အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်က ဥပဒေကြောင်းအာမခံချက် ပေးပြီးသည့်တိုင် နယူးဒေလီ ၃-နေရာ၌ မငြိမ်မသက်မှုများဖြစ်ပွားခဲ့။ အမေရိကန်သမ္မတရောက်ရှိနေခိုက် ဘာသာရေးဆန်သော အဓိကရုန်းနှင့် တင်းမာမှုများ ၅-ရက် ဆက်တိုက်ဖြစ်ပွား

အိန္ဒိယနိုင်ငံ နယူးဒေလီ၏ နေရာ ၃- နေရာတွင် မီးရှို့ဖျက်ဆီးမှု၊ မငြိမ်သက်မှုသတင်းများဆက်လက် ထွက်ပေါ် ခဲ့ကြောင်း၊ မြို့တော်၏ အဓိကရုန်းဘေးဒါဏ်သင့် နယ်မြေများသို့ အိန္ဒိယအမျိုးသားလုံခြုံ ရေးအကြံပေးပုဂ္ဂိုလ် အာဂျစ်ဒိုဗဲလ် ကိုယ်တိုင် ကွင်းဆင်းကြည့်ရှု့၍ အစိုးရက ငြိမ်ဝပ်ပိပြားရေးပြန်လည်ဆောင် ကျဉ်းပေးမည် ဖြစ် ကြောင်း ပုဂ္ဂလိက အာမခံချက်ပေးခဲ့ပြီးနောက်ပိုင်း နာရီအနည်းငယ်အကြာ၌ဖြစ်သည်ဟု အိန္ဒိယ NDTV က ယနေ့ရေးသားသည်။

နိုင်ငံသာားဥပဒေသစ်ကို အကြောင်းပြုလျှက် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှစတင်ကာ ၅-ရက်ဆက်တိုက် ရုန်းရင်း ဆန်ခတ်မှုများတွင် အနည်းဆုံး ၃၅-ဦး အသက်ဆုံးရှုံး၍ လူ ၂၀၀ ကျော်ဒါဏ်ရာရရှိခဲ့ရသည်။ ဒေလီရဲတပ်ဖွဲ့က မူ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားစဉ် အကြမ်းဖက်မှုများနှင့်ဆက်နွယ်သူ ၁၃၀-ဦးကိုဖမ်းဆီး၍ လူ ၄၈-ဦးကို အမှု့ဖွင့် စုံစမ်းလျှက်ရှိပြီး အခြေအနေအရပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောဆိုသည်။

နိုင်ငံသားဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲများသည် အိန္ဒိယသို့ အမေရိကန်သမ္မတ ရောက်ရှိချိန် တနင်္လာ-အင်္ဂါနေ့များတွင် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကန့်ကွက်-ထောက်ခံအုပ်စုနှစ်ဖက်အကြား အဓိကရုန်းများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အား အသေးစိတ်စုံစမ်းစစ်ဆေးပြီးနောက် လက်နက်ကိုင်အကြမ်းဖက်ရာ၌ ပါဝင်သူများ သည် WhatsApp အွန်လိုင်းပလက်ဖောင်း၏ Encrypted သတင်းများ ပေး-ယူပြုလုပ်၍ လူစုဝေးခြင်း-တိုက်ခိုက် ကြမည့် နေရာအမျိုးမျိုးတို့ကို ညွှန်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဒေလီရဲတပ်ဖွဲ့က ယနေ့ပြောဆိုသည်။

 ယနေ့ နယူးဒေလီ အရှေ့မြောက်ပိုင်းတွင် ဆူပူသူများသည် လူစုလူဝေးမပြုလုပ်ရန် ရဲတပ်ဖွဲ့၏ တားမြစ်မိန့်များ ကို ဖီဆန်ကာ သံဒုတ်- သံချောင်းနှင့် သေနတ်တို့ကို ကိုင်ဆောင်လှည့်လည်လျှက်ရှိကြောင်း သတင်းများထွက် ပေါ်သည်။ မီးတင်ရှို့ခြင်း- နေထိုင်သူများအား ခြိမ်းခြောက်ခြင်း၊ လက်သရမ်းဖျက်ဆီးခြင်းများ ဆက်တိုက်ဖြစ် ပွားခဲ့သည်ဆို၏။ ဒေလီရဲတပ်ဖွဲ့သည် အကြမ်းဖက်မှုများဖြစ်ပွားနေစဉ် တစ်စုံတစ်ရာကာကွယ်တားဆီးခြင်း မရှိကြောင်း၊ ဆူပူမှုဖြစ်ပွားစေရန် လှုံဆော်ခဲ့သည့် အာဏာရ BJP ပါတီခေါင်းဆောင်များအား အမှု့ဖွင့် တရားစွဲ ဆိုရန် ပျက်ကွက်လျှက်ရှိသည်ဟု ပြင်းထန်စွာ ဝေဖန်ခြင်းခံရသည်။

