အိန္ဒိယအင်အားချိနဲ့စေရန် မြန်မာပြည်တွင်း AA အကြမ်းဖက်ကို တရုတ်က ငွေကြေးနှင့် ခေတ်မီလက်နက်များ ထောက်ပံ့နေဟု အိန္ဒိယ မီဒီယာတို့ဖော်ပြ။ မြန်မာအပေါ် အိန္ဒိယလွှမ်းမိုးမှုမှ ဖယ်ရှားရန် ပြည်တွင်း လက်နက်ကိုင်အုပ်စုတို့ကို တရုတ်ထောက်ပံ့နေဟု နိုင်ငံတကာလေ့လာသူတို့ ပြောဆို

မြန်မာအစိုးရ၏ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် AA နှင့် မြန်မာပြည်တွင်းလက်နက်ကိုင်အုပ်စုများကို တရုတ်နိုင်ငံက ငွေကြေးနှင့် ခေတ်မီလက်နက်များ ထောက်ပံ့ပေးနေခြင်းဖြင့် မြန်မာအပေါ် အိန္ဒိယ၏ သြဇာလွှမ်းမိုးမှုမှ ဖယ်ထုတ်လျှက်ရှိသည်ဟု အိန္ဒိယအခြေစိုက် Times of India, Hindustan Times နှင့် Times Now News တို့က ယခုရက်ပိုင်းအတွင်း ဖော်ပြလျှက်ရှိသည်။

အရှေ့တောင်အာရှ စစ်ရေးအရင်းအမြစ်များအား လေ့လာလျှက်ရှိသည့် Licas News အဆိုအရ AA အကြမ်းဖက်အဖွဲ့အစည်း၏ အသုံးစရိတ် ၉၅ ရာခိုင်နှုန်းကို တရုတ်က ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း၊ AA ရရှိခဲ့သည့် ခေတ်မီလက်နက်များတွင် MANPADS ( ပုခုံးထမ်းလေကြောင်းကာကွယ်ရေးစံနစ် ) မြေပြင်မှ ဝေဟင်ပစ် ဒုံး ကျည် ၅၀ ခန့်လည်း ပါဝင်လျှက်ရှိသည်ဆို၏။

အိန္ဒိယ အရှေ့မြောက်အနီးမှ ချင်းနှင့်ရခိုင်ပြည်နယ်များကို ဖြတ်၍ အိန္ဒိယသမုဒ္ဒရာအထိ စြင်္ကန်ဧရိယာတစ်လျှောက်တွင် AA ကို တရုတ်က လက်နက်တပ်ဆင်ပေးခြင်းဖြင့် သံခင်းတမန်ခင်းအကြမ်းဖက်မှု သင်ခန်းစာ တစ်ရပ်အား တွေ့မြင်ရကြောင်း၊ ထိုနည်းလမ်းဖြင့် မြန်မာအပေါ် အိန္ဒိယ၏ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားပစ်ရန် တရုတ်က ရည်ရွယ်သည်ဟု Licas News က ဖော်ပြသည်။

တရုတ်၏ မဟာဗျူဟာမှာ ၎င်း၏နယ်စပ်မှ တောင်ဘက်သိ့ု သြဇာလွှမ်းမိုးရေး ချဲ့ထွင်ရန်ဖြစ်သည်ဟု သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြကြောင်း၊ တရုတ်အနေဖြင့် AA အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့ခြင်းဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ဒေသမှ မြန်မာနိုင်ငံအနောက်ပိုင်းသို့တိုင် ကျယ်ပြန့်စွာ တိုးချဲ့ ချုပ်ကိုင်ရေး မဟာဗျူဟာ ဖြစ်ကြောင်း သိရှိရသည်။

သြစတြေးလျနိုင်ငံမှ ပထဝီနိုင်ငံရေး ပညာရှင်တစ်ဦးကမူ တောင်အာရှဒေသ၌ တရုတ်သည် ဘက်စုံသုံး ကစားနည်းကို ခင်းကျင်းလျှက်ရှိကြောင်း၊ တရုတ်အနေဖြင့် အိန္ဒိယကို အင်အားချိနဲ့စေလိုကြောင်း၊ အိန္ဒိယမှာ ပါကစ္စတန်နှင့် တိုက်ခိုက်နေရပြီး၊ ( တရုတ်က ) မြန်မာ၏ ရန်သူအသစ်တစ်ဦး မဖြစ်လိုကြောင်း၊ သို့သော် မြန်မာအပေါ် အိန္ဒိယက လွှမ်းမိုးသည်ကို မနှစ်မြို့ပဲ တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုကြောင်း သုံးသပ်ပြောဆိုသည်။

