အိန္ဒိယနယ်စပ်၌ လတ်တလော ပစ်သတ်ခံရသည့် ဘင်္ဂလားဒေ့ရှ်အရပ်သားဦးရေမှာ ၁၀-နှစ်အတွင်း အများဆုံးဖြစ်လာ။ ၂၀၀၀ မှ ၂၀၁၉ ခုနှစ်အကြား အိန္ဒိယနယ်ခြားလုံခြုံရေးတပ်များက သေနတ်ဖြင့်ပစ်/သေသည်အထိညှင်းပန်းခြင်းကြောင့် အနည်းဆုံး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁,၁၈၅ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရ သို့မဟုတ် ပြန်ပေးဆွဲခံရသူများဦးရေ ပါဝင်ခြင်းမရှိသေးဟု ဆို။

..  
၂၀၂၀-ပြည့်နှစ်တွင် နယ်စပ်တစ်လျှောက်၌ အိန္ဒိယနယ်ခြားလုံခြုံရေးတပ်၏ လက်ချက်ဖြင့် လောလာဆယ်တွင် သေဆုံးရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအရေအတွက်မှာ လွန်ခဲ့သော ၁၀ နှစ်အတွင်း အများဆုံးဖြစ်နေသည်ကို တွေ့မြင်ကြရသည်။ အိန္ဒိယအစိုးရအနေဖြင့် နယ်စပ်သေဆုံးမှုကို သုညအထိ ကျဆင်းသွားစေရပါမည်ဟု ထပ်ခါတလဲလဲ အာမခံပေးပြီးနောက်၌ပင် သတ်ဖြတ်မှုများဆက်လက်ဖြစ်ပွားခဲ့သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

..  
အင်္ဂါနေ့ ( ယနေ့ ) တွင် အိန္ဒိယနိုင်ငံ၌ နှစ်နိုင်ငံနယ်ခြားလုံခြုံရေးညွှန်ကြားရေးမှူးချုပ်များ၏ ၅-ရက်ကြာ ကွန်ဖရင့် စတင်ကျင်းပသည်။ ထိုစဉ်အတွင်း ဇန်နဝါရီ ၁-ရက်မှ ဒီဇင်ဘာ ၁၆-ရက်နေ့အထိ နှစ်နိုင်ငံနယ်စပ်၌ အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF က သေနတ်ဖြင့်ပစ်သတ်ခြင်း သာမက သေသည်အထိ နှိပ်စက်ညှင်းပန်းသဖြင့် အသက်ဆုံးရှုံးရသူဘင်္ဂလားဒေ့ရှ်အရပ်သား အနည်းဆုံး ၄၅-ဦးအထိပင်ရှိသည်ဆို၏။


..

၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ပါလီမန်၌ ပြည်ထဲရေးဝန်ကြီး အဇတ်ဒူဇာမန်ခန်ကမဲလ်က အစီရင်ခံရာ၌ အိန္ဒိယ BSF တပ်များ၏ နယ်စပ်သတ်ဖြတ်မှုမှာ ၂၀၀၉ ခုနှစ်တွင် ( ၆၆ -ဦး ) ၂၀၁၀ တွင် ( ၅၅-ဦး ) ၊ ၂၀၁၁ -နှင့် ၂၀၁၂- တွင် ( ၂၄ – ဦး စီ) ၊ ၂၀၁၃ တွင် ( ၁၈-ဦး ) ၊ ၂၀၁၄-ခုနှစ်တွင် ( ၂၄-ဦး )၊ ၂၀၁၅ ခုနှစ်တွင် ( ၃၄-ဦး )၊ ၂၀၁၆- ခုနှစ်တွင် ( ၂၅-ဦး )၊ ၂၀၁၇- ခုနှစ်တွင် ( ၁၇-ဦး ) နှင့် ၂၀၁၈-ခုနှစ်၌သာ ( ၃-ဦး ) ရှိခဲ့သည်။

..

