အိန္ဒိယနယ်စပ်၌ ပစ်သတ်ခံနေရခြင်း လျှော့ကျလာဟု ဘင်္ဂလားဒက်ရှ်ပြော။ ဘင်္ဂလားဒက်ရှ်နှင့်ပတ်သက်၍ အိန္ဒိယ-ပါကစ္စတန်အားပြိုင်မှု

အိန္ဒိယနယ်စပ်၌ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများပစ်သတ်ခံနေရသည့်ဖြစ်ရပ်များ လျှော့ကျလာကြောင်း တရားမ ဝင်နယ်စပ်ဖြတ်ကျော်ကို ဟန့်တားနိုင်သည်နှင့်အမျှ နှစ်နိုင်ငံနယ်စပ်တွင် အိန္ဒိယနယ်ခြားလုံခြုံရေးတပ် ( BSF ) လက်ချက်ဖြင့် သေဆုံးရသူအရေအတွက် လျှော့ကျလာကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမန်က ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

၂၀၀၁-၂၀၀၂ ခုနှစ်အတွင်း အိန္ဒိယနယ်ခြား၌ ပစ်သတ်ခံရသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊၂၀၀၃-ခုနှစ်တွင် ၆၆-ဦး ပစ် သတ်ခံခဲ့ရသည်။ ၂၀၁၈-ခုနှစ်တွင် ပစ်သတ်ခံရသူ ၃-၄ ဦးသာရှိတော့သည်ဆို၏။ ထို့ပြင် ဖန်နီမြစ်ရေခွဲဝေသုံး စွဲမှုအတွက် အိန္ဒိယနိုင်ငံက ယခင်ကန့်သတ်ချက်များဖယ်ရှားပေးခဲ့ကြောင်း သိရှိရသည်။

ယခုအပြောင်းအလဲဖြစ်ပေါ်မှုများမှာ မကြာသေးမီက နာဟင်ဒြာမိုဒီနှင့် ရှိတ်ဟာစီနာတို့တွေ့ဆုံဆွေးနွေးမှု ရလာဒ်များ ပါဝင်နေသည်။ တနည်းအားဖြင့်ဆိုလျှင် ဘင်္ဂလားဒက်ရှ်နှင့်ပတ်သက်၍ အိန္ဒိယ-ပါကစ္စတန်အား ပြိုင်မှု ပုံရိပ်ဟုလည်း ဆိုနိုင်ပါသည်။  

မကြာသေးမီကာလအထိ အိန္ဒိယနိုင်ငံအတွင်း အစ္စလာမ်စစ်သွေးကြွတို့၏ အကြမ်းဖက်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် အသေအပျောက်အလွန်များသည်။ တိုက်ခိုက်မှုများနောက်ကွယ်တွင် ပါကစ္စတန်ထောက်လှမ်းရေးရှိနေကြောင်း အိန္ဒိယက အကြိမ်ကြိမ်စွပ်စွဲခဲ့ရာ ပါကစ္စတန်က ပယ်ချခဲ့သည်ချည့်ဖြစ်သည်။

အရှေ့ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်နိုင်ငံများနှင့် ထိစပ်နေပြီး၊ အကြမ်းဖက်မှု အကြိမ် ကြိမ်ကြုံတွေ့နေသော အိန္ဒိယသည် နယ်ခြားတစ်လျှောက် လုံခြုံရေးတင်းကြပ်ထားခြင်းကို ဝေဖန်ရန်မရှိပါ။

စက်တင်ဘာ ၁၇ မှ ၃၀ ရက်နေ့အထိ ကျင်းပသော ၇၄-ကြိမ်မြောက် ကမ္ဘာ့ကုလသဂ္ဂအထွေထွေညီလာခံသို့ ဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ တက်ရောက်ခဲ့သည်။ အသက် ၇၂ နှစ်အရွယ် ရှိတ်ဟာစီနာသည် ဘင်္ဂလားဒက်ရှ်ပြည်သူ သန်း ၁၆၀ကျော်၏ စားဝတ်နေရေးနှင့် ဘဝလုံခြုံရေးအတွက် အောက်တိုဘာရက် နေ့တွင် ( ၄ ) ရက်ကြာခရီးအဖြစ် အိန္ဒိယသို့ သွားရောက်ပြန်ကြောင်း တွေ့ရှိရသည်။

ဟိုက်ဒရာဘတ်ဝန်ကြီးချုပ်နေအိမ်တွင် နှစ်နိုင်ငံ အနာဂါတ်စီးပွားရေးနှင့် သက်ဆိုင်သော အပြန်အလှန် သဘောတူညီခြင်းစာချုပ် ၇-ခုကို အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်ခေါင်းဆောင်ကြီး နှစ်ဦး ရှေ့ မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။