( မြန်မာပြည်တွင်း ) အိန္ဒိယ၏ဆောက်လုပ်ရေးလုပ်ငန်းများကို ဆန့်ကျင်ရန် AA အပေါ် တရုတ်၏ အထောက်အပံ့များမှာ ထိရောက်ပုံရသည်။ ၂၀၁၇-ခုနှစ် ဇွန်လတွင် စတင်သည့် အိန္ဒိယအစိုးရ၏ အမေရိကန်ဒေါ်လာ သန်း ၂၂၀ တန် ( ကုလားတန် စီမံကိန်း ) မှာ မြန်မာအစိုးရ၏ နယ်မြေရှင်းလင်းရန်လိုအပ်ချက်ကြောင့် ၂၀၁၈-ခု ဇန်နဝါရီလတိုင်အောင် နှောင့်နှေးခဲ့ရသည်။ AA အကြမ်းဖက်အဖွဲ့သည် စီမံကိန်းမှ မော်တော်ယာဉ်နှင့် ဆောက်လုပ်ရေးပစ္စည်းများဖျက်ဆီးပစ်ခဲ့သည်။ မီးသတ်သမားများ၊ ပါလီမန်အမတ်များနှင့် အစိုးရအမှုထမ်းများကို ပြန်ပေးဆွဲရာတွင် အိန္ဒိယနိုင်ငံသားများလည်း ပါဝင်လာခဲ့သည်။

မကြာသေးမီက Subir Bhaumik ဆူဘီယာဘွားမစ် ရေးသားသော Eastern Link ဆောင်းပါး၌ တရုတ်က လွှဲပြောင်းပေးခဲ့သော လက်နက်များတွင် ချေမှုန်းရေး ရိုင်ဖယ်သေနတ် ၅၀၀၊ ဘက်စုံသုံးစက်သေနတ် ၃၀၊ ခဲယမ်းမီးကျောက် ၇၀,၀၀၀ နှင့် လက်ပစ်ဗုံးအမြောက်အများပါဝင်ကြောင်း ဖော်ပြထားသည်။ ဖေဖော်ဝါရီလတတိယပတ်၌ မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်စပ်ဆုံရာ ကမ်းရိုးတန်းနှင့် မနီးမဝေးတွင်ရှိသော Monakhali မိုနာခါလီဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းဖြင့် တင်ပို့ပေးခြင်းဖြစ်ကြောင်း၊ တရုတ်လုပ် FN-6 မြေပြင်မှ ဝေဟင်ပစ် ပုခုံထမ်းဒုံကျည် များလည်းပါဝင်ကြောင်း AA နှင့် နီးစပ်သော သတင်းရင်းမြစ်အရ သိရှိရသည်ဟု ရေးသားသည်။

ဒေသတွင်းရှိ သံတမန်တစ်ဦး ကပြောကြားရာတွင်မူ“ မြန်မာနိုင်ငံရှိ AA အကြမ်းဖက်အဖွဲ့ အပါအဝင် လက်နက်ကိုင်အုပ်စု (၇) စုတို့သည် တရုတ်ထံမှ လက်နက်နှင့် အထောက်အပံ့များရရှိခဲ့ကြောင်း၊ တရုတ်၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံကို ညံ့ဖျင်းသော လူသားချင်းစာနာမှုဆိုင်ရာ ချိန်စံညွှန်းများတွင် ချောင်ပိတ်မိလျှက် အနောက်အုပ်စုနှင့် ဝေးသည်ထက် ဝေးကွာသွားစေရန်ဖြစ်ကြောင်း” သုံးသပ်ပြောဆိုသည်။

AA အကြမ်းဖက်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် အင်အားအကြီးဆုံးသောင်းကျန်းသူအုပ်စုဖြစ်ပြီး အာရကန်ယူနိုက်တက်အဖွဲ့ချုပ် (ULA) နိုင်ငံရေးပါတီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မတ်လ ၂၃ ရက်နေ့တွင် မြန်မာအစိုးရသည် AA နှင့် ULA တို့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်သတ်မှတ်ပြီး အစိုးရနှင့် အရပ်ဘက် ပစ်မှတ်များအပေါ် တိုက်ခိုက်ခြင်းအားဖြင့်တိုင်းပြည်တည်ငြိမ်မှုကို အနှောက်အယှက်ဖြစ်စေသည့် “ မတရားအသင်း “ များဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ရဲကင်းစခန်း ၄ ခုကို တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး အများအပြားဒါဏ်ရာ ရရှိစေခြင်းမှာ အဆိုပါ လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း စွပ်စွဲခြင်းခံရသည်။ ရဲတပ်ဖွဲ့ဝင်အချို့မှာ ဒါဏ်ရာကြောင့် နောက်ပိုင်း၌ သေဆုံးသည်။

တရုတ်သည် ၎င်း တိုက်ခိုက်မှုကို ရှုတ်ချခြင်း မရှိသော်လည်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးမြှင့်ကျင်းပရေးအတွက် မြန်မာပြည်ရှိပါတီအားလုံးကို ထောက်ခံပြီး အကြမ်းဖက်တိုက်ခိုက်မှုပုံစံအားလုံးကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းပြောကြားခဲ့သည်။

