အိန္ဒိယက မြန်မာအား ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ သန်း ၆၈၀ ကူညီမည်

အိန္ဒိယသည် မြန်မာသို့ ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၆၈၀ ထုတ်ချေးသွားမည် ဖြစ်သည်။

အပြန်အလှန်အားဖြင့် မြန်မာက အိန္ဒိယထံမှ စစ်အသုံးအဆောင်ပစ္စည်းများ ပြန်လည် ဝယ်ယူသွားရမည် ဖြစ်သည်။

မြန်မာသည် အိန္ဒိယထံမှ ရေငုပ်သင်္ဘောတစ်စီးနှင့် တော်ပီဒိုအချို့ ဝယ်ယူထားပြီးလည်း ဖြစ်သည်။ ကီလိုအတန်းအစား ရေငုပ်သင်္ဘော INS Sindhuvir ကို လွှဲပြောင်းပေးအပ်ခဲ့သော အိန္ဒိယသည် အဆိုပါ ရေငုပ်သင်္ဘော ကြံခိုင်မှုပြန်လည်ပြုလုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်အပြီး ဒေါ်လာ ၈၄ သန်း အား အကြွေးအနေဖြင့် သတ်မှတ်ရန် သဘောတူညီခဲ့သည်။

 ၎င်းရေငုပ်သင်္ဘောအား အဆင့်မြှင့်တင်ခြင်းကို Hindustan Shipyard Limited (HSL) က ဆောင်ရွက်ပေးခဲ့ပြီး နောက်လတွင် တရားဝင်လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်သည်။ ထို့အပြင် အိန္ဒိယသည် ရုရှားထံမှ ကီလို အတန်းအစား ရေငုပ်သင်္ဘော နှစ်စီးအား အသက်သာဆုံး ဈေးနုန်းဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးမည်ဟု လည်း ကတိကဝတ် ပြုခဲ့သည်။

ကျွန်တော့်အမြင်အရ

ရေငုပ်သင်္ဘောဆိုတာ ရေပေါ်မှာ ဒီဇယ်နဲ့ ခုတ်မောင်းပြီး၊ ရေအောက်မှာ ဘက်ထရီများနဲ့ ခုတ်မောင်းပါတယ်။ အိမ်သုံးအင်ဗာတာဆိုတာ စားပွဲတင် ပန်ကာတောင် ဖွင့်မိရင် ပျက်တတ်တော့ ဘယ်လိုနည်းပညာမျိုးဖြစ်မလဲ စဉ်းစားကြည့်နိုင်ပါတယ်။

ရေအောက် ရေဖိအားအပြင် အသက်ရှူဖို့လေ- ရေယာဉ်အတွင်း ဘက်ထရီကထွက်တဲ့ အဆိပ်ငွေ့ပြဿနာ ရှိတယ်။  ပင်ကိုယ်သဘာဝမှာတည်းက ကိုယ်တိုင်အန္တရာယ်များပါတယ်

သို့သော် ခေတ်မီနည်းပညာနဲ့တောင် ထောက်လှမ်းရခက်တဲ့ စစ်ယန္တယားဖြစ်လို့ စိုးရွံ့ကြတယ်

သင်္ဘောဆိုတာ မြင်းများလိုပဲ ကိုင်တွယ်မောင်းနှင်သူရဲ့ အရည်အချင်းနဲ့ အများကြီးဆိုင်ပါတယ်။

ဟောင်းပေမဲ့ ပစ္စည်းရိုသေတတ်ဖို့ ၊ ထိထိရောက်ရောက် သုံးတတ်ဖို့သာ  အရေးကြီးပါတယ် ))



မြန်မာဘာသာပြန်ဆိုသူ Zeyar Khine

အစဉ်လေးစားစွာဖြင့်

#HtayOung, OungMarine

Source : AMCA- India’s first indigenous stealth fighter

https://www.navyrecognition.com/index.php/news/defence-news/2019/july/7327-myanmar-to-receive-its-first-kilo-class-submarine-from-india.html

=====

India has given Myanmar $ 680 million credit as loan for defence purchases. In return, Myanmar is buying various military equipments from India. Meanwhile, Myanmar has already bought torpedoes and got a submarine from India.

India has gifted kilo class submarine of the Indian Navy, INS Sindhuvir to them. They are refitting and upgrading it spending $84 million out of the credit India has given them.

It has been upgraded at Hindustan Shipyard Limited (HSL), India. It will be officially handed over to Myanmar next month.

Moreover, India has promised them that we will arrange two more Kilo class boats from Russia, at relatively low prices for them.

Source : AMCA- India’s first indigenous stealth fighter

https://www.navyrecognition.com/index.php/news/defence-news/2019/july/7327-myanmar-to-receive-its-first-kilo-class-submarine-from-india.html

1+

Leave a Reply

Your email address will not be published.