ကူးစက်ကပ်ရောဂါ ဖြစ်ပွားလျှက်ရှိသော အိန္ဒိယနိုင်ငံ၏ အစိုးရက နိုင်ငံအတွင်း ထုတ်လုပ်လျှက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး AstraZeneca ကို လပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ပြည်ပတင်ပို့ခြင်း မပြုရန် တားဆီးလိုက်ကြောင်း အိန္ဒိယ ဆေးဝါးထုတ်လုပ်ရေး ဆီရမ်ကုမ္ပဏီ၏ အမှု့ဆောင်အရာရှိချုပ်က ပြောဆိုသည်ဟု ကနေဒါ အခြေစိုက် The Globe and Mails မီဒီယာက ယနေ့ ယနေ့ ရေးသားသည်။
..
အိန္ဒိယနိုင်ငံသည် အောက်စ်ဖို့တက္ကသိုလ်၏ AstraZeneca ကို Covid-19 ရောဂါကာကွယ်ဆေးအဖြစ် မကြာသေးမီက အသိအမှတ်ပြုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသဆေးနှင့် ကာကွယ်ဆေးများကို လိုင်စင်ရယူ၍ ပြည်တွင်း၌ အမြောက်အများ ထုတ်လုပ်ရန် ကြိုးစားနေသည့် တိုင်းပြည်တစ်ခုဖြစ်သည်။
..
ယနေ့နံနက်ပိုင်း worldometer အရ အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူပေါင်း ၁၀-သန်း ကျော် ( ၁၀,၃၄၁,၂၉၁-ဦး) ဖြင့် နိုင်ငံတကာတွင် အမေရိကန်ပြီးလျှင် အဆင့် ၂ နေရာ၌ တည်ရှိနေပြီး ကာကွယ်ဆေးသာမက ကုသဆေးပါ အသည်းအသန်လိုအပ်လျှက်ရှိသော တိုင်းပြည်ဖြစ်နေသည်။ အသက်ဆုံးရံှုးရသူများလည်း လူ ၁-သိန်းခွဲနီးပါး ( ၁၄၉,၆၈၆-ဦး ) ရှိပြီဖြစ်သည်။
..
ချမ်းသာသောနိုင်ငံကြီးများက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရန် အရန်အဖြစ် ဆေးပမာဏ မြောက်များစွာ စုဆောင်း သိုလှောင်နေချိန်တွင် ဆေးဝါးအလုံးအရင်းကို ထုတ်လုပ်နိုင်သည့် အိန္ဒိယနိုင်ငံက ယခုကဲ့သို့ တားဆီးခြင်းဖြစ်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
..
..
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
..
..
https://www.theglobeandmail.com/world/article-india-bars-astrazeneca-from-exporting-covid-19-vaccines-for-several/?fbclid=IwAR206p-Jqd2uNEC0VzXh0F8mWPq1-7uQvaW5wBc2pxYoxdcockRkJxk31BI