အိန္ဒိယနိုင်ငံသားဥပဒေကို မုသားနှင့်ကောလဟလတို့ဖြင့် ပုံကြီးချဲ့လျှက်ရှိဟု ဒေလီလူထုအစည်းအဝေးတွင် မိုဒီ မိန့်ခွန်းပြောကြား။ CAA ကို မွတ်စလင်များကြောက်လန့်အောင် သတင်းမှားဖြင့် အတိုက်အခံနိုင်ငံရေးသမားတို့ သွေးထိုးလှုံဆော်နေဟု မိုဒီရှုတ်ချ။ CAA ထောက်ခံ-ကန့်ကွက် ကွဲလွဲနေ

သတင်းမှားများမှာ လက်ရှိဖြစ်ပွားနေသော အိန္ဒိယနိုင်ငံသားဥပဒေသစ်ကန့်ကွက်ပွဲများကို မငြိမ်မသက်ဖြစ်စေရန် မီးလောင်ရာလေပင့်လျှက်ရှိကြောင်း ဒေလီမြို့တွင်ပြုလုပ်သည့် လူထုအစည်းအဝေး၌ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားသည်ဟု Russia Today က ယနေ့ရေးသားသည်။

တနင်္ဂနွေနေ့ ဒေလီမြို့ မိုဒီ၏ ဘာရတ်တီယာဂျနာတာပါတီ လူထုအစည်းအဝေးသို့ ပါတီထောက်ခံသူ သိန်းချီတက်ရောက်ကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက် CAA နှင့်ပတ်သက်၍ နိုင်ငံရေးပါတီတို့က ကောလဟလများဖြင့် သွေးထိုးလှုံ့ဆော် ဖြန့်ဝေလျှက်ရှိကြောင်း၊ ပြိုင်ဘက်နိုင်ငံရေးသမားတို့သည် CAA အရ မွတ်စလင်အားလုံး ခိုးဝင်ထိန်းသိမ်းရေးစခန်းများသို့ အပို့ခံရလိမ့်မည်ဟု ခြောက်လှန့်လျှက်ရှိကြောင်း၊ “ ခင်ဗျားတို့ပညာတတ်တွေပါ၊ ပညာဉာဏ်ကို အသုံးချဈေင်ပါတယ်၊ CAA မှာ အဲဒီလိုရေးထားတာ ဘယ်နေရာမှ မပါဖူးဆိုတာ ကိုယ်တိုင် ဖတ်ကြစေချင်ပါတယ် “ ဟု မိုဒီက ပြောဆိုသည်။

CAA အက်ဥပဒေသည် အိမ်နီးချင်း၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒက်ရှ်တို့မှ ဖိနှိပ်ရက်စက်ခြင်းခံစားနေရသည့် မွတ်စလင်မဟုတ်သော အခြားဘာသာဝင်လူနည်းစုတို့ကို အလွယ်တကူ နိုင်ငံသားပြုခွင့်ပေးအပ်ခြင်းဖြင့် အကာအကွယ်ပေးရန်သာဖြစ်သည်ဟု မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP အစိုးရက အခိုင်အမာပြောဆိုသည်။

“ ကွဲပြားခြားနားမှု့များဖြင့် ညီညွတ်ခြင်းသည် အိန္ဒိယ၏ ထူးခြားသော ဝိသေသလက္ခဏာဖြစ်သည် “ ဟု အစချီလျှက် မိုဒီက သူ၏ မိန့်ခွန်းကို ပြောကြားရာ၌ ဘာသာလူမျိုးခြားနားမှု့ကို အလေးအနက်မထားသော အိန္ဒိယတွင် ဟိန္ဒူ၊ မွတ်စလင်၊ ဆစ်ခ်၊ ခရစ်ယာန်တိုင်းတို့အတွက် ညီမျှစွာ အကျိုးခံစားခွင့် ရှိကြောင်း ပါရှိသည်။

နိုင်ငံအဝှမ်း မငြိမ်မသက်မှု့များ လတ်တလော ဖြစ်ပွားနေဆဲ အိန္ဒိယ၌ ဝန်ကြီးချုပ်မိုဒီ၏ လူထုအစည်းအဝေးတွင် ကြားဖြတ် ဒရုန်းချေမှုန်းရေးတပ်ဖွဲ့များအပါအဝင် ရဲတပ်ဖွဲ့ဝင် တစ်ထောင်ခန့်ချထားသည်ကို တွေ့ရှိရကြောင်း ဒေသန္တရ သတင်းစာများ၌ ဖော်ပြသည်။

