အိန္ဒိယ၏ ပထမဆုံး COVID-19 လူနာ ဝူဟန်ပြန် ဆေးကျောင်းသူတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထပ်မံကူးစက်ခံရကြောင်း တွေ့ရှိ။ ကူးစက်လှိုင်းသစ်ကျရောက်နိုင်သဖြင့် ထိရောက်သည့် ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်ရာတွင် ဒေလီနှင့် မြို့ကြီးများ၌ ဆေးဝါးပြတ်လပ်နေ


တရုတ်နိုင်ငံ ဝူဟန်မြို့တွင် နေထိုင်ခဲ့ဖူးပြီး အိန္ဒိယ၏ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် လူနာဖြစ်ခဲ့ဖူးသည့် ကျောင်းသူတစ်ဦးတွင် COVID-19 ရောဂါကူးစက်လျှက်ရှိကြောင်း ဒုတိယအကြိမ် ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက ဇူလိုင် ၁၄-ရက်နေ့တွင် ပြောဆိုသည်ဟု Channel New Asia က ယမန်နေ့ရေးသားသည်။

…  
အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်တွင် နေထိုင်သည့် အသက် ၂၁-နှစ်အရွယ် အဆိုပါကျောင်းသူအမျိုးသမီးမှာ နယူးဒေလီသို့ သွားရောက်စဉ်အတွင်း ပုံမှန်ဆေးစစ်မှု ခံယူရာ၌ ဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိသည်ကို ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများ ပြသခြင်း မရှိသည့်အတွက် ၎င်း၏ နေအိမ်၌ သီးခြားခွဲထုတ်နေထိုင်စေလျှက် ကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်အပြတ် ရှိနေခဲ့ကြောင်း ခရိုင်ကျန်းမာရေးအရာရှိက အတည်ပြုသည်။

…  
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဗိုင်းရပ်စ်ပိုး ပထမဆုံး စတင်တွေ့ရှိပြီးနောက် ၂၀၂၀-ပြည့်နှစ် ဇန်နဝါရီလတွင် နယူးဒေလီအစိုးရက ပညာတော်သင်အဖြစ် စေလွှတ်ခဲ့သည့် အိန္ဒိယဆေးကျောင်းသား/ကျောင်းသူများအနက် အဆိုပါ အမျိုးသမီးမှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ထိုနောက်ပိုင်းတွင် ၎င်းမှာ သာမန်ရောဂါလက္ခဏာများပြသပြီး ဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အိန္ဒိယနိုင်ငံ၏ ပထမဆုံး COVID-19 လူနာဖြစ်လာခဲ့သည်။

…     
အိန္ဒိယနိုင်ငံတွင် ကူးစက်ကပ်ရောဂါကျရောက်စဉ် ဗိုင်းရပ်စ်ပိုး စွဲကပ်ခြင်းခံရသူ လူပေါင်း ၃၁ သန်းနီးပါး ရှိနေပြီး လူ ၄၁၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဧပြီနှင့် မေလတို့တွင် ကူးစက်မှူလှိုင်းသစ်ရိုက်ခတ်ခြင်းကြောင့် လူအမြောက်အများတို့မှာ ဖျားနာ-သေဆုံးခဲ့ကြရသည်။

…   
ရက်သတ္တပတ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ၌ ကူးစက်မှုလှိုင်းသစ်တစ်ခု ကျရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ပြီး ထိရောက်သည့် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အာဏာပိုင်တို့က ကြိုးစားခဲ့ကြရာ၌ ကာကွယ်ဆေးပြတ်လပ်မှုက အတားအဆီးသဖွယ် ဖြစ်လျှက်ရှိနေသည်။

…  
အိန္ဒိယနိုင်ငံအတွင်းနေ အရွယ်ရောက်သူအားလုံးကို ယခုနှစ်အကုန်၌ ကာကွယ်ဆေးထိုးနှံပြီးဖြစ်စေရန် နယူးဒေလီအစိုးရက ရည်မှန်းထားသော်လည်း ဒေလီကဲ့သို့ ပြည်နယ်မြို့ကြီး အတော်များများတွင် ကာကွယ်ဆေးများ ကုန်ခမ်းသွားသည်ဆိုခြင်းက အစီအစဉ်အား ကျဆုံးစေခဲ့သည်။

…  
အစိုးရ၏ ကာကွယ်ဆေးထိုးနှံရန်ကြိုးပမ်းမှု အစီအစဉ်သစ်အရ ဇွန်လ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် ဆေးကြိမ်ရေပမာဏ ၉-သန်းကျော်ကို ထိုးနှံပေးခဲ့သော်လည်း ရက်အနည်းငယ်အတွင်း ထိုးနှံပေးမှု မှာ ၃-သန်း အောက်အထိ ကျဆင်းသွားသည်။