 နိုင်ငံသားဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြသည့် မိန်းမအများစုပါဝင်သော မွတ်စလင်များအား ဟိန္ဒူဆူပူသူများ က တားဆီးဆန့်ကျင်ရာမှ ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ဘာသာရေးအဓိကရုန်းများဖြစ်ပွားခဲ့သည်ဟု Guardian က ယမန်နေ့ရေးသားသည်။ နယူဒေလီအရှေ့မြောက်ပိုင်းတွင် မွတ်စလင်များ နေအိမ်မှ ထွက်ပြေးကြ ရပြီး ဟိန္ဒူဆူပူသူများက မော်တော်ယာဉ်နှင့် အဆောက်အအုံများအား မီးတင်ရှို့၍ ဗလီများကို ဖျက်ဆီးကြောင်း သတင်းဖော်ပြသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားသည် အဓိကရုန်းများအား တားဆီးရန် တာဝန် ပေါ့လျှော့ခဲ့ပြီး အထူးသဖြင့် အရှေ့မြောက်နယ်မြေ BJP ပါတီခေါင်းဆောင် Kapil Mishra ကပီမစ်ရှရာ၏ ပြင်းထန်သော မိန့်ခွန်းများနှင့် ရာဇသံများကြောင့် နောက်ဆက်တွဲ ဆိုးရွားသော အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ရသည်ဟု New York Times က ယနေ့ ရေးသားသည်။

ဇာတ်မြင့်ဟိန္ဒိူနိုင်ငံရေးမိသားစုမှ ဆင်းသက်သည့် ကပီမစ်ရှရာသည် မကြာသေးမီက MLA ခေါ် ဒေလီဥပဒေ ပြုညီလာခံ ရွေးကောက်ပွဲတွင် ပူပူနွေးနွေး မဲရှုံးထားသူဖြစ်သည်။ ယခင်က AAP ပါတီဝင်ဖြစ်ခဲ့သော မစ်ရှရာ သည် ၂၀၁၉-ခုနှစ်တွင် လက်ရှိအာဏာရ BJP ပါတီသို့ ကူးပြောင်းခဲ့ပြီးနောက် တက်ကြွသော နိုင်ငံရေး ခေါင်းဆောင်ဖြစ်လာသည်။ ၎င်းသည် Amnesty International ( AI ) ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နှင့် Green Peace ခေါ် မြစိမ်းရောင် သဘာပတ်ဝန်းကျင်းထိန်းသိမ်းရေးအဖွဲ့တွင် အလုပ်လုပ်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။ ကပီမစ်ရှရာသည် လမ်းပိတ်ဆို့ဆန္ဒပြလျှက်ရှိသော နိုင်ငံသားဥပဒေသစ် ဆန့်ကျင်သူ များကို ရဲတပ်ဖွဲ့က အချိန်မီ ရှင်းလင်းခြင်းမပြုလျှင် မိမိတို့ ဟိန္ဒူအမျိုးသာရေးဝါဒီတို့ဖာသာ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ရာဇသံပေး၍ ခက်ထန်သော မိန့်ခွန်းများ ဟောပြောခဲ့သည်။

နာရီအနည်းငယ်အကြာတွင် ဟိန္ဒူနှင့် မွတ်စလင်တို့အကြား အကြမ်းဖက်မှုများဖြစ်ပေါ်လာရသည်။ အုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက် အုတ် ခဲ-ကျောက်တုံးများဖြင့် ပစ်ပေါက်ကြပြီး ဒုတ်-ဒါးများကိုင်ဆောင်လျှက် ပြင်းထန်စွာ တိုက်ခိုက်ခြင်း၊ ဈေးဆိုင်များအား မီးတင်ရှို့ခြင်းတို့ပြုလုပ်ခဲ့ကြသည်။  

အဓိကရုန်းများအတွင် သေဆုံး-ဒါဏ်ရာရသူများမှာ သေနတ်ကျည်နှင့် ကျောက်ခဲထိမှန်ခြင်း၊ ပြတ်ရှ-ထိုးသွင်း ဒါးဒါဏ်ရာရရှိသူများဖြစ်ကြောင်း ဆေးရုံနှင့် ဆေးဝါးကုသရေးဆိုင်ရာတို့က ပြောဆိုသည်။

((( NDTV., February 27, 2020, “Unrest Again In Delhi, 27 Killed In Clashes Since Sunday: 10 Updates.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ် အကြောင်းအရာများမှာ ပေးထာပါ Links များမှ ရယူသည်။ )))

#နယူးဒေလီဘာသာရေးအကြမ်းဖက်အဓိကရုန်း #ဒေါ်နယ်ထရမ့်နှင့်အိန္ဒိယနိုင်ငံသားဥပဒေသစ်ကန့်ကွက်ဆန္ဒပြ

https://www.ndtv.com/india-news/pm-narendra-modi-tweets-appeal-to-my-sisters-and-brothers-of-delhi-to-maintain-peace-and-brotherhood-2185982?pfrom=home-topscroll

https://timesofindia.indiatimes.com/city/delhi/toll-soars-to-27-even-as-violence-ebbs/articleshow/74326757.cms

0

Leave a Reply

Your email address will not be published.