ဒီဇင်ဘာ ၁၁-ရက်နေ့ အိန္ဒိယပါလီမန်က CAA အက်ဥပဒေကို အတည်ပြုပြီးချိန်မှ စတင်ကာ ဖြစ်ပွားခဲ့သော ကန့်ကွက်ဆန္ဒပြပွဲများသည် နိုင်ငံတစ်ဝှမ်းမြို့ကြီးများတွင် ယခုတိုင် ပြီးဆုံးသည်ကိုမတွေ့ရသေးပဲ လူပေါင်း ၂၃-ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

( အိန္ဒိယနိုင်ငံအဝှမ်း မြို့ကြီးများ၌ ပြန့်နှံ့လျှက်ရှိသော CAA ဆန္ဒပြပွဲများတွင် ကန့်ကွက်သူလည်း ရှိ- ထောက်ခံသူလည်း ရှိကြောင်း တွေ့ရှိရပါသည်။

အဓိကရုန်းများမှာ မွတ်စလင်အများစု ပြည်နယ်များ၌ဖြစ်ပွားသည်။ အတိုက်အခံပါတီဝင်များ၊ အတိုက်အခံထောက်ခံသူ ဟိန္ဒူနှင့် ဘာသာရေးခေါင်းဆောင်များလည်း CAA ကန့်ကွက်ဆန္ဒပြရာ၌ ပါဝင်သည်။

ဟိန္ဒူ-မွတ်စလင် ပဋိပက္ခသည် အိန္ဒိယအတွက် ကိုလိုနီတံပိုးအောက်မှ လွတ်မြောက်ခြင်းနှင့်အတူ အမွေရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၄၇ – ခုနှစ်မှ စကာ အိမ်နီးချင်း ပါကစ္စတန်နှင့် အတိအလင်း စစ်ပွဲ ၃-ကြိမ်၊ ပဋိပက္ခ ၂-ကြိမ်၊ လက်နက်ကိုင် ထိပ်တိုက် ရန်စောင်မှု့ ၄-ကြိမ်ဖြစ်ပွားခဲ့သည်။ ဆော်ဒီ-ပါကစ္စတန်-အင်ဒိုနီးရှားစသည့် မွတ်စလင်အများစု နိုင်ငံများအပါအဝင် ကမ္ဘ္ဘာ့နိုင်ငံအသီးသီးတို့၌ အစ္စလာမ်မစ် အစွန်းရောက်တို့က တစ်နေ့လျှင် ပျမ်းမျှ ၅-ကြိမ်နှုန်းဖြင့် အကြမ်းဖက်တိုက်ခိုက်လျှက်ရှိသည်ဟုပင် ဆိုကြသည်။

၁၉၈၀-ခုနှစ်နောက်ပိုင်း အိန္ဒိယတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှု့ ၁၀၇-ကြိမ်ဖြစ်ပွားခဲ့ရာ အများစုမှာ ပြည်ပနှင့် ဆက်နွယ်သော အစ္စလာမ်မစ်စစ် သွေးကြွများလက်ချက်ဖြစ်သည်ဟု အိန္ဒိယထောက်လှမ်းရေးတို့က စွပ်စွဲသည်။

အိန္ဒိယပါလီမန် အသေခံဗုံးခွဲခြင်း ( ၇-ဦးသေဆုံး၊ ၂၀၀၁-ခုနှစ် ) မွန်ဘိုင်း ခရီးသည်တင်ရထား ဗုံးခွဲခံရခြင်း ( ၂၀၉-ဦးသေဆုံး၊ ၂၀၀၆-ခုနှစ်၊ ) ၂၀၀၈-ခုနှစ် တစ်နှစ်တည်း၌ပင် ဂူဂျာရတ်ပြည်နယ် အမက်ဒါဘက် ဆက်တိုက် ဗုံးပေါက်ကွဲခြင်း၊ ( ၂၃-ဦးသေဆုံး ) မွန်ဘိုင်း တပ်ချ်မဟာဟိုတယ်အပါအဝင် နေရာ ၁၂-နေရာ၌ အကြမ်းဖက်စီးနင်းခံရခြင်း ( ၁၆၆-ဦးထက်မနည်းသေဆုံး ) ဖြစ်ပွားခဲ့ရာ ပါကစ္စတန်တို့လေ့ကျင့်ပေးထားသော လက်ရှ်ခါအီး တိုင်ဘာ ခေါ် ကက်ရှ်မီးယား အစ္စလာမ်မစ်အကြမ်းဖက်များလက်ချက်ဖြစ်ကြောင်း အိန္ဒိယက အတိအလင်း စွပ်စွဲသည်။ ဗုဒ္ဓဂါယာဗုံးပေါက်ကွဲခြင်း ( ၂၀၁၃ ) ဗုံးခြိမ်းခြောက်မှု့ ( ၂၀၁၈ -ခုနှစ် ) တို့၌ ဖြစ်ပွားရာ ဘင်္ဂလားဒက်ရှ်နှင့် ထိစပ်နေသော ပြည်နယ်များမှ ဘာသာရေးအစွန်းရောက်များဖြစ်ပြီး ပါကစ္စတန်က လေ့ကျင့်ပေး သည်ဟုလည်း စွပ်စွဲကြသည်။