…   
အိန္ဒိယနိုင်ငံတွင် လူပေါင်း သန်း- ၃၉၀ သန်းနီးပါးကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သော်လည်း ၎င်းတွင် ကာကွယ်ဆေး ၂-ကြိမ် ထိုးနှံပြီးသူမှာ နိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းအောက်နှင့် ၁-ကြိမ်ထိုးနှံပြီးသူ ၂၃ ရာခိုင်နှုန်ခန့်းသာ ဖြစ်နေသည်။

…  
ကီရာလာနေ ဆေးကျောင်းသူမှာ ကာကွယ်ဆေး ထိုးနှံရခြင်း မရှိသေးချေ။ ၎င်း ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံတွင် အတည်ပြုသည့် ကာကွယ်ဆေးဗားရှင်းမျိုးကို ရရှိရန် စောင့်ဆိုင်းနေရသောကြောင့် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါလှိုင်းက အပြင်းထန်ဆုံး ရိုက်ခတ်ခဲ့သည့် ပြည်နယ်များတွင် ကီရာလာမှာ အပါအဝင် ဖြစ်ပြီး အိန္ဒိယတစ်နိုင်ငံလုံးဖြစ်ပွားမှု၏ သုံးပုံတစ်ပုံကျော်ရှိသည်။

…  
ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယနိုင်ငံ၌ ၂၄-နာရီအတွင်း ကူးစက်မှု  ၄၃,၀၀၀ ခန့် ထပ်မံတွေ့ရှိခဲ့ရာ ၁၄,၅၀၀ မှာ ကီရာလာမှ ဖြစ်နေသည်။ ထိုအတွက် ကူးစက်ပျံ့နှံ့မှု တားဆီးရန် တနင်္ဂနေ့မှစတင်ကာ ရက်သတ္တပတ်ကြာ Lockdown ချမှတ်မည်ဖြစ်သည်။

(( COVID-19 သည် ကပ်ရောဂါဖြစ်ကြောင်း WHO က ကြေညာထားပြီးဖြစ်သည်။ ဗိုင်းရပ်စ်သက်ဆိုးရှည်လေ ဗီဇပြောင်းမျိုးကွဲ၍ ရှုတ်ထွေးပြီး ဆေးရှာရခက်လေဖြစ်၍ ရသမျှကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံကြရန် ဆော်သြလျှက်ရှိသည်။

…  
ကမ္ဘာ့လူသား ၄-သန်းခန့်ကို အသေသတ်ခဲ့ပြီး သန်း ၁၄၀ ကို ဖျားနာစေခဲ့သည် SARS-CoV-2 ဗိုင်းရပ်စ်သည် အနီ၊ အစိမ်း၊ အဝါ၊ အပြာဟူ၍ မသိပါ။ စာနာထောက်ထားရန် စိတ်ဝိဉာဉ်ရှိသော သတ္တဝါလည်း မဟုတ်ပါ။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူ ကျား-မ အသက်မရွယ်မရွေးတို့အားလုံးကို ကူးစက်မည်ဖြစ်ပြီး ဖျားနာ၍ အလုပ်အကိုင်ပျက်ယွင်းရခြင်းမှ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။

#ကာကွယ်ဆေး_အမြန်ဆုံး_ထိုးနှံကြပါ။ #Mask_ဝတ်ဆင်ပါ၊ #လက်ဆေးပါ #လူစုလူဝေးရှောင်ရှားပါ #လူချင်းနီးကပ်မှုကန့်သတ်ပါ #အိပ်ရေး၀၀အိပ်၍_ကိုယ်ခံအားပြည့်နေစေရန်ဂရုစိုက်ပါ #ကျန်းမာရေးဋ္ဌာန၏_ညွှန်ကြားချက်များကို_လိုက်နာပါ ။ ။ သတင်းဘာသာပြန်သူ))

#အိန္ဒိယ၏ပထမဆုံးကိုဗစ်လူနာ_ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို_ဒုတိယအကြိမ်တွေ့ရှိ

(((Channel News Asia., 14 Jul 2021,” Coronavirus strikes twice for India’s first COVID-19 patient.” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.channelnewsasia.com/news/asia/covid-19-strikes-twice-for-indias-first-coronavirus-patient-15220004
https://www.scmp.com/week-asia/health-environment/article/3140979/coronavirus-thai-doctors-want-pfizer-vaccines-amid 

Leave a Reply

Your email address will not be published.