အိန္ဒိယသို့ အောက်စီဂျင်ထုတ် ဂျင်နရေတာ အလုံး ၄-သောင်းပေးအပ်နိုင်ရန် တရုတ်ကုမ္ပဏီများထုတ်လုပ်မှုတိုးမြှင့်။ အကူအညီပေးအပ်ရန် အိန္ဒိယက အစောဆုံး ကမ်းလှမ်းခဲ့ရသော နိုင်ငံများတွင် တရုတ်လည်း ပါဝင်။ ဆေးဝါး ၃၈၀၀ တန်ခန့်နှင့် ဆေးပစ္စည်းများစွာ တရုတ်က ထောက်ပံ့ခဲ့ပြီးဖြစ်ဟုဆို


အိန္ဒိယနိုင်ငံက မှာယူထားသော အောက်ဆီဂျင်ထုတ်လုပ်နိုင်သည့် ဂျင်နရေတာ ပေါင်း ၄၀,၀၀၀ အတွက် တရုတ်ကုမ္ပဏီများက ထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ဆောင်နေပြီး၊ မကြာမီပေးအပ်နိုင်လိမ့်မည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆန်ဝေဒေါင်က ကသောကြာနေ့ Global Times မီဒီယာနှင့် အင်တာဗျူးရာတွင် ပြောကြားသည်ဟု ကွန်မြူနစ်အစိုးရပိုင် #China_Global_Television_Network (#CGTN) (May 01,2021) က ရေးသားသည်။…    
အိန္ဒိယနိုင်ငံတွင် လတ်တလော ဖြစ်ပွားလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ၎င်းတို့အစိုးရ၏ ဦးဆောင်မှုဖြင့် မကြာမီ အောင်မြင်စွာ ကာကွယ်တားဆီးနိုင်လိမ့်မည်ဟု တရုတ်အစိုးရအနေဖြင့် ယုံကြည်ကြောင်း၊ စင်စစ်အားဖြင့် တရုတ်နိုင်ငံသည် အကူအညီပေးအပ်ရန် အိန္ဒိယ၏ အစောဆုံး ကမ်းလှမ်းခြင်းခံရသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ခဲ့ကြောင်း သံအမတ်ကြီးက ဆက်လက် ပြောဆိုသည်။…  
တရုတ်နိုင်ငံအနေဖြင့် အသက်ရှုအကူစက် ၅-ထောင်ကျော်၊ အောက်ဆီဂျင်ထုတ် ဂျင်နရေတာ ၂၁,၅၆၉-လုံး၊ မျက်နှာဖုံး ၂၁.၄၈ သန်းကျော်နှင့် ဆေးဝါးတန်ချိန် ၃,၈၀၀ ခန့်ကို အိန္ဒိယသို့ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ကြာသပတေးနေ့ ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

(((CGTN., 01-May-2021,” China ramps up production of 40,000 units of oxygen generators for India: ambassador.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)))…  
#တရုတ်က_အိန္ဒိယသို့_ဆေးဝါးနှင့်ဆေးပစ္စည်းများ_ထောက်ပံ့

https://www.globaltimes.cn/page/202105/1222543.shtml
https://news.cgtn.com/news/2021-05-01/China-ramps-up-production-of-oxygen-generators-for-India-ZTT3WWTwre/index.html?fbclid=IwAR3WiRaa9oj71f4I770m2RucC9WoH8r_P7WvKem9emNFLLikHh5bS5dT4gY 

+1

Leave a Reply

Your email address will not be published.