 သို့သော် လူ့အခွင့်ရေးအဖွဲ့များ၏ စာရင်းဇယားများပါ အရေအတွက်မှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဋ္ဌာ၏ အစီရင်ခံစာထက် များစွာပိုမိုနေသည်။ နယ်စပ်ဒေသ၌ အသတ်ခံရမှုများမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အရေအတွက် ထပ်မံတိုးပွားလာခြင်းမရှိသေးဘဲ၂၀၁၉-ခုနှစ်၌ အသတ်ခံရသူ ၄၃-ဦးရှိနေသည်။ ၂၀၀၀ နှင့် ၂၀၁၉ ခုနှစ်အကြား ဘင်္ဂလားဒေ့ရ်ှ – အိန္ဒိယနယ်စပ်တလျှောက် အိန္ဒိယနယ်ခြားလုံခြုံရေးတပ်များကြောင့် အနည်းဆုံး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁,၁၈၅ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် ဒဏ်ရာရသူ သို့မဟုတ် ပြန်ပေးဆွဲခံရသူများ အရေအတွက် ပါဝင်ခြင်းမရှိသေးပဲ၊ ဖော်ပြထားသည်။ 
..
၂၀၁၁ ခုနှစ်တွင် အိန္ဒိယ BSF တပ်များက အသက် ၁၅ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်မိန်းကလေးငယ် ဖီလာနီကို ပစ်သတ်ခဲ့ကြသည်။ နယ်ခြားသံဆူးကြိုးပေါ်တွင် ဇောက်ထိုးတွဲလောင်းဖြစ်နေသည့် ဖီလာနီ၏ ရုပ်အလောင်း ဓါတ်ပုံကို နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခဲ့ကြပြီးနောက် ကမ္ဘာတစ်ဝှန်း၌ ဒေါသတကြီး ကန့်ကွက်မှုများ ဆူညံစွာ ထွက်ပေါ်ခဲ့ရသည်။

..  
အိန္ဒိယအစိုးရအနေဖြင့် နယ်စပ်လူသေဆုံးမှုများ လုံးဝမဖြစ်ပွားစေရပါဟု ဘင်္ဂလားဒေ့ရ်ှအား အခါအားလျော်စွာ အကြိမ်ကြိမ်အာမခံနေဆဲဖြစ်သော်လည်း BSF တပ်များ၏ နယ်စပ်ဧရိယာတို့၌ လူသေစေလောက်သည့် လက်နက်များအသုံးပြုနေခြင်းကို အကြီးအကျယ်လျစ်လျူရှုထားဆဲဖြစ်သည်။ 

..  
နှစ်နိုင်ငံထိပ်တန်းခေါင်းဆောင်များအဆင့် တွေ့ဆုံကြရာတွင် နယ်ခြားဒေသ လူသေဆုံးမှုများအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြသည်။ လွန်ခဲ့သည့် စက်တင်ဘာလလယ်တွင် ဒါကာမြို့၌ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB နှင့် အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF တို့မှ ညွှန်ကြားရေးမှူးချုပ်များ တွေ့ဆုံ၍ ၄-ရက်ကြာဆွေးနွေးခဲ့ကြပြီး ဖြစ်သည် ။နယ်စပ်တွင် လက်နက်မဲ့ဘင်္ဂလားဒေ့ရှ်များအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာရရှိစေခြင်း နှင့် မူးယစ်ဆေးဝါးမှောင်ခိုခြင်း စသည်တို့ကို အပြန်အလှန်တင်ပြခဲ့ကြသည်။

