အိန္ဒိယမြောက်ပိုင်းနယ်စပ်တွင် တရုတ်က စစ်ဘက်တပ်ဖွဲ့ဝင် ၆-သောင်းကျော် ဖြန့်ချထားဟု အမေရိကန်ပြော။ တရုတ်၏ ရန်လိုသော အပြုအမူမှာ ဆယ်စုနှစ်ချီ အိပ်ပျော်နေသော ကွဒ်အုပ်စု နိုင်ငံများအား ခြိမ်းခြောက်ဟု ဆို။

  
လွန်ခဲ့သည့် အင်္ဂါနေ့၌ အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာအား တွေ့ဆုံစဉ် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းနယ်စပ်၌ တပ်ဖွဲ့ဝင်အင်အား ၆၀,၀၀၀ ကျော်ကို ဖြန့်ချထားလျှက်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက  အသိပေးလိုက်ကြောင်း၊ အင်ဒိုပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လုံခြုံရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ကြိုးစားလျှက်ရှိသော အမေရိကန်သည် အိန္ဒိယဝန်ကြီးနှင့် တွေ့ဆုံရသဖြင့် အကျိုးရှိကြောင်း ပွန်ပေယိုက ပြောဆိုသည်။ နိုင်ငံခြားရေးဝန်ကြီးများသည် ဂျပန်နိုင်ငံ တိုကျို မြို့တွင် ရောက်ရှိနေကြခြင်းဖြစ်ကြောင်း NDTV News က ယမန်နေ့ရေးသားသည်။

  
အိန္ဒိယနိုင်ငံမြောက်ပိုင်း နှစ်နိုင်ငံအမှန်တကယ်ထိန်းချုပ်မျဉ်း LOC တစ်လျှောက် ယခုကဲ့သို့ တရုတ်က လက်နက်ကိုင်တပ်အင်အား ချထားလာခြင်းမှာ Quadrilateral group ခေါ် ကွဒ်အုပ်စုနိုင်ငံများအား ခြိမ်းခြောက်ရာ ရောက်သည်ဟု အမေရိကန်က ရှုမြင်ကြောင်း ပွန်ပေယိုက ပြောဆိုသည်။ 

  
Quadrilateral group “ လေးပွင့်ဆိုင်အုပ်စု “သို့မဟုတ် Quad “ ကွဒ်နိုင်ငံများအုပ်စု “ သည် အမေရိကန်၊ ဂျ ပန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့၏ ကုန်သွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရသူများပါဝင်သော အလွတ်သဘောအုပ်စုဖြစ်သည်။ ၁၉၈၁ ခုနှစ်၊ ဇူလိုင်လ ၇ ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးကျင်းပစဉ် သီးသန်ဆွေးနွေးပွဲ၌ စတင်ဖွဲ့စည်းခဲ့သည်။ အင်ဒိုပစိဖိတ်ဒေသ၏ ကွဒ်အုပ်စုတွင် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတေးလျတို့ ပါဝင်သည်။ အင်္ဂါနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကွဒ်အုပ်စုနိုင်ငံများ ဆွေးနွေးပွဲကျင်းပခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကျရောက်လျှက်ရှိသော ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် လူပုဂ္ဂိုလ်ချင်း တွေ့ဆုံပွဲဖြစ်သည်ဆို၏။ 


အဆိုပါအစည်းအဝေးတွင် အင်ဒို – ပစိဖိတ်ဒေသ၊ တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယမြောက်ပိုင်း လာဒက်ဒေသအရှေ့ပိုင်းရှိ နှစ်နိုင်ငံ အမှန်တကယ်ထိန်းချုပ်မျဉ်း (LOC) တို့၌ တရုတ်၏ ရန်လိုသော အပြုအမူများ အကြောင်းကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 


ကွဒ်အုပ်စုနိုင်ငံများသည် အဆိုပါကိစ္စ၌ ကာလကြာမြင့်စွာ အိပ်ပျော်ခဲ့သည်ကို လက်ခံကြကြောင်း၊ ဆယ်စုနှစ်များအတွင်း အနောက်အုပ်စုနိုင်ငံများသည် တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့အား ကျော်တက်သွားသည်ကို ခွင့်ပြုမိလျှက်သား ဖြစ်ခဲ့ရကြောင်း၊ တရုတ်တို့နှင့်အတူ အသိဉာဏ်ဆိုင်ရာမူပိုင်ခွင့်များနှင့် သန်းနှင့်ချီသော အလုပ်အကိုင်များ ခိုးယူခြင်းခံခဲ့ရကြောင်း 


ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံများအပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ လတ်တလော ခြိမ်းခြောက်မှုများကို မှန်ကန်စွာ ခုခံမှု ပြုလုပ်ရာတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မည့် မူဝါဒရှိရမည်ဖြစ်ကြောင်း၊ ထိုအတွက် အမေရိကန်နိုင်ငံအား မဟာမိတ်အဖြစ် လုံးဝလိုအပ်ကြောင်း၊ ကွဒ်အုပ်စုနိုင်ငံများ၏ စိုးရိမ်ပူပန်မှုနှင့် တရုတ်အနေဖြင့် ၎င်း၏ မကောင်းသောလုပ်ရပ်များကို ပြုပြင်ရန်လိုအပ်သည်ကို အလေးအနက်ပြသရမည် ဖြစ်ကြောင်း၊ အင်ဒိုပစိဖိတ်ဒေသ၌ အိန္ဒိယသည် အမေရိကန်၊ ဂျပန်၊ သြစတေးလျတို့နှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်ဟု သတင်း၌ ဆက်လက် ဖော်ပြသည်။ 


#အိန္ဒိယအရှေ့မြောက်လာဒက်ဒေသ #တရုတ်_အိန္ဒိယနယ်စပ်အမှန်တကယ်ထိန်းချုပ်မျဉ်း #ကွဒ်အုပ်စုနိုင်ငံများ 


((( NDTV., October 10, 2020 ,” “China Has Deployed 60,000 Soldiers On India’s Northern Border”: Mike Pompeo.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆို သည်။ ))) 

0

Leave a Reply

Your email address will not be published.