အိန္ဒိယနိုင်ငံသားဥပဒေပြဋ္ဌာန်းပြီးနောက် မြို့တော် နယူးဒေလီတွင် အစ္စလာမ်တက္ကသိုလ် ကျောင်းသားများနှင့် အဓိကရုန်းဖြစ်ပွား၊ အာသံပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမည့် ဂျပန်ဝန်ကြီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ် ဖျက်သိမ်းရ

လွန်ခဲ့သည့် သောကြာနေ့ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံသားဥပဒေအား ကန့်ကွက်ဆန္ဒပြသည့် အစ္စလာမ်တက္ကသိုလ်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အကြမ်းဖက်ရုန့်ရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယနေ့ရေးသားသည်။

ဥပဒေသစ်ပြဋ္ဌာန်းခြင်းဖြင့် ဘာသာရေးခွဲခြားမှု့မရှိသော အိန္ဒိယ၏ လူမှု့အခြေခံတည်ရှိမှုကို လျှော့ပါးစေသည်ဟု ဖော်ပြလျှက် ဂျမီးယားမီလီယာအစ္စလာမ်မီးယားတက္ကသိုလ်ကျောင်းသားများက ကန့်ကွက်ဆန္ဒပြလျှက်ရှိသည်။ မြို့တော်အချက်အချာနေရာတွင် မငြိမ်မသက်မှုများဖြစ်ပေါ်လျှက်ရှိခြင်းကြောင်း တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဂျပန်ဝန်ကြီးချုပ် အာဘေး၏ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည်ဆို၏။

အသစ်ပြဋ္ဌာန်းသည့် နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက် ဥပဒေကြမ်း CAB အရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပြုခွင့် ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့် ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင် စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။

နိုင်ငံသားဥပဒေသစ်သည် ဘာသာလူမျိုး ခွဲခြားခြင်းမရှိသည့် အိန္ဒိယ၏ လူနေမှု့စံနစ်အား ပြက်ရယ်ပြုလျှက်ရှိသည်ဟု အစ္စလာမ်မီးယားတက္ကသိုလ်ကျောင်းသားများက ကန့်ကွက်သောအားဖြင့် စုဝေးချီတက်ခဲ့ကြသည်။ ဂျမီးယားတက္ကသိုလ်မှ အိန္ဒိယပါလီမန်ရုံးသို့ သွားရာလမ်းများအား ရဲတပ်ဖွဲ့ဝင်များက အရံအတားများဖြင့် ကာဆီးပိတ်ဆို့ထားသည့်အတွက် ကျောင်းသားများက ဖိနပ်၊ အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ကြသည်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ပြီး ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာတွင် နံပါတ်ဒုတ်နှင့် ရိုက်နှက်ခြင်းကြောင့် လူ ၁၀၀ ကျော် ဒါဏ်ရာရရှိ၍ ကျောင်းသား ၅၀ ခန့်ဖမ်းဆီးခံရသည်ဆို၏။

နာရင်ဒြာမိုဒီအစိုးရသည် “ ဟိန္ဒူ ဦးစားပေး မူဝါဒ “ ကို ကျင့်သုံးလျှက်ရှိပြီး နိုင်ငံသားပြုခွင့်ဥပဒေတွင် မွတ်စလင်ဘာသာဝင်များကို ချန်လှပ်ထားခြင်းမှာ အိန္ဒိယရှိ မွတ်စလင် သန်း ၁၇၀ တို့အား မျက်ကွယ်ပြု ဘက်လိုက်သည်ဟု စွပ်စွဲခြင်းခံရသည်။ မိုဒီ၏ ဘာရတ်တီယာဂျာနတာပါတီ BJP ကမူ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး နိုင်ငံသားဥပဒေသစ်မှာ အိမ်နီးချင်း မွတ်စလင် ၃-နိုင်ငံမှ ခွဲခြားဆက်ဆံခြင်းခံရသော လူနည်းစုများအား ကူညီရာရောက်ကြောင်းဆင်ခြေပေးခဲ့သည်။

ဂျပန်နိုင်ငံသည် လတ်တလောနှစ်များတွင် အိန္ဒိယအာသံပြည်နယ်၌ စီးပွားရေး အခြေခံအဆောက်အအုံများ တိုးမြှင့်တည်ဆောက်လျှက်ရှိကြောင်း၊ အာသံပြည်နယ်၌လည်း နိုင်ငံသားဥပဒေသစ်ပြဋ္ဌာန်းခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရာမှ အဓိကရုန်းများဖြစ်ပွားလျှက်ရှိကြာင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

((( Bdnews24., 14 Dec 2019, “Clashes erupt in Delhi over citizenship law; Japan PM cancels visit.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/world/south-asia/2019/12/13/clashes-erupt-in-delhi-over-citizenship-law-japan-pm-cancels-visit

#နယူးဒေလီအဓိကရုန်း #ဂျပန်ဝန်ကြီးချုပ်အိန္ဒိယချစ်ကြည်ရေးခရီးစဉ် #အိန္ဒိယဂျမီးယားမီလီယာအစ္စလာမ်မီးယားတက္ကသိုလ်

0

Leave a Reply

Your email address will not be published.