..   
ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီ BNP ကမူ ကြေကွဲဖွယ်အဖြစ်အပျက်များမှာမူ ဆက်လက်တွေ့မြင်နေရဆဲဖြစ်ကြောင်း၊ အဝါမီလိခ်ပါတီ အာဏာရချိန်မှစ၍ အစိုးရ၏ နိုင်ငံခြားရေးပေါ်လစီသည် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရ်ှလူမျိုးများအား အကြီးအကျယ် သတ်ဖြတ်ခြင်းများကို တရားဝင်ဖြစ်စေလျှက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ၏ အလံတင်ဆွေးနွေးပွဲဆိုသည်မှာ BSF တို့ ပစ်သတ်လိုက်သော အလောင်းများကို ပြန်လည်လက်ခံခြင်းသာ ဖြစ်နေပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယနယ်စပ်သည် တောင်အာရှတွင် လူအသေအပျောက်အများဆုံး #Killing_Ground တစ်ခုဖြစ်လာနေကြောင်း စွပ်စွဲရှုတ်ချလိုက်သည်။ 
..
(( ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့၏ နှစ်နိုင်ငံနယ်ခြားသည် မိုင်ပေါင်း ၂၅၄၅ မိုင်ရှိပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အရှည်လျှားဆုံးနှင့် အရှုတ်ထွေးဆုံး နယ်ခြားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မြစ်-ချောင်း၊ ရေ ကန်၊ တောင်ကုန်းများသာမက ကျေးရွာများကိုလည်း ဖြစ်သန်းသွားပြီး အချို့နေရာများတွင် နယ်ခြားစည်းရိုး အပြည့်အ၀ ကာရံနိုင်ခြင်း မရှိသေးဟု ဆိုပါသည်။ ( Quora., August 3, 2018 ) 

..  
ကျွန်တော်များ၏ အနောက်တံခါးပြဿနာနှင့် ပတ်သက်၍ #နှစ်နိုင်ငံအကြား #နယ်ခြားသံဆူးကြိုးကာရံရေး #မြန်မာကအားထုတ်ခြင်းမှာ “ #လူ့အခွင့်ရေးကို #တမင်ရည်ရွယ်ချိုးဖောက်ခြင်းဖြစ်ကြောင်း “ အစီရင်ခံသူတို့မှာ ကုလသမဂ္ဂက ဖွဲ့စည်းပေးလိုက်သော ပညာယှိကြီးများဖြစ်နေပါသည်။ ထို့ပြင် အနောက်တံခါးဒေသဖွံ့ဖြိုးရေး၊ နယ်ခြားခြံစည်းရိုး ကာရံရေးအတွက် ပစ္စည်း ငွေကြေးလှူဒါန်းသော စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း “ #စစ်ရာဇဝတ်မှုကိုအားပေးသူများအဖြစ် “ နာမည်ပျက်စာရင်းသွင်း၍ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန် ပြည်ပ အဖွဲ့အစည်းအချို့က တောင်းဆိုခဲ့ကြပါသည်။ နယ်ခြားခြံစည်းရိုး မရှိသော နိုင်ငံကြီးသားများ ဖြစ်ဟန်တူပါသည်။ 

..  

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာတွင် အိန္ဒိယက ကာရံထားသော နယ်ခြားသံဆူးကြိုးနှင့် အိန္ဒိယနယ်ခြားလုံခြုံရေးတပ်များ၏ပုံကို March 4th, 2017 နေ့ထုတ် ဒါကာအခြေစိုက် Dhaka Tribune သတင်းစာ၏ “ India fences half of its border with Bangladesh” ခေါင်းစဉ်ပါ သတင်းဓါတ်ပုံအား ဖော်ပြလိုက်ရပါသည်။ 
..
#နှစ်နိုင်ငံနယ်စပ်_လတ်တလောပစ်သတ်ခံရသည့်_ဘင်္ဂလားဒေ့ရှ်အရပ်သား၄၅ဦးဖြင့်အများဆုံးဖြစ်

#၉-နှစ်အတွင်းဒဏ်ရာရ_ပြန်ပေးဆွဲခံရသူများမပါ_၁,၁၈၅ ဦး သေဆုံးခဲ့ 

..

..  
((( Dhaka Tribune., December 22nd, 2020,” Bangladesh sees highest border deaths in 10 years By:Syed Samiul Basher Anik.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ ))) 
..
https://www.dhakatribune.com/bangladesh/2020/12/22/bangladesh-sees-highest-border-deaths-in-10-years 
https://www.quora.com/Why-is-the-Indo-Bangla-border-not-properly-fenced 
https://www.dhakatribune.com/bangladesh/2017/03/04/half-india-bangladesh-border-fenced/?fb_comment_id=1594857990528823_1595558937125395 
https://www.dnaindia.com/india/report-smart-fences-to-thwart-border-infiltration-2726851 
https://mygoldenbengal.wordpress.com/2014/04/17/a-view-from-the-india-bangladesh-border/ 

0

Leave a Reply

Your email address will not be published.