သက်တမ်းတိုးခြင်း ၁-ခု၊ နောက်ထပ်အသစ် ၆-ခုအပါဝင် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးကြ ပြီးနောက် အပြန်အလှန် လဲလှယ်ကြသည်။ ၎င်းမတိုင်မီ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သော စီမံကိန်းကြီး ၃-ခု ဖွင့်လှစ်ပွဲ အခန်းအနားသို့ မိုဒီနှင့် ဟာစီနာတို့ ကိုယ်တိုင် တက်ရောက်သည်။

 ( ၁ ) အိန္ဒိယနယ်စပ်တွင် ဘင်္ဂလာဒက်ရှ်နိုင်ငံသားများအား အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF က ပစ်သတ် နေခြင်း ( ၂ ) အာသံပြည်နယ်တွင် မိုဒီအစိုးရက နိုင်ငံသားစိစစ်ရေးသက်သေခံကတ် NRC ထုတ်ပေးလျှက်ရှိရာ မွတ်စလင်အများစုအပါအဝင် လူ ၂-သန်းခန့် စာရင်းမပါပဲ နိုင်ငံမဲ့ဖြစ်ရပြီး ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင် ခံရဖွယ်အခြေအနေ ( ၃ ) နှစ်နိုင်ငံ ဖန်နီမြစ်ရေ ခွဲဝေသုံးစွဲမှုတို့အတွက်  …. ဟိန္ဒူအမျိုးသားရေးအစိုးရ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဆွေးနွေးအဖြေရှာရန် ရှိတ်ဟာစီနာရောက်ရှိသွားခြင်းဖြစ်သည်။

ရှိတ်ဟာစီနာ အိန္ဒိယသို့ မသွားရောက်မီလေးတွင် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်း၏ တယ်လီဖုန်းဆက် သွယ်ခြင်းကို လက်ခံစကားပြောသည်။ ဟာစီနာ အိန္ဒိယသို့သွားရောက်ခြင်းမှာ ကုလအထွေထွေညီလာခံ တက်ရောက်စဉ် မိုဒီနှင့် သီးခြားညှိနှိုင်းချက်အရဖြစ်သည်။ ခန်းမှာ ညီလာခံတက်ရောက်သော်လည်း ဟာစီ နာနှင့် တွေ့ဆုံခြင်းမရှိခဲ့ချေ။ မိုဒီနှင့် ခန်းတို့မှာမူ ကုလညီလာခံအား စကားပြောစင်မြင့်သဖွယ်အသုံးချ၍ တစ် ဖက်နှင့်တစ်ဖက် အပြန်အလှန်စကားစစ်ထိုးကြသည်။

ဟာစီနာနှင့် တယ်လီဖုန်းပြောဆိုစဉ် နှစ်နိုင်ငံဆက်ဆံရေးအဆင်ဆင့်မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ သံအမတ်ကြီး အဆင့် သံတမန်ဆက်သွယ်ရေးပြန်လည်ထူထောင်ရန် ခန်းက အဆိုပြုသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တွင် ပါကစ္စတန်နှင့် ဘင်္ဂလားဒက်ရှ်တို့ ဆက်သွယ်ရေးမှာ အဆိုးရွားဆုံးဖြစ်ခဲ့သည်။ ပထမအကြောင်းမှာ ၁၉၇၁-ခုနှစ် ဘင်္ဂလား လွတ်လပ်ရေးစစ်ပွဲကာလ ဘင်္ဂါလီသန်းချီ၍ Genocide အသတ်ခံခဲ့ရခြင်းအတွက် ပါကစ္စတန်က တောင်းပန်ရန် ပျက်ကွက်နေခြင်း ဖြစ်သည်။

ခန်းပြောသည့်အတိုင်းဆိုလျှင် ပါကစ္စတန်အဆိုပြု ယခင်သံအမတ်များကို ဘင်္ဂလားဒက်ရှ်က ငြင်းပယ်ခဲ့သည် ဖြစ်၍ ယခုထပ်မံစေလွှတ်သော သံအမတ်အား လက်ခံနိုင်ရန်၊ နှစ်နိုင်ငံ ဗီဇာရုံးမှ ထုတ်ပေးလျှက်ရှိသော Category C ဗီဇာများကို A အဆင့်သို့မြှင့်တင်နိုင်ရန်ဖြစ်သည်။ စင်စစ်အားဖြင့် အိန္ဒိယချစ်ကြည်ရေးသွားရောက်လုဆဲ ဟာစီနာအားပုဏ္ဍားတိုင်ပြုကာ မိုဒီ၏ အိမ်နီးချင်းရန်ဘက်ဟောင်း ပါကစ္စတန်က စကားပဏ္ဍာ သွင်းနေခြင်းဖြစ်လေသည်။

