အိန္ဒိယရွာကျေးရွာများတွင် လမ်းများမဖွံ့ဖြိုး၍ နာမကျန်းသူများကို ခြေလျှင်သယ်ပို့ပေးနေရ။ လူနာကို လက်ဖြစ်ထမ်းစင်ဖြင့် ၇-မိုင်ကျော် ထမ်းပို့နေရသည့် ကြေကွဲဖွယ်အဖြစ်ဆိုးများနှင့် ရင်ဆိုင်

အိန္ဒိယနိုင်ငံ အန္ဓရာပရာဒက်ရှ်ပြည်နယ်တောင်ပိုင်းတွင် လမ်းကောင်းကောင်း မရှိသေးသဖြင့် နာမကျန်းသူများအား လူနာတင်ယာဉ်ရှိရာ အရောက်သွားနိုင်ရေး  လက်ဖြစ်ထမ်းစင်ဖြင့် အနည်းဆုံး ၇-မိုင်ခွဲမျှ သယ်ပို့ ပေးနေရသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဝီဇရနာဂရမ်ကျေးရွာနေ အသက် ၂၂-နှစ်အရွယ် ဂျာရတ္တနာဂါရာဂျူအတွက် အသည်းရောဂါရက်ပေါင်းများစွာ ခံစားခဲ့ရြင်္ပီးနောက် အမြန်ဆုံးဆေးဝါးကုသမှု့ခံယူရန် အရေးတကြီး လိုအပ်လာသည်။ ဤတွင် ပထမဆုံးရင်ဆိုင်ရသည့် ပြဿနာမှာ လူနာတင်ယာဉ်ရှိရာ အရောက် ခရီး ၇- မိုင်ခွဲကျော် ဝေးကွာနေခြင်းဖြစ်သည်။  ထိုမျှကွာဝေးလွန်းနေခြင်းမှာ တော်ယုံ ကျန်းမာရေးဒေါင်ဒေါင်မြည်သူများအတွက်ပင်  လွယ်ကူခြင်း မရှိချေ။

လူနာအခြေအနေဆိုးလာသည်နှင့်အမျှ သူ့အား အမြန်ဆုံးဆေးရုံတင်မှဖြစ်ပါမည်။ ဆွေမျိုးသားချင်းတို့အနေဖြင့် အသင့်စောင်းဆိုင်းနေမည့် လူနာတင် မော်တော်ယာဉ်ရှိရာအရောက် လူနာအား လက်ဖြစ်ထမ်းစင်ဖြင့် သယ်ဆောင်ကာ ကုန်းတက် ကုန်းဆင်း တောလမ်းခရီးကြမ်း နှင်ကြရမည်ဖြစ်သည်။

သူတို့ရွာ ဇနပုဒ်လေးရှိ ဒေသန္တရဆေးပေးခန်းမျှလောက်နှင့် မလုံလောက်ပါ။ ပိုမိုပြည့်စုံကောင်းမွန်သည့် ဆေးရုံသို့တင်ပို့နိုင်ရန် အခြားနည်းလမ်းလည်း မရှိပါ။ ဆွေမျိုးသားချင်းတို့မှာ တောလမ်းခရီးတလျှောက် ဂျာရတ္တနာဂါရာဂျူအား လက်ဖြစ်ပုခက်ဖြင့် သယ်ဆောင်ခဲ့ကြရသည်။

အွန်လိုင်းတွင် ပျံ့လွင့်လာသည့် အဆိုပါသတင်းရုပ်သံမှာ ရွာသိမ်ရွာငယ်လေးနေ လူမျိုးစုတို့အတွက် ရဟတ်ယာဉ်-လေယာဉ်တို့ဖြင့် သယ်ပို့ပေးရေးထက် အခြေခံစီးပွားရေးအဆောက်အအုံ ပြည့်စုံရန် လိုအပ်နေသေး ကြောင်း ပြသလျှက်ရှိသည်။

