အိန္ဒိယအရှေ့မြောက် မီဇိုရမ်ပြည်နယ်အစပ်တွင် မြန်မာနိုင်ငံမှ လူ ၁၅,၀၀၀ ကျော် ခိုလှုံလျှက် ရှိ။ ဧပြီလတွင် လွှတ်တော်အမတ်များအပါအဝင် ၁,၈၀၀ ခန့် ရှိရာမှ တစ်နေ့ပြီးတစ်နေ့ တိုးပွား။ ဆွေမျိုးသား ချင်းနေအိမ်များတွင် ခိုလှုံနေ၍ အရေအတွက် သိရှိရန်ခက်ခဲဟု ဆို၊ အချို့တွင် ကိုဗစ်ဗိုင်းရပ်စ်ကူးစက်နေ


အိန္ဒိယနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံရန် ကြိုးစားနေသည့် မြန်မာနိုင်ငံမှ လူဦးရေမှာ ၁၅,၀၀၀ ကျော်အထိ မြင့်တက်လျှက်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသများတွင် တိုက်ပွဲများ ပြင်းထန်လာသည်နှင့် အမျှ နောက်ထပ်လည်း နယ်စပ်ဖြတ်ကျော်မှု များပြားလာမည့်ပုံရကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောဆိုသည်ဟု Reuters က ယနေ့ ရေးသားသည်။

…  
အိန္ဒိယနိုင်ငံအရှေ့မြောက်မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့ ထိစပ်လျှက်ရှိသည့် တောတောင်ထူထပ်သော နယ်မြေလေးသို့ စုပြုံဝင်ရောက်လာကြခြင်းမှာ ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းမှုကို ဆန့်ကျင်လျှက် စစ်အစိုးရထံမှ အမိန့်များကို မလိုက်နာလိုသည့် ရဲတပ်ဖွဲ့ဝင်များ၏ ထွက်ပြေးတိမ်းရှောင်ခြင်းဖြင့် စတင်ခဲ့သည်။

…  
ဧပြီလတွင် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံမှ ၁,၈၀၀-ဦး ခန့် နယ်စပ်ဖြတ်ကျော်လာကြ ခြင်းဖြစ်သော်လည်း မကြာသေးမီက လူပေါင်း ၁၅,၄၀၀ ကျော်အထိ တိုးမြင့်လာခဲ့ကြောင်း၊ လူအရေအတွက်မှာ တစ်နေ့ပြီး တစ်နေ့ တိုးပွားလာနေကြောင်း၊ မြန်မာပြည်မှ လူအများအပြားမှာ ၎င်းတို့၏ ဆွေမျိုးများ၏နေအိမ်များသို့ ရောက်ရှိနေကြသည့်အတွက် အရေအတွက်ကို ခြေရာခံရန်ခက်ခဲလျှက်ရှိသည်ဟု မီဇိုရမ်ပြည်နယ် စီမံကိန်းဘုတ်အဖွဲ့ဒုတိယ ဥက္ကဋ္ဌက Reuters ၏ မေးမြန်းချက်ကို တယ်လီဖုန်းဖြင့် ဖြေကြားသည်။

…  
အိန္ဒိယ မီဇိုရမ်ပြည်နယ်နှင့် မြန်မာပြည်အချို့ဒေသများတွင် နေထိုင်သူတို့သည် အစုအဖွဲ့အတွင်း နီးစပ်သော မျိုးနွယ်ဆက်စပ်မှု ရှိကြပြီး ကျယ်ပြန့်လာသော မိသားစုများမှာ နှစ်နိုင်ငံဘက်စလုံးတွင် မကြာခဏ နယ်စပ်ဖြတ်ကျော်လေ့ရှိသည်။

…  
မီဇိုရမ်၏မြို့တော် အိုက်ဇောလ်တွင် မြန်မာနိုင်ငံမှ လူဦးရေ ၆,၀၀၀ ခန့်ရှိနေပြီး အခြားသူများမှာလည်း ခရိုင် ၅-ခု တွင်လည်း ပျံ့နှံလျှက်ရှိသည်။

…  
မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ဒေသခံများနှင့် အင်ဂျီအိုများက ဂရုစိုက်စောင့်ရှောက်လျှက်ရှိသော်လည်း ပြည်နယ်အစိုးရအနေဖြင့် ဖက်ဒရယ်အာဏာပိုင်များထံမှ အကူအညီကို ရှာဖွေလျှက်ရှိကြောင်း၊ ဆေးဝါးအကူအညီနှင့် ရိက္ခာမှာ ၎င်းတို့အတွက် အလွန်အရေးကြီးပြီး ဝင်ရောက်လာသူ အချို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း 

…  
မီဇိုရမ်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံအနောက်မြောက်ဘက် ချင်းပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ  အိန္ဒိယနိုင်ငံ၌ ခိုလှုံလိုသူအရေအတွက်မှာလည်း တိုးပွားလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဒုတိယ ဥက္ကဋ္ဌက ရှင်းပြသည်။

အိန္ဒိယနယ်စပ်မှ မိုင် ၆၀ ခန့်အကွာရှိ မြန်မာတောင်ပေါ်မြို့ မင်းတပ်တွင် တိုက်ပွဲအချို့ဖြစ်ပွားခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရအား လက်နက်ကိုင်ဆန့်ကျင်မှုတွင် အပြင်းထန်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။

…  
ထိုအချိန်မှစ၍ ထောင်နှင့်ချီသောသူတို့သည် မြို့မှ ထွက်ပြေးခဲ့ကြရသည်။ (အလားတူပင်) မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ထောင်နှင့်ချီသောရွာသူရွာသားများမှာ တိုက်ပွဲများမှ လွတ်ကင်းရာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

#အိန္ဒိယအရှေ့မြောက်_မီဇိုရမ်ပြည်နယ်အစပ် #မြန်မာနိုင်ငံမှ_ လွှတ်တော်အမတ်များအပါအဝင်_ခိုလှုံလျှက်ရှိ #မြန်မာမှဝင်လာသူများ_ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နေ

(((Reuters., May 18th, 2021,” Over 15,000 people from Myanmar shelter in Indian border.”ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/south-east-asia/2021/05/18/over-15-000-people-from-myanmar-shelter-in-indian-border

+1

Leave a Reply

Your email address will not be published.