အိန္ဒိယက ပြည်တွင်းထုတ် ကိုဗစ်ရောဂါကာကွယ်ဆေးကို ရက်သတ္တပတ်များအတွင်း ပြည်ပဈေးကွက်တင်ရန် အသင့်ပြင်။ ကာကွယ်ဆေးများကို ပြည်ပတင်ပို့ခြင်းမှ တားမြစ်ကြောင်း သတင်းများ မမှန်ကန်ဟု ငြင်းဆို၊ ၂-ပတ်အတွင်း တောင်အာရှအိမ်နီးချင်နိုင်ငံများသို့ ဆေးတင်ပို့မည်

 
အိန္ဒိယအနေဖြင့်ဒေသတွင့်၌ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးများကို ထုတ်လုပ်ပြီး ရက်သတ္တ ၂-ပတ်အတွင်း ပြည်ပသို့တင်ပိုမှု စတင်မည်ဖြစ်ကြောင်းပြောဆိုသည်ဟု ဒါကာအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။..  
နိုင်ငံအတွင်း ဝယ်လိုအားကို ဖြည့်ဆည်းရန် ပြည်တွင်းထုတ် ကာကွယ်ဆေးများအား ပြည်ပတင်ပို့ခြင်းမှ အစိုးရက တားမြစ်ကြောင်း ဖော်ပြသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း နိုင်ငံခြားရောနအရာရှိများက ငြင်းဆိုသည်။..   
အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝှန်းလုံးအတွက် ကာကွယ်ဆေးများ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးပြီး၊ နိုင်ငံတော်တော်များများကလည်း ဆေးတင်ပို့မှု စတင်ရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။ ..
အိန္ဒိယသည် ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်အသုံးပြုမှုကိုအတွက် တရားဝင်အတည်ပြုခဲ့ပြီးဖြစ်၍ ဇန်နဝါရီလတွင် ဆေးထိုးနှံခြင်း စတင်ရန် ပြင်ဆင်လျှက်ရှိနေသည်။..  
အိန္ဒိယအနေဖြင့် ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထိုးနံှမည့် အစီအစဉ်ကို ကြံဆလျှက်ရှိပြီး ဇူလိုင်လ၌ နိုင်ငံသား ဦးရေ သန်း ၃၀၀ တို့အား ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်မည့် ကိုယ်ခံအား ရရှိစေရန် မျှော်လင့်ထားသည်။ ..  
တိုင်းပြည်၏ ဆေးဝါးလုပ်ငန်း ထိန်းညှိသူတို့သည် AstraZeneca နှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်တို့က ထုတ်လုပ်သည့် (#Covishield ) နှင့် AstraZeneca တစ်ခုမှာ ဒေသခံ Bharat Biotech ကုမ္ပဏီမှ ထုတ်လုပ်သည့် ( #Covaxin ) အပါအဝင် ကာကွယ်ဆေး (၂) မျိုးကို အသုံးပြုရန် ခွင့်ပြုခဲ့သည်။..   အခြားနိုင်ငံများသို့ အကူအညီပေးရန် အိန္ဒိယ၌ အစီအစဉ်ရှိသည် ဆိုခြင်းမှာ မှန်ကန်ကြောင်း နိုင်ငံခြားရေးဋ္ဌာနအရာရှိများက အတည်ပြုပြောကြားသည်။ ရက်သတ္တ ၂-ပတ်အတွင် ကာကွယ်ဆေးများကို ဈေးကွက်တင်မည်ဖြစ်ပြီး အိမ်နီးချင်း တောင်အာရှနိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း။ ပြည်ပတင်ပို့သည့် ဆေးဝါးများအနက် အချို့ကို #အိန္ဒိယ၏လက်ဆောင် အဖြစ်ပေးပို့မည်ဖြစ်ပြီး အခြားနိုင်ငံများကိုမူ အစိုးရက ဝယ်ယူမည့် ကာကွယ်ဆေးဈေးနှုန်းအတိုင်း ရောင်းချမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ နိုင်ငံခြားရေးအရာရှိကြီးက ပြောဆိုသည်။ 
..
ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်လုပ်သူ အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများနှင့်တကွ ကျန် ကမ္ဘာတစ်ဝှန်းလုံးရှိ ကာကွယ်ဆေးလိုအပ်ချက် ကတိကဝတ်များကို အပြည့်အဝသတိပြုမိကြောင်း၊ ဇန်နဝါရီလလည်တွင် ကာကွယ်ဆေးများကို ဈေးကွက်တင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဋ္ဌာနက အရေးပေါ်အဖြစ် ကာကွယ်ဆေး အသုံးပြုခွင့်ကို ဇန်ဝါရီ ၃-ရက်နေ့မှစ၍ ၁၀-ရက်အတွင်း ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ ..  
အိန္ဒိယနိုင်ငံရှိ Oxford / AstraZeneca ကာကွယ်ဆေးကိုထုတ်လုပ်သည့် Serum Institute of India (SII) ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်အနေဖြင့် ပြည်ပတင်ပို့ခြင်းနှင့် ပတ်သက်၍ ရှုပ်ထွေးမှုအားရှင်းလင်းရန်ကြိုးစားနေရသည်။ ..
