အိန္ဒိယသို့ ဒေါ်နယ်ထရမ့်အလည်လာချိန် ဆင်းရဲသားရပ်ကွက်ကိုမမြင်ရန် ၆- ပေအမြင့် တံတိုင်းကာမည်။ ကာမည်ဆိုသော်လည်း ၆ ပေ အတိအကျရှိမည်မဟုတ်

အိန္ဒိယနိုင်ငံသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လာရောက်သည့်အခါ ကြိုဆိုရေး တာဝန်ယူရမည့် အမက်ဒါဘက်မြို့တော် အရာရှိများမှာ လေဆိပ်မှ ဂန္ဓနာဂါအထိ ခြံစည်းရိုးများ ဆေးသုတ်ခြင်း၊ ဆင်းရဲသားရပ်ကွက်ကို ဖုံးကွယ်ရန် တံတိုင်းကာခြင်းတို့ကို ကပျာကယာ ဆောင်ရွက်လျှက်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဖေဖော်ဝါရီ ၂၄-ရက်နေ့တွင် လာရောက်မည့် သမ္မတဒေါ်နယ်ထရမ့်နှင့် ဇနီးမယ်လင်နာတို့အား အိန္ဒိယအစိုးရက တခန်းတနားကြိုဆိုမည်ဖြစ်သည်။ ထိုအတွက် ဂူဂျာရတ်ပြည်နယ် ယခင်မြို့တော်ဟောင်း၌ အမေရိကန်ကိုယ်စားလှယ်တို့ စိတ်အနှောက်ဖြစ်ဖွယ်များကို ဖုံးကွယ်မွန်းမံရာတွင် ဒေသခံအရာရှိအချို့ကိုပါ ပျားပန်းခပ် အလုပ်များလျှက်ရှိသည်ဆို၏။

လေဆိပ်မှ အိန္ဒိယတံတားအထိ လမ်းဘေးဝဲယာများတွင် တံတိုင်းကာမည်ဖြစ်ရာ ၆- ပေအမြင့်ရှိလိမ့်မည်ဖြစ်ကြောင်း ဒေသန္တရသတင်းစာများက ရေးသားကြသည်။ မိုင်ဝက်နီးနီးရှိမည့် တစ်နေရာသည် လူ ၂,၅၀၀ ကျော် နေထိုင်ရာ အထင်ကရ “ ဆာရာနီရာဗက်စ် “ဆင်းရဲသားရပ်ကွက်တည်ရှိနေသည်။ အချို့ကလည်း မဲပေးခွင့် ရုတ်သိမ်းထားသော အဆိုပါပတ်ဝန်းကျင်ကို ယခင်တည်းက အုတ်တံတိုင်းကာရန် ဆောက်လုပ်ခဲ့သည်ဟု ပြောကြသည်။



((၁၉၇၀- နှစ်လွန်ကာလများအထိ တရုတ်လည်းအလားတူ ဖြစ်ခဲ့ဖူးသည်ဆိုပါ၏။ နိုင်ငံခြားအကြီးအကဲ အလည်လာသည့်အခါ ဆင်းရဲနုံချာသော အဆောက်အအုံတို့ကို ဖုံးကွယ်ကာရံပြီး၊ ဇင်ပြာတူညီဝတ်စုံဝတ် တရုတ်တို့က လမ်းဘေးဝဲယာ၌ နှစ်နိုင်ငံအလံများ ဝှေးယမ်းကြိုဆိုသည်။ ဧည့်သည်တော်ကားတန်းလွန်သွားသည့်အခါ ဇင်ပြာအင်္ကျီများ ပြန်ချွတ်၍ ပုံမှန်အဟောင်းပြန်ဝတ်ပြီး အလုပ်ဆက်လုပ်ကြသည်ဟု ပြောစမှတ်ရှိသည်။

သို့သော် ယနေ့ကမ္ဘာ့စီးပွားရေးတွင် တရုတ်သည် အမေရိကန်အား ခြေရာချင်းတိုင်းနေပြီး လာမည့် ဆယ်စုနှစ်လွန်၌ တရုတ်က ပထမ၊ အမေရိကန်က ဒုတိယချိတ်ကာ အိန္ဒိယက တတိယနေရာ ကပ်လိုက်လာမည်ဟုပင် ခန့်မှန်းနေကြသည်။

ရန်ဖက် အမေရိကန်သမ္မတက မိတ်ဖက်အိန္ဒိယသို့ ချစ်ကြည်ရေးခရီးစဉ်အပေါ် ရုရှားသတင်းစာ၏ ရေးသားပုံဖြစ်သည်။ ကျွန်တော့်အနေဖြင့် ချိုးနှိမ်ပြက်ရယ်လိုခြင်းမပါပဲ ကြိုးစားဆင်ခြင်နိုင်ရန် ရည်ရွယ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 14 Feb, 2020 ,” City to host Trump during India visit denies 6-ft WALL is built to ‘hide slums,’ but says height will be reduced.” ကို #HtayOung, #OungHtay ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဒေါ်နယ်ထရမ့်အိန္ဒိယသို့ချစ်ကြည်ရေးလာရောက်မည်

https://www.rt.com/news/480808-wall-trump-visit-india/

https://thewire.in/government/gujarat-ahmedabad-slum-wall-donald-trump

https://www.rt.com/news/469366-modi-trump-houston-meeting/

1+

Leave a Reply

Your email address will not be published.