၁၉၄၇ – ခုနှစ်  ဗြိတိသျှထံမှ လွတ်လပ်ရေးရယူစဉ် ကိုးကွယ်ရာဘာသာအရ နိုင်ငံအဖြစ်ခွဲခြား သတ်မှတ်ခဲ့ကြ ခြင်းဖြစ်သည်။ ဤသို့ဖြင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ အရှေ့နှင့် အနောက်ပါကစ္စတန်ဟူ၍ တစ်ခုနှင့် တစ်ခု မိုင် ၈၀၀ မျှ ခြားကာ တစ်နိုင်ငံတည်းအဖြစ် ၂၄ နှစ်ကြာ ပေါင်းစည်းခဲ့ကြသော်လည်း လူမျိုးနှင့် ဘာသာစာပေ မတူကြချေ။ ၁၉၇၁-ခုနှစ်တွင် အရှေ့ပါကစ္စတန်က သီးခြားခွဲထွက်ခဲ့ရာ ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲဖြစ်ပွားသည်။ အရှေ့ဘင်္ဂလားတွင် တပ်စွဲထားသော ပါကစ္စတန်စစ်သားများလက်ချက်ဖြင့် သေဆုံးရသူ ဘင်္ဂါလီဦးရေမှာ ၃၀၀,၀၀၀ မှ ၃၀၀၀,၀၀၀ ဟူ၍ ၍ ကွဲလွဲမှုရှိသည်။ လူ ၈- ၁၀ သန်းခန့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြရာ ရှိတ်ဟာစီနာကိုယ်တိုင် အိန္ဒိယပိုင်နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်ဖြစ်ဖူးသည်။

ထိုနောက်ပိုင်း အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒက်ရှ်နိုင်ငံဖြစ်လာရာ ပါကစ္စတန်က အသိအမှတ်မပြုပဲ OIC အဖွဲ့ဝင် မွတ်စလင်နိုင်ငံများ ဝိုင်းဝန်းဖိအားပေးမှု့ကြောင့် ၁၉၇၄ ရောက်မှသာ လက်ခံသည်။

ဘင်္ဂလားဒက်ရှ်သည် ၁၉၇၁-ခုနှစ် စစ်ရာဇဝတ်မှု့များအတွက် ပြည်တွင်း၌  နိုင်ငံတကာရာဇဝတ်ခုံရုံး International Crimes Tribunal (Bangladesh) ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃-ခုနှစ်တွင် ဘင်္ဂလားဒက်ရှ် မြေပေါ်အကြီးဆုံး ဘာသာရေးအဖွဲ့အစည်းဖြစ်သော ဂျမတ်အီအစ္စလာမ်မီ Jamaat-e-Islami ခေါင်းဆောင်အား ဘင်္ဂလားဒက်ရှ်တရားရုံးက သေဒါဏ်ပေးရာမှ နှစ်နိုင်ငံဆက်ဆံရေး တင်းမာသွားရသည်။ ၂၀၁၅ တွင် ဂျမတ်အူလ်မူဂျာဟေဒင် Jamaat-ul-Mujahideen Bangladesh ( JMB ) ခေါ် မတရားသင်းကြေညာထား သော အဖွဲ့အစည်းအား ဒါကာမြို့ ပါကစ္စတန်သံအမတ်များက ငွေကြေးထောက်ပံ့၍ အကြမ်းဖက်လုပ်ရပ်များ သွတ်သွင်းသည်ဟု ဘင်္ဂလားဒက်ရှ်က စွတ်စွဲသည်။ ထိုနောက် နှစ်ဖက်စလုံးက သံတမန်များ အသီးသီးမောင်းထုတ်ကြခြင်း ဖြင့် ၂၀၁၆ ခုနှစ် မှစတင်ကာ သံအဆက်အသွယ် ပြတ်တောက်သွားပြီး၊ ဗီဇာထုတ်ပေးရေး သံအရာရှိအဆင့်သာ ကျန်ရှိသည်။