တရုတ်သည် လက်နက်များကို အခမဲ့ပေးအပ်နေခြင်း မဟုတ်ပါ။ မြန်မာပြည်တွင်း အကြမ်းဖက်မှုများ ဖြစ်ပွားလာအောင် လှုံ့ဆော်ခြင်းမှ ဝင်ငွေရရှိသည်။ AA အကြမ်းဖက်အဖွဲ့သည် အရှေ့တောင်အာရှရှိ တရုတ်လက်နက်ဝယ်ယူသူများအနက် ထိပ်တန်းဖြစ်လာပြီး တရုတ်၏ ထိုင်းလက်နက်မှောင်ခိုဈေးကွက်တွင် ရှေ့တန်း ရောက်လာကြောင်း သတင်းရင်းမြစ်များက ညွှန်ပြနေသည်။

မြန်မာနိုင်ငံမှ ဘီဘီစီသတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ Bhaumik ဆူဘီယာဘွားမစ်၏ အဆိုအရ တရုတ်၏ ငွေကြေးနှင့် လက်နက်များ ဝင်ရောက်လာခြင်းအရှိန်အဟုန်ကြောင့် ရခိုင်ပြည်နယ်တွင် တပ်မတော် ဆန့်ကျင်ရေးစိတ်ဓာတ်များ အလျင်အမြန် မြင့်တက်တိုးပွားလာခဲ့ရသည်ဆို၏။

တရုတ်၏ မြန်မာအစိုးရကိုခြိမ်းခြောက်ရာ၌ တိုင်းရင်းသားလက်နက်ကိုင်များအား ထောက်ပံ့ပေးခြင်းကို အသုံးချပုံမှာ ဗြောင်ကျကျဖြစ်သည်။ တရုတ်ကျောထောက်နောက်ခံပြု ကြေးနီသတ္ထုတွင်းနှင့် ပတ်သက်၍ ဒေသခံများ ၏စိုးရိမ်ပူပန်မှုများကို မြန်မာအစိုးရဝန်ကြီးက ဖြေရှင်းရသည်။ တိုင်းရင်းသားလက်နက်ကိုင်များ အကြမ်းဖက်ခြင်းကို အထောက်အပံ့ပေးခြင်းဖြင့် တရုတ်က လက်တုန့်ပြန်ခဲ့လျှင် နိုင်ငံ၏ စီးပွားရေးတွင် ထိခိုက်စေလိမ့်မည်ကို စိုးရိမ်လျှက်ရှိပုံရကြောင်း ဆွီဒင်လူမျိုး သတင်းစာဆရာ Bertil Lintner ဘာတီးလင့်တနာက ရေးသားသည်။

(( ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနောက်တံခါးအရေးနှင့်ပတ်သက်၍ အသံထွက်လာသော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပယ်ပယ်နယ်နယ် ရေးသားလျှက်ရှိသော မြန်မာဘာသာ မီဒီယာများကို အုပ်စုခွဲ၍ ရနိုင်မည်ဖြစ်သည်။ လူမျိုးစွဲကြောင့်နှင့် မြန်မာနိုင်ငံအား ဆီးရီးယား- လစ်ဗျား- ယီမင်တို့လိုဖြစ်အောင် ကျုံးသွင်းလျှက်ရှိသူများအဖြစ် ပီပြင်ထင်ရှားလာသည်။

သို့သော် ငွေကြေးလာဘ်လာဘမရရှိပဲ ဘာတစ်ခုမှ မလုပ်နိုင်မည်မထင်ပါ။ ။ သတင်းဘာသာပြန်သူ ))

#မြန်မာပြည်တွင်း_အကြမ်းဖက်အုပ်စုကို_တရုတ်က_ငွေကြေးနှင့်_ခေတ်မီလက်နက်များ_ထောက်ပံ့နေ #မြန်မာအပေါ်_အိန္ဒိယလွှမ်းမိုးမှုမှ_ဖယ်ရှားရန်_တရုတ်က_ ပြည်တွင်းလက်နက်ကိုင်အုပ်စုတို့ကို_ထောက်ပံ့

https://timesofindia.indiatimes.com/world/china/china-supplying-weapons-to-arakan-army-armed-group-to-weaken-india-myanmar-report/articleshow/76741890.cms

https://www.hindustantimes.com/india-news/myanmar-calls-out-china-for-arming-terror-groups-asks-world-to-help/story-fzb8ADXt1VgS9ofZMMWdWO.html

https://www.timesnownews.com/international/article/myanmar-accuses-china-of-arming-terror-groups-seeks-international-help-to-suppress-them/615319

https://spotlight.licas.news/china-s-diplo-terrorism-in-myanmar/index.html

((( Times of India., July 02, 2020, “China supplying weapons to Arakan Army armed group to weaken India, Myanmar: Report.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

0

Leave a Reply

Your email address will not be published.