အိန္ဒိယလေတပ်မတော်က မြန်မာနိုင်ငံသား ၂-ဦးကိုဝူဟန်မှ ပြန်လည်ဆောင်ခေါ်ဆောင်ပေးခြင်းဖြင့် ကူညီ

အိန္ဒိယလေတပ်မတော်သည် တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တားဆီးပိတ်ဆို့ထားသော ဝူဟန်မြို့မှ မြန်မာနိုင်ငံသား ကျောင်းသူ ၁-ဦးနှင့် ကျောင်းသား ၁-ဦးကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားတို့အတွက် လိုအပ်သော အကူအညီများ ပေးအပ်ခဲ့ကြောင်းနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးတွင် လိုအပ်သည့်အချိန်၌ အကူအညီပေးရန် အမြဲအသင့်ရှိနေသော အိန္ဒိယနိုင်ငံ၏ အရေးပါသည့် ဆောင်ရွက်မှုတစ်ရပ်ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် အိန္ဒိယနိုင်ငံသံရုံးက ၎င်း၏ တရားဝင် Twitter စာမျက်နှာ၌ ယနေ့ ဖော်ပြသည်။

 ဗိုင်းရပ်စ်စွဲ ဖျားနာ-သေဆုံးမှုများဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဝူဟန်မြိ့တွင် ပိတ်မိနေသော နိုင်ငံအတော်များများက ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူရာပေးခဲ့သော်လည်း နိုင်ငံအချို့က ငြင်းပယ်ခဲ့ကြသည်။ ပါကစ္စတန်သည် ထောင်နှင့်ချီသော ၎င်းနိုင်ငံသားများအားပြန်လည်ခေါ်ယူရန် ငြင်းဆန်လျှက်ရှိခြင်းကြောင့် ဝူဟန် မြို့တွင် ပညာသင်ယူနေသည့် ၎င်းနိုင်ငံသားကျောင်းသား-ကျောင်းသူအများစုမှာ စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်ရလျှက်ရှိသည်ဟု DW က ဖေဖော်ဝါရီ ၅-ရက်နေ့တွင် ရေးသားသည်။

 မြန်မာနိုင်ငံသည် ဝူဟန်မြို့တွင် သောင်တင်လျှက်ရှိသည့် နိုင်ငံသား ကျောင်းသား-ကျောင်းသူ ၅၉-ဦးကို ဖေဖော်ဝါရီ ၂- ရက်နေ့တွင် ပြန်လည်ခေါ်ယူခဲ့သည်။ မြန်မာကျောင်းသား-ကျောင်းသူတို့ကလည်း လိုအပ်သော ကျန်းမာရေးဆိုင်ရာ ဥပဒေလုပ်ထုံးများနှင့်အညီ ဒေသန္တရာအာဏာပိုင်တို့၏ အစီအစဉ်များအတိုင်း ကြေနပ်စွာ ပူးပေါင်းကူညီခဲ့ကြသဖြင့် ယခုအခါ ၎င်းတို့နေအိမ်အသီးသီးတွင် မိသားစုများနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လည် နေထိုင်နိုင်ကြပြီဖြစ်သည်။

အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်သည် မြန်မာထက် ၁-ရက်စောကာ ဖေဖော်ဝါရီ ၁-ရက်နေ့တွင် ဝူဟန်ရောက် ၎င်းတို့ နိုင်ငံသားများကို ပြန်လည်ခေါ်ယူခဲ့ကြောင်း တွေ့ရှိရသည်။ ဖေဖော်ဝါရီ ၁-ရက်နေ့တွင် အိန္ဒိယသည် ၎င်းနိုင်ငံသား ၃၂၄-ဦး၊ ၂-ရက်နေ့တွင် ၃၂၃-ဦးကို Air India အထူးလေယာဉ်ဖြင့် ကယ်ထုတ်ခဲ့ရာ မော်လဒိုက်နိုင်ငံသား ၁၀-ဦးပါဝင်ခဲ့သည်။

အရေးပေါ်အခြေအနေတွင် နိုင်ငံတော်ကာကွယ်ရေးစည်း၏ ဒုတိယတန်းအဖြစ် တာဝန်ထမ်းဆောင်သည့် အိန္ဒိယ လေကြောင်းလိုင်း Air India သည် ၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲကာလ ကူဝိတ်မှ ၎င်းနိုင်ငံသား ၄၈၈-ဦးကို ကယ်ဆယ်ခဲ့သည်။

အလားတူ ဂျော်ဒန်-ယီမင်နှင့် အီဂျစ်မှ၎င်း၊ ၂၀၁၅-ခုနှစ် နီပေါငလျင်တွင် ပိတ်မိနေသည့် ၎င်းနိုင်ငံသားများကို ကယ်ထုတ်ပေးခဲ့ဖူးသည်။

အစဉ်လေးစားစွာဖြင့်

 #HtayOung, #OungMarine

https://twitter.com/IndiainMyanmar/status/1232883895760146434/photo/1

https://www.dw.com/en/pakistan-refuses-to-evacuate-students-from-wuhan/a-52265824 https://www.irrawaddy.com/news/asia/india-bangladesh-consider-evacuating-citizens-chinas-wuhan.html

https://www.theweek.in/news/india/2020/02/02/coronavirus-maldivian-fm-thanks-india-for-evacuating-their-citizens-from-wuhan.html

https://www.bbc.com/news/world-asia-china-51312378

https://www.straitstimes.com/multimedia/photos/in-pictures-countries-evacuate-citizens-from-wuhan-after-coronavirus-lockdown

အိန္ဒိယလေတပ်မတော်က မြန်မာနိုင်ငံသား ၂-ဦးကိုဝူဟန်မှ ပြန်လည်ဆောင်ခေါ်ဆောင်

0

Leave a Reply

Your email address will not be published.