အိန္ဒိယအနောက်ပိုင်းဆေးရုံ၌ ဗိုင်းရပ်စ်လူနာများ ပြည့်နှက်နေစဉ် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူနာ ၂၂-ဦးထက်မနည်း သေဆုံး၊ ရောဂါဖြစ်ပွားမှုနှုန်း တရှိန်ထိုးမြင့်တက်၍ အောက်ဆီဂျင်ပေးရသည့် လူနာများပြားလာ။ အခြေအနေအလွန်ဆိုးရွားသဖြင့် အောက်စီဂျင်လှောင်ကန်များကို လူအချို့က လုယက်ရန် ကြိုးစား


အိန္ဒိယနိုင်ငံတစ်ဝှန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှုန်း တရှိန်ထိုးမြင့်တက်၍ အောက်ဆီဂျင်ပေးထားရသည့် အသည်းအသန်လူနာများပြားလျှက်ရှိစဉ် ဗုဒ္ဓဟူးနေ့ နိုင်ငံ့အနောက်ပိုင်းဆေးရုံတစ်ခု၌ ဓါတ်ငွေ့ယိုစိမ့်၍ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် လူနာ ၂၂-ဦးထက်မနည်း သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးက ပြောဆိုသည်ဟု Reuters က ယမန်နေ့ ရေးသားသည်။…   
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားလျှက်ရှိသည့် #မဟာရဋ္ဌပြည်နယ် နာရှစ်ဆေးရုံ၌ ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားကြောင်း၊ သေဆုံးသွားရသည့် လူနာများမှာ #အသက်ရှူအကူစက် #Ventilators ပေးထားရသည့် လူနာများဖြစ်ကြောင်း၊ လှောင်ကန်တွင် ဓါတ်ငွေ့ယိုစိမ့်၍ လူနာများအား ပို့လွှတ်ကုသပေးနေရသည့် အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးကြရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးဖြစ်သည့် အိန္ဒိယတွင် ဗုဒ္ဓဟူးနေ့၌ ကူးစက်ခံရသူ ၃-သိန်းနီးပါး (၂၉၅,၀၄၁-ဦး) ထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံတကာတွင် အများဆုံး အရေအတွက်ဖြစ်ပြီး ဆေးရုံများ၏ ကုသပြု စုမှု တွင် အကြားအလပ် ဖြစ်ခဲ့ရ ကြောင်း ကျန်းမာရေးဝန်ကြီးက ရုပ်သံမှတဆင့် ရှင်းလင်းပြောဆိုသည်။…  
တစ်ရက်အတွင်း ကူးစက်မှုအများဆုံးဖြစ်ခဲ့သည့် အမေရိကန်ပင်လျှင် ဇန်နဝါရီလ၌ ၂၄-နာရီအတွင်း ၂၉၇,၄၃၀ -ဦးတွေ့ရှိခဲ့ပြီး ထို့နောက်ပိုင်း ဖြစ်ပွားမှု သိသာစွာ ကျဆင်းခဲ့သည်။ အိန္ဒိယ၏ ၁-ရက်အတွင်း ၂,၀၂၃-ဦး သေဆုံးခြင်းမှာ ကူးစက်ကပ်ရောဂါကာလတစ်လျှောက် အများဆုံးဖြစ်သည်။…  
အင်္ဂါနေ့တွင် မြို့တော်ဒေလီရှိဆေးရုံများ၌ ၈ နာရီမှ ၂၄ နာရီအတွက်သာ အောက်စီဂျင်လုံလောက်မှု ရှိတော့ပြီး ပုဂ္ဂလိကအဖွဲ့အစည်းများပိုင် ဆေးရုံတို့တွင် လေးငါးနာရီစာသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။…  
အခြေအနေအလွန်ဆိုးရွားသဖြင့် အောက်စီဂျင်လှောင်ကန်များကို လူအချို့က လုယက်ရန် ကြိုးစားသည့်အတွက် အာဏာပိုင်များက ပြည်နယ်အချို့တွင် လုံခြုံရေးတိုးမြှင့ ်ချထားပေးနေရသည်ဆို၏။…   
