အိန္ဒိယဗီဇပြောင်း ဗိုင်းရပ်ကို ဘင်္ဂလားဒေ့ရှ်၌ အိန္ဒိယပြန် လူနာ ၂-ဦးတွင် ထပ်မံတွေ့ရှိ။ ယခင် ၆-ဦးမှာလည်း အိန္ဒိယမှ ပြန်လာသူများဖြစ်။ ဗြိတိန်၊ တောင်အာဖရိက၊ အိန္ဒိယဗီဇပြောင်းဗိုင်းရပ်စ် ၅-မျိုးတို့ ပိုမိုဆိုးရွားစွာ ကူးစက်နေ။ ဒုတိယလှိုင်းကူးစက်-သေဆုံးကျဆင်းချိန်တွင် ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွား


အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော Covid-19 ရောဂါ ဗီဇပြောင်းမျိုးကွဲ ဗိုင်းရပ်အမျိုးအစားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ မြောက်ပိုင်း ကော်ပိုရေးရှင်းကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရေးဆေးရုံ၌ ကုသမှုခံယူနေသော လူနာ ၂-ဦးတွင် တွေ့ရှိရသဖြင့် တင်းကြပ်စွာ စောင့်ကြည့်ကြပ်မတ်လျှက်ရှိကြောင်း၊ ၎င်းတို့သည် မကြာသေးမီ အိန္ဒိယနိုင်ငံ မှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၎င်းတို့၏ ဆေးစစ်နမူနာများကို (NIDCH) အမျိုးသားအင်စတီကျု့ဒ်သို့ ပေးပို့စစ်ဆေးစေခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံညွှန်ကြားရေးမှူးက သောကြာနေ့တွင် အတည်ပြုသည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။

…   
လွန်ခဲ့သည့် မေလ ၈-ရက်နေ့တွင် ကူးစက်မှု ပိုမိုလျှင်မြန်သော ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ် ကူးစက်ခြင်းခံရသူ ၆-ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း အိန္ဒိယနယ်စပ် #ဂျက်ဆိုးဒိစတြိတ်တွင် ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ရကြောင်း၊ အိန္ဒိယနိုင်ငံမှ လတ်တလော ပြန်လည်ရောက်ရှိလာသူများတွင် တွေ့ရှိရခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ သီးခြားထားရှိခဲ့ရသူများဖြစ်ကြောင်း၊ ထို့နောက်ပိုင်း အိမ်နီးချင်းနိုင်ငံများနှင့် ခရီးသွားလာသူများအတွက် နယ်စပ်ကုန်းလမ်းများကို အာဏာပိုင်များက ပိတ်ပစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှု ဆိုင်ရာ အထွေထွေညွှန်ကြားမှုဌာန (DGHS) အဆိုအရ သိရှိရသည်။

…   
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်လကြာခန့် ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်းကျရောက်မှု အမြင့်ဆုံးဖြစ်ပွားခဲ့ပြီး နေ့စဉ် ကူးစက်-သေဆုံးမှုအရေအတွက် ကျဆင်းလာချိန်တွင် ယခုကဲ့သို့ အိန္ဒိယဗီဇပြောင်းဗိုင်းရပ်ကို ဒါကာမြို့၌ တွေ့ရှိရခြင်းဖြစ်သည်။

…   
အိန္ဒိယတွင် ပိုမိုကူးစက်စေသော ဗိုင်းရပ်စ်ဖြစ်ပေါ်လာရခြင်းမှာ Covid-19 ရောဂါပိုးသည် နိုင်ငံအတွင်း လှည့်ပတ်ပျံ့နှံ့ရာမှ ဗီဇကွဲမျိုးပြောင်းလဲသွားခြင်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မှတ်ယူသည်။

…    
အိန္ဒိယမီဒီယာများအဆိုအရမူ ဗြိတိန်မျိုးကွဲ ( B.1.1.7 ) တောင်အာဖရိက မျိုးကွဲ ( B.1.351 ) အိန္ဒိယမျိုးကွဲများဖြစ်သော ( B.1.617) ( B.1.617.1 ) ( B.1.617.2 ) ( B.1.617.3 ) နှင့် ( B.1.618 ) တို့သည် အတူတကွ ပိုမိုဆိုးရွားစွာ ကူးစက်လျှက်ရှိကြောင်း ဖော်ပြကြသည်။

…  
ယခင်က ဘင်္ဂလားဒေ့ရ်ှတွင် ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးလ်ဗီဇပြောင်းမျိုးကွဲများကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အစိုးရနှင့် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများ၏ အဆိုအရ ယခုတစ်ကြိမ် အိန္ဒိယဗီဇပြောင်းဗိုင်းရပ်စ်ပိုးတွေ့ရှိမှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လိမ့်မည်ဟု သိရှိရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

((ယမန်နေ့က စစ်တွေတွင် တတိယမျိုးဆက် Covid-19 ဗိုင်းရပ်စ်လူနာ ၅-ဦး တွေ့ရှိကြောင်း သတင်း မှန်/မမှန် ကျွန်တော့်အား မေးမြန်းသူ ရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာတွေ့ရှိရကြောင်း သတင်း ဖတ်ရဖူးပါသည်။ တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများ ၃-ဦး သို့မဟုတ် ၄-ဦးခန့်ဖြစ်မည်ထင်ပါသည်။

သို့သော် မည်သည့်ဗီဇအမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ဖြစ်သည်ဟု မတွေ့မိသေးပါ။ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အတည်ပြုချက် ထွက်ပေါ်လာမှသာ အမှန်သိနိုင်ပါမည်။ ။ သတင်းဘာသာပြန်သူ))

#အိန္ဒိယဗီဇပြောင်းဗိုင်းရပ်စ်ကို_ဘင်္ဂလားဒေ့ရှ်တွင်_ထပ်မံတွေ့ရှိ

…  
(((Dhaka Tribune., May 15th, 2021,” Indian Covid variant detected in Dhaka hospital.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/dhaka/2021/05/15/indian-covid-variant-detected-in-dhaka-hospital  

0

Leave a Reply

Your email address will not be published.