(( ယခုသတင်းကို ဖတ်ရင်း ကျွန်တော် နာကျင်စွာ ပြုံးမိပါသည်။ အိန္ဒိယတွင် ဆေးရုံတင်ရန် အရေးတကြီးလိုအပ်သော လူနာကို ထမ်းစင်ဖြင့် တောလမ်းခရီးသယ်ဆောင်ရသည်ဆိုခြင်းကြောင့်ဖြစ်သည်။

 ဆေးရုံရောက်ရမည့်လူနာမှာ ၇-မိုင်မျှ ခရီးပြီးလျှင် မော်တော်-စက်လှေဖြင့် သွားလာနေကြရသည့် ကျွန်တော်တို့လို တိုင်းပြည်အတွက် အထူးအဆန်းမဟုတ်ချေ။

လွန်ခဲ့သော နှစ်များက ထိုင်းနိုင်ငံဘက်မှ စတင်သော အာရှလမ်းမကြီး ဖောက်လုပ်မည့်အကြောင်း ကြားသိကြရသည်။ ထိုစဉ်က ထိုင်း-အမေရိကန်တို့ Operation Cobra Gold စစ်ရေးလေ့ကျင့်နေရာ ထိုလမ်းမကြီးအတိုင်း အဆိုပါစစ်တပ်များ ဝင်ရောက်လာလိမ့်မည် ထို့ကြောင့် ကန့်ကွက်ရမည်ဖြစ်ကြောင်း ပြောဆိုသံများ ထွက်ပေါ်ခဲ့သည်။

ကျွန်တော်ကတော့ ထိုသို့မမြင်ပါ။ ထိုင်း-အမေရိကန်တပ်များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့်ပုံပေါ်လျှင် ထိုင်းမြို့ရွာတို့ကို အလွယ်သိမ်းယူနိုင်မည့် လမ်းမကောင်းကောင်း ရပြီဟုသာ တွေးမိပါသည်။ ခြေမြန်လက်မြန် စစ်တိုက်နိုင်အောင် ကိုယ့်ဖက်က အင်အားစုစည်းထားရန်သာ လိုအပ်သည်။

ပြည်တွင်းစစ် နှစ် ၇၀-ကျော်ပြီဖြစ်သော ကျွန်တော်တို့နိုင်ငံတွင် လမ်းကောင်းကောင်း မဖောက်နိုင်သေးသည်မှာ လုံခြုံရေးအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။ အစိုးရကချည့် လမ်းဖောက်ချင်၍မရ တိုင်းရင်းသား လက်နက်ကိုင်တို့ကလည်း သဘောတူမှဖြစ်ပါမည်။

တဖန် ကျေးလက်ဇနပုဒ်နေသူအများစုမှာ ရေလုပ်ငန်း- တောင်သူလယ်သမား သီးနှံံစိုက်ပျိုးသူများသာ အများစု ဖြစ်ပါမည်။ မြို့ပေါ်ဆေးရုံတက်ရန်ဆိုသည်မှာ သူပုန်အမာခံများ ရာထူးရ၍ ဒေါ်လာစား မီဒီယာများ အားကောင်းလျှင် ညှောင့်စူး- ဝက်ဝံကုတ်ခံရသော အရပ်သားဖြစ်သည်ဟု သူပုန်လည်း အခွင့်အရေးရရှိနိုင်ပါသည်။ ထိုမျှမက  ကျောထောက်နောက်ခံကောင်းလျှင် အစိုးရနှင့် တပ်မတော်တို့ကိုပင်လျှင် စစ်ခုံရုံး အရောက်ပို့နိုင်သည်။  ။ သတင်းဘာသာပြန်သူ ))

https://www.rt.com/news/479542-india-rescue-ambulance-villagers/

(((Russia Today., Jan.30, 2020, “‘Heartbreaking’: Indian villagers carry a sick man 12km on makeshift stretcher to ambulance due to lack of roads (VIDEO)” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

#အိန္ဒိယတွင်လမ်းများမရှိ၍လူနာကို၇-မိုင်ကျော်ထမ်းပို့နေရ

https://www.rt.com/news/479542-india-rescue-ambulance-villagers/

https://www.rt.com/news/478572-india-villagers-carry-officer/

0

Leave a Reply

Your email address will not be published.