၁၉၇၁-ခုနှစ် ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲကာလ မုဒိန်းမှု့၊ ဘင်္ဂါလီအရပ်သား ၃၄၄ ယောက် အစုအပုံလိုက် အသတ်ခံရမှု့အတွက် ပါကစ္စတန်ဘက်တော်သား “ မာပူရ်သားသတ်သမား “ အဗ္ဗဒူကွာဒါမိုလာ Abdul Quader Molla ( ၆၅-နှစ် ) အား  ၂၀၁၃-ခုနှစ် တွင် ကြိုးပေးကွပ်မျက်သည်။ သူသည် ၁၉၇၁ စစ်ရာဇဝတ်ကျူးလွန်သ ဖြင့် သေဒါဏ်ပေးခံရသူ ဂျမတ်အီအစ္စလာမ်မီခေါင်းဆောင် ၅ -ဦးအနက် ပထမဆုံးဖြစ်သည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံအတွက် အိန္ဒိယအပေါ် လတ်တလောမျက်နှာပူရခြင်းမှာ ကော့ခ်ဘဇားရောက် ဒုက္ခသည် ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟု ဖော်ပြ ) များနှင့် ပတ်သက်သည်။

သြဂုတ် ၂၅-ရက် ဘင်္ဂလားဒက်ရှ် အူခီယာဒုက္ခသည်စခန်းတွင် ဘင်္ဂါလီများ အစုအပုံလိုက် ထွက်ပြေးရခြင်း၂-နှစ်ပြည့်အထိန်းအမှတ်ပွဲကျင်းပသည်။ အခန်းအနားကို အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက် နွယ်သော  ပါကစ္စတန်အခြေစိုက် အယ်လ်ခစ်မက်ဖောင်ဒေးရှင်း Al-Khidmat Foundation က ဦးဆောင်စီစဉ်ပေးခဲ့ကြောင်း၊ စင်ပေါ်တက်ခဲ့သူ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအသင်း Arakan Rohingya Society for peace & Human Rights ( ARSPH ) ၏ ဥက္ကဋ္ဌ မိုဟီဘူလာ ( မူဟစ်အူလာ) သည် ထိုသူတို့လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားဖြစ်သည်ဟု အိန္ဒိယမီဒီယာများ ဝေဖန်ခံရခြင်းပါသည်။

((( အောက်တိုဘာ – ၁၃၊ ၂၀၁၉၊ Dhaka Tribune., Oct. 12, 2019, “Foreign minister: Border killings have come down.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အခြားသတင်းများနှင့် ဆက်စပ်ဖော်ပြထားရာ စာတမ်းပြုစုလိုသူများအတွက် ကိုးကားအချက်အလက်များ ပေးပို့ ကူညီလိုပါသည်။ )))

https://www.dhakatribune.com/bangladesh/foreign-affairs/2019/10/12/foreign-minister-border-killings-have-come-down 
http://en.ukhiyanews.com/rohingya-nid-fraud-cec-says-ec-not-at-fault/ #14 
https://www.dhakatribune.com/bangladesh/foreign-affairs/2019/10/05/dhaka-delhi-sign-7-bilateral-documents 
#2. https://www.dhakatribune.com/opinion/editorial/2019/10/04/a-friend-and-a-neighbour 
#3. https://www.dhakatribune.com/bangladesh/foreign-affairs/2019/10/01/rohingya-teesta-may-feature-in-pm-s-talks-with-modi 
#4. https://www.indiatoday.in/india/story/india-bangladesh-likely-sign-dozen-agreements-during-sheikh-hasina-visit-1605722-2019-10-03 
#5. https://bdnews24.com/world/south-asia/2019/10/02/imran-khan-speaks-to-hasina-over-phone-before-her-india-trip 
#6. https://bdnews24.com/world/south-asia/2019/09/28/bangladesh-has-nothing-to-worry-about-assam-citizen-list-nrc-modi-tells-hasina https://bdnews24.com/world/south-asia/2019/09/28/bangladesh-has-nothing-to-worry-about-assam-citizen-list-nrc-modi-tells-hasina 
#7. https://www.dhakatribune.com/bangladesh/foreign-affairs/2019/10/04/imran-khan-makes-his-play-pakistan-pm-wants-better-relationship-with-bangladesh-says-high-commission-official 
#8. http://necrometrics.com/20c1m.htm#Bangladesh 
#9.https://web.archive.org/web/20100310214158/http://www.virtualbangladesh.com/history/holocaust.html 
#10.http://archive.thedailystar.net/suppliments/2006/15thanniv/bangladesh&theworld/bd_world21.htm 
#11. https://www.aljazeera.com/indepth/features/2013/12/pakistan-bangladesh-relationship-strained-2013122210285955448.html 
#12. https://www.thedailystar.net/country/%E2%80%98terror-financing%E2%80%99-pak-diplomat-withdrawn-bangladesh-191473 
#13. https://www.dawn.com/news/1231165
#14. https://www.thedailystar.net/news/butcher-of-mirpur-hanged 

0

Leave a Reply

Your email address will not be published.