အိန္ဒိယဝန်ကြီးချုပ်တက်ရောက်သည့် နှစ်-၅၀ ပြည့် ဘင်္ဂလားဒေရှ့်လွတ်လပ်ရေးနေ့တွင် အကြမ်းဖက်အဓိကရုန်းများဖြစ်ပွား။ မိုဒီ၏ခရီးစဉ်အား ကန့်ကွက်ကြရန် ဘာသာရေးအစွန်းရောက်အုပ်စုတို့ လှုံ့ ဆော်။ အဓိကရုန်းများတွင် ၅-ဦးထက်မနည်း သေဆုံး။ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ နိုင်ငံအဝှန်းဖြန့်ချ။


#အိန္ဒိယနိုင်ငံဝန်ကြီးချုပ်_နာရင်ဒြာမိုဒီက #ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏_နှစ် ၅၀-ပြည့်_လွတ်လပ်ရေးနေ့အခန်းအနားသို့ တက်ရောက်ရန် ဒါကာ၌ ရောက်ရှိနေစဉ် အထွေထွေသပိတ်ဆင်နွှဲကြရန် #ဟိုင်ဖေ့ဇတ်အီးအစ္စလာမ် ခေါ် ဘင်္ဂလားဒေ့ရှ် ဘာသာရေးအစွန်းရောက်တို့က လှုံဆော်လျှက်ရှိသည်။ ထိုစဉ်အတွင်း ရှိတ်ဟာစီနာအစိုးရက နိုင်ငံအနှံ့အပြား၌ နယ်ခြားစောင့်တပ်ဖွဲ့များ ဖြန့်ချထားလိုက်သည်ဟု bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ ရေးသားသည်။…  
ပါကစ္စတန်နိုင်ငံမှ ခွဲထွက်၍ သီးခြားနိုင်ငံထူထောင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေး နှစ်ပတ်လည်နေ့တွင် ဟိုင်ဖေ့ဇတ်အဖွဲ့ဝင် ထောင်ပေါင်းများစွာတို့က သောကြာနေ့ ဝတ်ပြုဆုတောင်းအပြီး၌ စစ်တကောင်းမြို့ရှိ အစိုးရအဆောက်အအုံများနှင့် ရဲစခန်းတို့ အား စီးနင်းတိုက်ခိုက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန့်ရင်းဆန်ခတ် ဖြစ်ပွားရာတွင် လူ ၅-ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။…  
ဟိုင်ဖေ့ဇတ်အုပ်စုမှ မာဒရာဆာ_ဘာသာရေးကျောင်းသားအုပ်စုသည် ဒါကာအရှေ့ဘက် ဘရာမင်ဘာရီးယားတစ်မြို့လုံး၌ သောင်းကျန်းခဲ့ရာကြရာ မီးရထားဘူတာရုံနှင့် အဆောက်အအုံတို့ကို မီးတင်ရှို့ခြင်း၊ ရမ်းကားဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။…  
စစ်တကောင်း မြောက်ဖက် ဟတ်ဇာသာမြို့တွင်မူ ဆူပူသောင်းကျန်းသူများသည် ရဲစခန်းအား အကြောင်းမဲ့ ရမ်းကားတိုက်ခိုက်ခဲ့ကြပြီး၊ ယူနီယံအစိုးရရုံးအဆောက်အအုံနှင့် ကော်မရှင်နာမော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးငြိမ်းသတ်ရန် ရောက်ရှိလာသည့် မီးသတ်ယာဉ်များအား ဝင်ရောက်ခွင့် မပြုပဲ စစ်တကောင်း-ချာဂရာချာရီ လမ်းမကြီးကို ညနေ ၅-နာရီခွဲအထိ ပိတ်ဆို့ထားခဲ့ကြကြောင်း၊ ဒဏ်ရာရရှိသူ ၅-ဦးလုံးမှာ သေနတ်ထိမှန်ခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ဟု အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ရဲတပ်ဖွဲ့၏ ဖြိုခွင်းခြင်းကြောင့် သေဆုံးသူ ၄-ဦးတွင် ၃-ဦးမှာ မာဒရာဆာ ဘာသာရေးကျောင်းသားများဖြစ်ပြီး ကျန်တစ်ဦး မှာ ၎င်းတို့နှင့် အပေါင်းပါ စက်ချုပ်သူဖြစ်ကြောင်း ဟတ်သာဇာ မြို့နယ်ရဲတပ်ဖွဲ့က ပြောဆိုသည်။
..
အိန္ဒိယတွင် မွတ်စလင်များအပေါ်ဖိနှိပ်သည့် ဝန်ကြီးချုပ်မိုဒီ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အား ဆန့်ကျင်သည့် သဘောထားတင်းမာသူများသည် ဒါကာမြို့တော်၌ #ဘိုင်တူလ်မူကာရမ်အမျိုးသားဗလီအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်တို့ အဓိကရုန်းဖြစ်ပြီး ဂျာနယ်လစ်များအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။…  
ပြည်ထဲရေးဝန်ကြီးဌာန၏အမိန့်အရ ခရိုင်အတော်များများတွင်တပ်ဖွဲ့ဝင်များကို ဖြန့်ချထားခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်မှ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ဖေဇာရာမန်က အတည်ပြုသည်။…   
ဟိုင်ဖေ့ဇတ်သည် မာဒရာဆာဘာသာရေးကျောင်းသားများ၊ ဆရာများအား စုစည်းလျှက် #ကော်မီ အမည်ဖြင့် ၂၀၁၀ ခုနှစ်၌ စတင်ပေါ်ထွန်းလာခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၁-ခုနှစ် လွတ်လပ်ရေးစစ်ပွဲကာလ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများအား တရားစွဲရန် ၂၀၁၃-ခုနှစ်တွင် ရှိတ်ဟာစီနာအစိုးရက ဖွဲ့စည်းပေးသည့် ဂါနာဂျာဂန်ရန် ကော်မတီအား ဆန့်ကျင်မှ လူသိများလာခဲ့သည်။…   
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အမျိုးသမီးများဆိုင်ရာမူဝါဒအား ကန့်ကွက်သည့်အနေဖြင့် ၂၀၁၃-ခုနှစ် မေလ ၅-ရက်နေ့တွင် ဒါကာမြို့၌ ဟီဖာဇတ်အဖွဲ့ဝင်များက ရှာပလာချာတာ အဆောက်အအုံအား စီးနင်း၍ ရမ်းကားဖျက်ဆီးခဲ့ဖူးသည်။

