားတစ်ဦး ပျောက်ဆုံးနေကြောင်းနှင့် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရကြောင်း သတင်းပေးပို့သည်ကို လက်ခံရရှိခဲ့ကြောင်း၊ လုပ်ရိုးလုပ်စဉ်များအတိုင်း ဆောင်ရွက်ပြီးဆုံးပါက ၎င်းအား ချူရှူး-မော်ဒိုတောင်ကုန်း အစည်းအဝေးတွင် တရုတ်အရာရှိများထံ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း ကြေညာချက်၌ ဆက်လက်ဖော်ပြသည်။


အချို့သတင်းများအရ တရုတ်စစ်သားအား ဖမ်းဆီးရမိချိန်တွင် ၎င်းနှင့်အတူ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာစာရွက်စာတမ်းများလည်း အတူပါရှိသည်ဆို၏။ 


မေလကတည်းက လက်က်ခ်ဒေသတွင် အိန္ဒိယနှင့် တရုတ်စစ်သားတို့သည် နှစ်နိုင်ငံအကြား နယ်ခြားအဖြစ် မှတ်ယူထားကြသည့် Line of Actual Control (LAC) ခေါ် အမှန်တကယ်ထိန်းချုပ်မျဉ်း တစ်ဖက်တစ်ချက်တွင် ထိပ်တိုက် ရန်စောင်လျှက်ရှိနေခဲ့ခြင်းဖြစ်သည်။ ဇွန်လတွင် ဂယ်လ်ဝမ်တောင်ကြားဒေသ တာဝန်ချထားရာမျဉ်း၌ တရုတ်စစ်သားများနှင့် အမြင့်ဆုံးတင်းမာမှုဖြစ်ပွားပြီး အိန္ဒိယစစ်သား ၂၀-ဦး ကျဆုံးခဲ့ရသည်။ ပြီးခဲ့သည့် လ၌လည်း ပန်ဂေါင်ရှိုနယ်မြေတွင် မျက်နှာချင်းဆိုင်တွေ့ကြရာ နှစ်နိုင်ငံစလုံးက လေထဲသို့ သေနတ်ပစ်ဖောက်ခြင်းများ တစ်ကြိမ်မက ဖြစ်ခဲ့သည်။ 



နှစ်နိုင်ငံအကြား စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ဖက်ထိပ်တိုက်တွေ့နေရခြင်းမှ အဖြေရှာရန် ကြိုးစားသော်လည်း တရုတ်နိုင်ငံက လက်ရှိအနေအထားမှ ပြန်လည် ပြင်ဆင်ရမည့် သဘောတူညီချက်များကို လိုက်နာရန် ငြင်းဆန်ခဲ့သည်။ 



#အိန္ဒိယအရှေ့မြောက်_လက်ဒက်ခ်နယ်ခြား၌_တရုတ်စစ်သားအားဖမ်းဆီးရမိ 
#အမှန်တကယ်ထိန်းချုပ်မျဉ်းLAC 


((( NDTV., 19 Oct 2020,” Chinese Soldier Held In Ladakh After Straying Across LAC, To Be Sent Back .”ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.ndtv.com/india-news/chinese-soldier-held-by-security-forces-in-ladakh-may-have-entered-inadvertently-news-agency-ani-quoting-sources-2312374

0

Leave a Reply

Your email address will not be published.