၎င်းကုမ္ပဏီထုတ် ကာကွယ်ဆေးများကို လပေါင်းများစွာ ကြာမြင့်သည်အထိ အိန္ဒိယအစိုးရက ပြည်ပတင်ပို့ခွင့် ပြုမည်မဟုတ်ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောဆိုသည်ဟု မီဒီယာများက ရေးသားခဲ့သည်။ ပြည်ပတင်ပို့ခြင်းနှင့် ပုဂ္ဂလိကဈေးကွက်၌ ရောင်းချခြင်း မပြုရန် တားမြစ်ထား ကြောင်း AP သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်ဆို၏။ ..
သို့သော်အင်္ဂါနေ့တွင်မူ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ရှိသည့် ပြည်ပနိုင်ငံများအတွက် သူ၏ကုမ္ပဏီအား ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့ကြောင်း လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရ်ှ၊ ဆော်ဒီအာရေဗျနှင့် မော်ရိုကိုနိုင်ငံများသို့ သဘောတူညီထားသည့် ဆေးဝါးများလွှဲပြောင်းပေးနိုင်တော့မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။..  
သူ၏ကုမ္ပဏီအနေဖြင့် အစိုးရကိုသာ ကာကွယ်ဆေးများ လွှဲပြောင်းပေးနိုင်ကြောင်း၊ ပထမဆုံး ဆေးပမာဏ သန်း ၁၀၀ ကို ရူပီး ၂၀၀ ( အမေရိကန် ဒေါ်လာ ၂.၇၄) အထူးဈေးနှုန်းဖြင့် ရောင်းချပြီး နောက်ပိုင်းတွင် ဈေးနှုန်း ပိုမိုမြင့်မားလာဖွယ်ရှိကြောင်း ရှင်းပြသည်။ ..
ဤအချက်သည် ကာကွယ်ဆေးထိုးနှံမှု စတင်ရေးတွင် အိန္ဒိယထုတ် ဆေးဝါးများကိုသာ အဓိကမှီခိုနေရသည့်  နီပေါနှင့်ဘင်္ဂလားဒေ့ရှ် အပါအဝင် အိမ်နီးချင်းနိုင်ငံများအတွက် အရေးကြီးသည်။..   
ဘင်္ဂလားဒေ့ရ်ှသည် ပထမအဆင့်အဖြစ် ထိုးနှံရန် ကာကွယ်ဆေး သန်း ၃၀ ခန့် အတွက် အမှာစာ ပေးပို့ထားပြီးဖြစ်သည်။ ဒီဇင်ဘာလ၌ ကျန်းမားရေးဝန်ကြီးက ပြောဆိုရာတွင် ဖေဖော်ဝါရီလ၌ ပထမအသုတ် ထိုးဆေးများရရှိနိုင်သည်ဟု မျှော်လင့်ရကြောင်း သတင်းထောက်များအားရှင်းပြသည်။ ..
အိန္ဒိယ Serum Institute နှင့် Bharat Biotech ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတို့အနေဖြင့် Covid ကာကွယ်ဆေး ပမာဏ သန်း ၇၀ ကျော်ကို စုပေါင်းသိုလှောင်ထားနိုင်ပြီး၊ ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ  ထုတ်လုပ်မှုကို အကြီးအကျယ် တိုးမြှင့်နိုင်သည်။..  
အင်္ဂါနေ့တွင် ကာကွယ်ဆေးထုတ်လုပ်သူ နှစ်ဦးတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ရာ၌ ၎င်းတို့ ကုမ္ပဏီနှစ်ခုစလုံးမှ Covid-19 ကာကွယ်ဆေးများကို ကမ္ဘာတစ်ဝှန်းလုံးသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။..  
(( အိန္ဒိယအစိုးရက ၎င်းပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးများအား ပြည်ပတင်ပို့ခွင့် ပိတ်ပင်သည်ဟု နိုင်ငံတကာ Mainstream မီဒီယာကြီးများက သတင်းဖော်ပြခဲ့ရာ ကျွန်တော်လည်း ဘာသာပြန်ဆို တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယနေ့တွင် အဆိုပါသတင်း မှားယွင်းကြောင်း ပြည်ပတင်ပို့ခွင့် ပိတ်ပင်ခြင်း မရှိကြောင်း သတင်းထပ်မံဖာ်ပြကြသည်ကို တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ )) 
.. 
#အိန္ဒိယကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှစ်ပတ်အတွင်းပြည်ပပို့ရန်အသင့် 
..
(((Dhaka Tribune., January 6th, 2021, “ India to export Covid-19 vaccines within weeks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နုတ် ဘာသာပြန်ဆိုသည်။ ))) 
..
https://www.dhakatribune.com/world/south-asia/2021/01/06/india-to-export-covid-19-vaccines-within-weeks 
https://www.bbc.com/news/world-asia-india-55538092?xtor=AL-72-%5Bpartner%5D-%5Binforadio%5D-%5Bheadline%5D-%5Bnews%5D-%5Bbizdev%5D-%5Bisapi%5D 
https://www.timesnownews.com/india/article/no-ban-on-export-of-covid-19-vaccines-says-govt-official-report-says-supplies-may-begin-within-weeks/703525 
https://abcnews.go.com/Health/wireStory/india-banned-export-covid-19-vaccines-75058033 

0

Leave a Reply

Your email address will not be published.