ဆော်ဒီအာရေးဗီးယားထံမှ ငွေကြေးအထောက်အပံ့ရရှိသည်ဟု Economis ( 7 Dec 2017 ) တွင် ဖော်ပြခြင်းခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဟိုင်ဖေ့ဇတ်အဖွဲ့သည် ဂျမတ်အီးအစ္စလာမ်မီပါတီ၏ အစီအစဉ်များအတိုင်း လှုပ်ရှားနေသည်ဟု ရှိတ်ဟာစီနာ၏ အဝါမီလိဂ်အစိုးရက ယူဆသည်။

၁၉၄၁-ခုနှစ်တည်းက တည်ရှိခဲ့သည့် #ဂျမတ်အီးအစ္စလာမ်မီပါတီသည် ပါကစ္စတန်မှ ခွဲထွက်၍ သီးခြားနိုင်ငံထူထောင်သည့် ဘင်္ဂလားမျိုးချစ်များ၏ လွတ်လပ်ရေးစစ်ပွဲကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ဖူးသည်။ ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအား အစ္စလာမ်ရှရီယာဥပဒေနှင့်အညီဖြစ်စေလိုသူ ဂျမတ်အီးအစ္စလာမ်မီပါတီသည် ၁၉၇၁-ခုနှစ် တော်လှန်ရေးကာလ၌ ပါကစ္စတန်စစ်သားများ၏ စစ်ရာဇဝတ်မှုနှင့် ဂျီနိုဆိုက်ရာတွင် အားပေးကူညီခဲ့သူများ ပါဝင်လျှက်ရှိကြောင်း သံသယရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ဖွဲ့စည်းသည့် နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဂျမတ်အီးခေါင်းဆောင်အချို့အား ကြိုးပေးကွတ်မျက်ခဲ့သည်။ ၁-ရက် သြဂုတ် ၂၀၁၃-ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်တရားလွှတ်တော်ချုပ်က ဂျမတ်အီးအစ္စလာမ်မီပါတီအား မတရားသင်းအဖြစ် ကြေညာဖျက်သိမ်းခဲ့သည်။
….
(((ဒါကာအခြေစိုက် Dhaka Tribune.,Bdnrws24&The Daily Stars တို့မှ အကြောင်းအရာတူ သတင်းများကို #HtayOung, #OungMarine ပေါင်းစု၍ ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အိန္ဒိယဝန်ကြီးချုပ်မိုဒီအလည်အပတ်ရောက်ရှိနေစဉ်_ဘင်္ဂလားဒေ့ရှ်၌ကန့်ကွက်ဆန္ဒပြရာမှ_အကြမ်းဖက်မှုဖြစ်

https://bdnews24.com/bangladesh/2021/03/27/bangladesh-deploys-border-guards-after-extremists-run-riot-on-50th-independence-day.
https://bdnews24.com/bangladesh/2021/03/26/four-killed-in-clashes-after-hifazat-mayhem-in-chattogram-police
https://bdnews24.com/bangladesh/2013/04/04/hifazat-chief-implementing-jamaat-agenda
https://www.economist.com/asia/2017/12/07/the-battle-between-bangladeshs-two-begums-is-over
https://edition.cnn.com/2013/08/01/world/asia/bangladesh-islamist-verdict 

0

Leave a Reply

Your email address will not be published.