ရုပ်သံသတင်းများတွင်လည်း အောက်ဆီဂျင်ဖြည့်နေရာများ၌ ဆေးရုံတင် ဆွေမျိုးသားချင်းတို့၏ အသက်ကို ကယ်ဆယ်ရန် ဓါတ်ငွေ့ဆလင်ဒါအလွတ်ကြီးများဖြင့် ကြိတ်ကြိတ်တိုးနေသူများကို မြင်နေရသည်။ ယမန်နေ့တွင် ဋ္ဌာနအချို့၌ ထုတ်လုပ်သမျှ အားလုံး ကုန်ခမ်းသွားခဲ့ပြီး အနည်းငယ်ပေးနိုင်သည့် နေရာအချို့သာ ရှိကြောင်း ရာဂျစ်ဂန္ဓီ_ကင်ဆာအင်စတီကျုဒ်နှင့် သုတေသနဋ္ဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။…  
မြောက်ပိုင်း လခ်နောင်းမြို့တွင် လူနာအတွက်အောက်ဆီဂျင်ရရှိရေးကို လူနာရှင်ကိုယ်တိုင် စီစဉ်ပေးရန်နှင့် ထိုသို့မဟုတ်လျှင် လူနာကို ပြန်ခေါ်သွားရန် ပြောဆိုသည်အထိ ဖြစ်ခဲ့သည်။…  
လူ ဦးရေသန်း ၂၀ ရှိသောမြို့တော်ဒေလီတွင်  အင်္ဂါနေ့ တစ်ရက်တည်း၌ ကူးစက်ခံရသူ ၃-သောင်းနီးပါး (၂၈,၃၉၅-ဦး) ထပ်မံတွေ့ရှိပြီး သေဆုံးသူ ၂၇၇ ရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးမှု ခံယူသူ ၃-ဦးလျှင် ၁-ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိကြောင်း တွေ့ရှိသည်။…   
ဒေလီရှိ ဆေးရုံပေါင်း ၁၄၂ ခု အနက် ၈၀ ခန့်တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသော လူနာများအတွက် ကုတင် မရှိတော့ကြောင်း အစိုးရစာရင်းများအရသိရသည်။…  
အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်က ကျန်းမာရေးစနစ်ကိုလွှမ်းမိုးနေသော မုန်တိုင်းကို ရင်ဆိုင်နေကြရပြီး အာဏာပိုင်များအနေဖြင့် အောက်စီဂျင်ကို ပြည်နယ်များနှင့် ပုဂ္ဂလိကကုမ္ပဏီများသို့ အမြန်ဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း #ဝန်ကြီးချုပ်_နာရင်ဒြာ_မိုဒီက ယမန်နေ့ ပြောဆိုသည်။…   
အိန္ဒိယနိုင်ငံ၏ အခြားကြီးမားသောအစိတ်အပိုင်းနည်းတူဖြစ်သည့် ဒေလီမြို့တွင် မင်္ဂလာဆောင်ပွဲများနှင့် ဘာသာရေးပွဲတော်များကဲ့သို့သော (လူအမြောက်အများ စုဝေးသည့် ) ပွဲလမ်းသဘင်ကြီးများကို ကျင်းပခွင့် ပြုခြင်းသည် ဗိုင်းရပ်စ်ရောဂါကို ထိန်းချုပ်ခြင်းနှင့် ဆက်စပ်ပုံ သတိထားကြပြီး (ထိန်းချုပ်နိုင်လျှင်) လာမည့် ဆောင်းရာသီ၌ ကူးစက်မှု  ၁,၀၀၀ အောက်သို့တိုင် ကျဆင်းသွားစေနိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူများ က ခန့့်မှန်းတွက်ချက်ထားသည်။

(((Reuters., 21 Apr 2021,” Oxygen leak kills 22 in Indian hospital as coronavirus infections mount.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အိန္ဒိယဆေးရုံဓါတ်ငွေ့ယိုစိမ့်မှု_အောက်ဆီဂျင်ပေးနေရသည့်လူနာ၂၂-ဦးထက်မနည်း_သေဆုံး

https://bdnews24.com/neighbours/2021/04/21/oxygen-leak-kills-22-in-indian-hospital-as-coronavirus-infections-mount 

Leave a Reply

Your email address will not be published.