လေ့လာဆန်းစစ်သူများအဆိုအရ လူဦးရေပေါက်ကွဲလျှက်ရှိသော ဘင်္ဂလားဒက်ရှ်မှ အိန္ဒိယအာသံပြည်နယ် အတွင်းသို့ ဗြဟ္မပုတ္တရမြစ်ကြောင်းအတိုင်း ခိုးဝင်သူများ ယခင်ကတည်းက ရှိခဲ့သည်။ အိန္ဒိယတွင် ရာရှင်ကပ် ရရှိသူတိုင်း ဆန္ဒမဲပေးခွင့်ရှိသည်။ အာဏာရ BJP ပါတီ၏ ပြိုင်ဖက်ဖြစ်သော ကွန်ဂရက်ပါတီသည် ခိုးဝင် ဘင်္ဂါလီများအား ရာရှင်ကပ်ထုတ်ပေးလျှက် မွေးမြူထားကြောင်း စွပ်စွဲချက်ထွက်ပေါ်သည်။ အိန္ဒိယတွင် မွတ်စလင်ဘာသာဝင်ဦးရေ အလွန်အမင်းတိုးတက်လာနေသည်။ ဘာသာရေးအစွန်းရောက်တို့က တရုတ်၏မြောက်ပိုင်းခါးပတ်လမ်းတွင် မဟာဘင်္ဂလားဒေ့ရှ်ကို အခြေခံ၍ အာသံ-မဏိပူရမှ ပါကစ္စတန်အထိ ပါဝင်သော “အိန္ဒု စတန်အင်ပါယာ” ထူထောင်ချိတ်ဆက်ရန် ကြံစည်မှုများရှိခဲ့ကြောင်း၊ ထိုအားလုံးကို ဖြိုခွင်းရန် ကက်ရှိမီးယားနှင့် အာသံတွင် မိုဒီက ယခုကဲ့သို့ ကိုင်တွယ်ပုံရကြောင်း သုံးသပ်ကြသည်။

((( Russia Today., 22 Dec, 2019, “‘Lies & rumors’ being spread over citizenship bill, Modi tells huge crowd at Delhi rally.” ကို #HtayOung, #Oungmarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန် ဆိုသည်။)))

#နာရင်ဒြာမိုဒီ # အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက် #အိန္ဒိယနိုင်ငံနှင့်အကြမ်းဖက်မှု့

https://www.rt.com/news/476595-modi-rally-delhi-india-caa/

https://economictimes.indiatimes.com/news/terror-attack

https://timesofindia.indiatimes.com/india/Since-2005-terror-has-claimed-lives-of-707-Indians/articleshow/53234226.cms

https://zeenews.india.com/india/pm-narendra-modi-slams-oppositions-divisive-politics-on-caa-says-citizenship-law-not-anti-muslim-2253822.html?fbclid=IwAR2r5o57UpRvceSU5nzODW6nsIJM2ecYN_yLGdoAXOYgYvKVDDFiqrQl5Ls

#WATCH Maharashtra: A rally in support of #CitizenshipAmendmentAct organized in Nagpur by Lok Adhikar Manch,BJP, RSS and other organizations.

#WATCH Maharashtra: A rally in support of #CitizenshipAmendmentAct organized in Nagpur by Lok Adhikar Manch,BJP, RSS and other organizations.

Posted by Asian News International (ANI) on Saturday, 21 December 2019

https://www.aljazeera.com/news/2019/12/india-modi-defending-citizenship-law-protests-continue-191223075630465.html

https://www.washingtonpost.com/world/asia_pacific/narendra-modi-defends-new-citizenship-law-as-protests-rage-across-india/2019/12/22/6e14138a-24bb-11ea-a14c-412f7b9e2717_story.html

0

Leave a Reply

Your email address will not be published.